ဒူးဒဏ်ရာကြောင့် အနည်းဆုံး ၆ ပတ်ကြာ အနားယူရမဲ့ စပါးစ်အသင်းခေါင်းဆောင်လိုရစ်

စပါးစ်ဂိုးသမားနှင့်အသင်းခေါင်းဆောင်ဟူဂိုလိုရစ်ဟာဒူးဒဏ်ရာကြောင့် အနည်းဆုံးခြောက်ပတ်မှရှစ်ပတ်အထိအနားယူရမည်ဖြစ်ကြောင်းသိရပါတယ်။

အသက်၃၆နှစ်ရှိပြင်သစ်လက်ရွေးစင်ဂိုးသမားဟောင်းဟာပြီးခဲ့တဲ့တနင်္ဂနွေနေ့တုန်းကလက်ရှိချန်ပီယံမန်စီးတီးကို၁-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲစဉ်တွင်ဒူးအရွတ်ဒဏ်ရာရရှိခဲ့တာလည်းဖြစ်ပါတယ်။

ဒါကြောင့်လည်းစပါးစ်နည်းပြအန်တိုနီယိုကွန်တီဟာဟူဂိုလိုရစ်ရဲ့အရန်ဂိုးသမားဖရေဆာဖော်စတာကိုအားကိုးအသုံးပြုလာရတော့မှာဖြစ်ပါတယ်။

စပါးစ်အသင်းတွင်အကယ်ဒမီကစားသမားများအဖြစ်ဘရန်ဒွန်အော်စတင်နှင့်အယ်ဖီးဝှိုက်မင်းတို့ရှိပေမဲ့ ၎င်းတို့ကစီနီယာအတွေ့အကြုံလုံးဝမရှိကြပါဘူး။

စပါးစ်ဟာပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့်၅နေရာမှာရပ်တည်နေပြီးလာမယ့်ရာသီချန်ပီယံလိဂ်ဝင်ခွင့်ရရှိရေးတိုက်ပွဲဝင်နေပါတယ်။

၎င်းတို့ဟာလာမယ့်စနေနေ့မှာလက်စတာနှင့်ပရီးမီးယားလိဂ်တွင်ရင်ဆိုင်တွေ့ပြီးနောက်အင်္ဂါနေ့တွင်အေစီမီလန်နှင့်ချန်ပီယံလိဂ်၁၆သင်းရှုံးထွက်အဆင့်ပထမအကျော့ပွဲစဉ်အဖြစ်ရင်ဆိုင်ကစားရပါမယ်။

ဖော်စတာဟာပြီးခဲ့တဲ့နှစ်နွေရာသီတုန်းကစပါးစ်သို့အလွတ်ပြောင်းရွှေ့ကြေးဖြင့်ပြောင်းလာပြီးနောက်စပါးစ်အတွက်ပရီးမီးယားလိဂ်ပွဲတစ်ပွဲတည်းသာကစားခွင့်ရထားသူဖြစ်ပြီးဘရန့်ဖိုဒ်နှင့်နှစ်ဂိုးစီသရေကျခဲ့ပါတယ်။

ZawGyi

ဒူးဒဏ္ရာေၾကာင့္ အနည္းဆုံး ၆ ပတ္ၾကာ အနားယူရမဲ့ စပါးစ္အသင္းေခါင္းေဆာင္လိုရစ္

စပါးစ္ဂိုးသမားႏွင့္အသင္းေခါင္းေဆာင္ဟူဂိုလိုရစ္ဟာဒူးဒဏ္ရာေၾကာင့္ အနည္းဆုံးေျခာက္ပတ္မွရွစ္ပတ္အထိအနားယူရမည္ျဖစ္ေၾကာင္းသိရပါတယ္။

အသက္၃၆ႏွစ္ရွိျပင္သစ္လက္ေ႐ြးစင္ဂိုးသမားေဟာင္းဟာၿပီးခဲ့တဲ့တနဂၤေႏြေန႔တုန္းကလက္ရွိခ်န္ပီယံမန္စီးတီးကို၁-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲစဥ္တြင္ဒူးအ႐ြတ္ဒဏ္ရာရရွိခဲ့တာလည္းျဖစ္ပါတယ္။

ဒါေၾကာင့္လည္းစပါးစ္နည္းျပအန္တိုနီယိုကြန္တီဟာဟူဂိုလိုရစ္ရဲ႕အရန္ဂိုးသမားဖေရဆာေဖာ္စတာကိုအားကိုးအသုံးျပဳလာရေတာ့မွာျဖစ္ပါတယ္။

စပါးစ္အသင္းတြင္အကယ္ဒမီကစားသမားမ်ားအျဖစ္ဘရန္ဒြန္ေအာ္စတင္ႏွင့္အယ္ဖီးဝႈိက္မင္းတို႔ရွိေပမဲ့ ၎တို႔ကစီနီယာအေတြ႕အႀကဳံလုံးဝမရွိၾကပါဘူး။

စပါးစ္ဟာပရီးမီးယားလိဂ္အမွတ္ေပးဇယားအဆင့္၅ေနရာမွာရပ္တည္ေနၿပီးလာမယ့္ရာသီခ်န္ပီယံလိဂ္ဝင္ခြင့္ရရွိေရးတိုက္ပြဲဝင္ေနပါတယ္။

၎တို႔ဟာလာမယ့္စေနေန႔မွာလက္စတာႏွင့္ပရီးမီးယားလိဂ္တြင္ရင္ဆိုင္ေတြ႕ၿပီးေနာက္အဂၤါေန႔တြင္ေအစီမီလန္ႏွင့္ခ်န္ပီယံလိဂ္၁၆သင္းရႈံးထြက္အဆင့္ပထမအေက်ာ့ပြဲစဥ္အျဖစ္ရင္ဆိုင္ကစားရပါမယ္။

ေဖာ္စတာဟာၿပီးခဲ့တဲ့ႏွစ္ေႏြရာသီတုန္းကစပါးစ္သို႔အလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ေျပာင္းလာၿပီးေနာက္စပါးစ္အတြက္ပရီးမီးယားလိဂ္ပြဲတစ္ပြဲတည္းသာကစားခြင့္ရထားသူျဖစ္ၿပီးဘရန႔္ဖိုဒ္ႏွင့္ႏွစ္ဂိုးစီသေရက်ခဲ့ပါတယ္။