ဒူးအရွတ်ဒဏ်ရာကြောင့် စပါးစ်ကွင်းလယ်ကစားသမားဘန်တန်ကော် ခြောက်လအထိ နားရမည်

ရိုဒရီဂိုဘန်တန်ကော်ဟာလက်စတာနှင့်ပွဲစဉ်တွင်ရရှိခဲ့တဲ့ဒူးအရွတ်ဒဏ်ရာကြောင့်ရာသီအကုန်အထိအနားယူလာရတော့မှာဖြစ်ပါတယ်။

MRI စစ်ဆေးမှုအရဥရုဂွေးကွင်းလယ်ကစားသမားဟာအနည်းဆုံး၆ လကြာအနားယူရမှာဖြစ်ကြောင်းသိရပါတယ်။

အသက် ၂၅ နစ်ရှိ ဘန်တန်ကော်ဟာKing Power တွင်လက်စတာကို ၄-၁ ဂိုးဖြင့် ရှုံးနိမ့်တဲ့ပွဲစဉ်တွင်လက်စတာရဲ့နမ်ပလိုင်မန်ဒီရဲ့ဖျက်ထုတ်ခြင်းခံခဲ့ရကာ ဒဏ်ရာရရှိခဲ့တာလည်းဖြစ်ပါတယ်။

သူဟာနမ်ပလိုင်မန်ဒီရဲ့ဖျက်ထုတ်ခြင်းခံခဲ့ရပြီးနောက်ဆေးကုသမှုခံယူကာ ကွင်းအပြင်သို့ကိုယ်တိုင်လမ်းလျှောက်ကာထွက်ခွာနိုင်ခဲ့ပါသေးတယ်။

ဒါပေမဲ့ယခုအခါစပါးစ်ကဘန်တန်ကော်မှာ ဒူးအရွတ်ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်းအတည်ပြုလာပြီဖြစ်ပါတယ်။

စပါးစ်ဟာကွင်းလယ်ကစားသမားအိဗ်ဘစ်ဆူမာကိုခြေကျင်းဝတ်အရွတ်ဒဏ်ရာကြောင့်ရာသီအကုန်အထိဆုံးရှုံးရပြီးနောက်ရိုဒရီဂိုအားဆုံးရှုံးလာရတာလည်းဖြစ်ပါတယ်။

တဖက်တွင်စပါးစ်ဟာပီယာရီအီမီလီဟိုဘတ်ဟာလည်းပွဲပယ်ပြစ်ဒဏ်ကြောင့်အေစီမီလန်နှင့်ချန်ပီယံလိဂ်၁၆သင်းရှုံးထွက်အဆင့်ပထမအကျော့ပွဲစဉ်ကိုလွဲချော်ပါမယ်။

ကွန်တီဟာဟိုဘတ်ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံထားရမှုကြောင့်ကွင်းလယ်အတွက်အိုလီဗာယာစကစ်ပ်နှင့်ပါပါမာတာဆားလ်တို့ကိုသာရွေးချယ်စရာ ရှိပါတော့တယ်။

ZawGyi

ဒူးအ႐ြတ္ဒဏ္ရာေၾကာင့္စပါးစ္ကြင္းလယ္ကစားသမားဘန္တန္ေကာ္ ေျခာက္လအထိနားရမည္

႐ိုဒရီဂိုဘန္တန္ေကာ္ဟာလက္စတာႏွင့္ပြဲစဥ္တြင္ရရွိခဲ့တဲ့ဒူးအ႐ြတ္ဒဏ္ရာေၾကာင့္ရာသီအကုန္အထိအနားယူလာရေတာ့မွာျဖစ္ပါတယ္။

MRI စစ္ေဆးမႈအရဥ႐ုေဂြးကြင္းလယ္ကစားသမားဟာအနည္းဆုံး၆ လၾကာအနားယူရမွာျဖစ္ေၾကာင္းသိရပါတယ္။

အသက္ ၂၅ နစ္ရွိ ဘန္တန္ေကာ္ဟာKing Power တြင္လက္စတာကို ၄-၁ ဂိုးျဖင့္ ရႈံးနိမ့္တဲ့ပြဲစဥ္တြင္လက္စတာရဲ႕နမ္ပလိုင္မန္ဒီရဲ႕ဖ်က္ထုတ္ျခင္းခံခဲ့ရကာ ဒဏ္ရာရရွိခဲ့တာလည္းျဖစ္ပါတယ္။

သူဟာနမ္ပလိုင္မန္ဒီရဲ႕ဖ်က္ထုတ္ျခင္းခံခဲ့ရၿပီးေနာက္ေဆးကုသမႈခံယူကာ ကြင္းအျပင္သို႔ကိုယ္တိုင္လမ္းေလွ်ာက္ကာထြက္ခြာႏိုင္ခဲ့ပါေသးတယ္။

ဒါေပမဲ့ယခုအခါစပါးစ္ကဘန္တန္ေကာ္မွာ ဒူးအ႐ြတ္ဒဏ္ရာအျပင္းအထန္ရရွိခဲ့ေၾကာင္းအတည္ျပဳလာၿပီျဖစ္ပါတယ္။

စပါးစ္ဟာကြင္းလယ္ကစားသမားအိဗ္ဘစ္ဆူမာကိုေျခက်င္းဝတ္အ႐ြတ္ဒဏ္ရာေၾကာင့္ရာသီအကုန္အထိဆုံးရႈံးရၿပီးေနာက္႐ိုဒရီဂိုအားဆုံးရႈံးလာရတာလည္းျဖစ္ပါတယ္။

တဖက္တြင္စပါးစ္ဟာပီယာရီအီမီလီဟိုဘတ္ဟာလည္းပြဲပယ္ျပစ္ဒဏ္ေၾကာင့္ေအစီမီလန္ႏွင့္ခ်န္ပီယံလိဂ္၁၆သင္းရႈံးထြက္အဆင့္ပထမအေက်ာ့ပြဲစဥ္ကိုလြဲေခ်ာ္ပါမယ္။

ကြန္တီဟာဟိုဘတ္ပြဲပယ္ျပစ္ဒဏ္ခ်မွတ္ခံထားရမႈေၾကာင့္ကြင္းလယ္အတြက္အိုလီဗာယာစကစ္ပ္ႏွင့္ပါပါမာတာဆားလ္တို႔ကိုသာေ႐ြးခ်ယ္စရာ ရွိပါေတာ့တယ္။