ဒူးဒဏ်ရာကြောင့် ၂၀၂၂ခုနှစ်အထိ ဘာစီလိုနာတိုက်စစ်မှူးဘရစ်ဝေးနားရမည်

ဘာစီလိုနာကတိုက်စစ်မှူးမာတင်ဘရစ်ဝေးမှာဒူးဒဏ်ရာအားခွဲစိတ်ကုသမှုခံယူရမည်ဖြစ်ကြောင်းသိရပါတယ်။ဘာစီလိုနာဟာဒိန်းမတ်တိုက်စစ်မှူးမာတင်ဘရစ်ဝေး ဒူးဒဏ်ရာရရှိသွားမှုနဲ့အတူတိုက်စစ်ပိုင်းပြဿနာနှင့်ကြုံလာရပြီဖြစ်ပါတယ်။

ဘာစီလိုနာဟာနွေရာသီတုန်းကဂရက်ဇ်မန်းနှင့်မက်ဆီတို့ကိုလက်လွှတ်ခဲ့ပြီးအဂူရိုကိုခေါ်ယူထားသော်လည်းဒဏ်ရာရရှိကာအနားယူနေရပါတယ်။တစ်ဖက်တွင်အန်ဆူးဖာတီပြန်လည်ကောင်းမွန်လာမှုကြောင့်စိတ်သက်သာရခဲ့သော်လည်းယခုအခါဘရစ်ဝေးပါအနားယူရတော့မှာဖြစ်လို့ တိုက်စစ်အတွက်စိုးရိမ်စရာဖြစ်လာပါတယ်။

လက်ရှိအချိန်တွင်ဘာစီလိုနာအတွက်အထောင်တိုက်စစ်သမားအဖြစ်ဆီဗီလာမှအငှားဖြင့်ခေါ်ယူထားတဲ့တိုက်စစ်မှူးဒီဂျောင်တစ်ဦးတည်းသာရှိပါတော့တယ်။

ဘရစ်ဝေးဟာယခုရာသီတွင်ဘာစီလိုနာအတွက်လာလီဂါပွဲသုံးပွဲတွင်၂ဂိုးသွင်းကာ၁ကြိမ်ဖန်တီးထားသူဖြစ်ပါတယ်။

မီဒီယာများရဲ့ဖော်ပြချက်အရဘရစ်ဝေးဟာဒူးဒဏ်ရာကြောင့်လေးလအထိအနားယူရနိုင်ပြီး၂၀၂၂ခုနှစ်အစောပိုင်းတွင်မှပြန်ကစားနိုင်ဖို့ရှိကြောင်းသိရပါတယ်။

ZawGyi

ဒူးဒဏ္ရာေၾကာင့္ ၂၀၂၂ခုႏွစ္အထိ ဘာစီလိုနာတိုက္စစ္မႉးဘရစ္ေဝးနားရမည္

ဘာစီလိုနာကတိုက္စစ္မႉးမာတင္ဘရစ္ေဝးမွာဒူးဒဏ္ရာအားခြဲစိတ္ကုသမႈခံယူရမည္ျဖစ္ေၾကာင္းသိရပါတယ္။ဘာစီလိုနာဟာဒိန္းမတ္တိုက္စစ္မႉးမာတင္ဘရစ္ေဝး ဒူးဒဏ္ရာရရွိသြားမႈနဲ႔အတူတိုက္စစ္ပိုင္းျပႆနာႏွင့္ႀကဳံလာရၿပီျဖစ္ပါတယ္။

ဘာစီလိုနာဟာေႏြရာသီတုန္းကဂရက္ဇ္မန္းႏွင့္မက္ဆီတို႔ကိုလက္လႊတ္ခဲ့ၿပီးအဂူ႐ိုကိုေခၚယူထားေသာ္လည္းဒဏ္ရာရရွိကာအနားယူေနရပါတယ္။တစ္ဖက္တြင္အန္ဆူးဖာတီျပန္လည္ေကာင္းမြန္လာမႈေၾကာင့္စိတ္သက္သာရခဲ့ေသာ္လည္းယခုအခါဘရစ္ေဝးပါအနားယူရေတာ့မွာျဖစ္လို႔ တိုက္စစ္အတြက္စိုးရိမ္စရာျဖစ္လာပါတယ္။

လက္ရွိအခ်ိန္တြင္ဘာစီလိုနာအတြက္အေထာင္တိုက္စစ္သမားအျဖစ္ဆီဗီလာမွအငွားျဖင့္ေခၚယူထားတဲ့တိုက္စစ္မႉးဒီေဂ်ာင္တစ္ဦးတည္းသာရွိပါေတာ့တယ္။

ဘရစ္ေဝးဟာယခုရာသီတြင္ဘာစီလိုနာအတြက္လာလီဂါပြဲသုံးပြဲတြင္၂ဂိုးသြင္းကာ၁ႀကိမ္ဖန္တီးထားသူျဖစ္ပါတယ္။

မီဒီယာမ်ားရဲ႕ေဖာ္ျပခ်က္အရဘရစ္ေဝးဟာဒူးဒဏ္ရာေၾကာင့္ေလးလအထိအနားယူရႏိုင္ၿပီး၂၀၂၂ခုႏွစ္အေစာပိုင္းတြင္မွျပန္ကစားႏိုင္ဖို႔ရွိေၾကာင္းသိရပါတယ္။