ဒေါက်ကလပ်လူးဝစ်ဇ်ကို စာချုပ်သစ်ချုပ်ဆိုလိုက်နိုင်ပြီဖြစ်တဲ့ ဗီလာ

အက်စတွန်ဗီလာဟာယခုရာသီအကုန်တွင်စာချုပ်သက်တမ်းကုန်ဆုံးမယ့် အလယ်တန်းကစားသမားဒေါက်ကလပ်လူးဝစ်ဇ်ကိုစာချုပ်သစ်ချုပ်ဆိုလိုက်နိုင်ပြီဖြစ်ပါတယ်။ဗီလာကဒေါက်ကလပ်လူးဝစ်ဇ်ကိုနှစ်ရှည်စာချုပ်ချုပ်ဆိုလိုက်ကြောင်းသာကြေညာလာတာဖြစ်ပြီးစာချုပ်သက်တမ်းဘယ်လောက်ရှိတယ်ဆိုတာကြေညာသွားခဲ့ခြင်းမရှိပါဘူး။

အသက်၂၄နှစ်ရှိလူးဝစ်ဇ်ဟာ၂၀၁၉ခုနှစ်တွင်မန်စီးတီးမှပြောင်းရွှေ့လာပြီးနောက်ဗီလာတွင်အဓိကကစားသမားအဖြစ်ခြေစွမ်းပြကစားလာခဲ့သူလည်းဖြစ်ပါတယ်။

ဘရာဇီးအတွက်၉ပွဲကစားထားတဲ့ဒေါက်ကလပ်လူးဝစ်ဇ်ဟာမန်စီးတီးအတွက်ပွဲ၁၂၀ကစားကာ၇ဂိုးသွင်းယူပြီး၈ကြိမ်ဖန်တီးထားနိုင်ပါတယ်။

သူ့ရဲ့ယခင်စာချုပ်ကလာမယ့်နွေရာသီတွင်ကုန်ဆုံးမှာဖြစ်ပြီးနွေရာသီအပြောင်းအရွှေ့တုန်းကအာဆင်နယ်ရဲ့နှစ်ကြိမ်တိုင်တိုင်ကမ်းလှမ်းမှုခံခဲ့ရပေမဲ့ဗီလာကပယ်ချခဲ့ပါတယ်။

လူးဝစ်ဇ်ဟာပြီးခဲ့တဲ့နှစ်တုန်းကတိုကျိုတွင်ဘရာဇီးအသင်းနှင့်အတူအိုလံပစ်ရွှေတံဆိပ်ဆုရခဲ့သူလည်းဖြစ်ပါတယ်။

ZawGyi

ေဒါက္ကလပ္လူးဝစ္ဇ္ကို စာခ်ဳပ္သစ္ခ်ဳပ္ဆိုလိုက္ႏိုင္ၿပီျဖစ္တဲ့ ဗီလာ

အက္စတြန္ဗီလာဟာယခုရာသီအကုန္တြင္စာခ်ဳပ္သက္တမ္းကုန္ဆုံးမယ့္ အလယ္တန္းကစားသမားေဒါက္ကလပ္လူးဝစ္ဇ္ကိုစာခ်ဳပ္သစ္ခ်ဳပ္ဆိုလိုက္ႏိုင္ၿပီျဖစ္ပါတယ္။ဗီလာကေဒါက္ကလပ္လူးဝစ္ဇ္ကိုႏွစ္ရွည္စာခ်ဳပ္ခ်ဳပ္ဆိုလိုက္ေၾကာင္းသာေၾကညာလာတာျဖစ္ၿပီးစာခ်ဳပ္သက္တမ္းဘယ္ေလာက္ရွိတယ္ဆိုတာေၾကညာသြားခဲ့ျခင္းမရွိပါဘူး။

အသက္၂၄ႏွစ္ရွိလူးဝစ္ဇ္ဟာ၂၀၁၉ခုႏွစ္တြင္မန္စီးတီးမွေျပာင္းေ႐ႊ႕လာၿပီးေနာက္ဗီလာတြင္အဓိကကစားသမားအျဖစ္ေျခစြမ္းျပကစားလာခဲ့သူလည္းျဖစ္ပါတယ္။

ဘရာဇီးအတြက္၉ပြဲကစားထားတဲ့ေဒါက္ကလပ္လူးဝစ္ဇ္ဟာမန္စီးတီးအတြက္ပြဲ၁၂၀ကစားကာ၇ဂိုးသြင္းယူၿပီး၈ႀကိမ္ဖန္တီးထားႏိုင္ပါတယ္။

သူ႔ရဲ႕ယခင္စာခ်ဳပ္ကလာမယ့္ေႏြရာသီတြင္ကုန္ဆုံးမွာျဖစ္ၿပီးေႏြရာသီအေျပာင္းအေ႐ႊ႕တုန္းကအာဆင္နယ္ရဲ႕ႏွစ္ႀကိမ္တိုင္တိုင္ကမ္းလွမ္းမႈခံခဲ့ရေပမဲ့ဗီလာကပယ္ခ်ခဲ့ပါတယ္။

လူးဝစ္ဇ္ဟာၿပီးခဲ့တဲ့ႏွစ္တုန္းကတိုက်ိဳတြင္ဘရာဇီးအသင္းႏွင့္အတူအိုလံပစ္ေ႐ႊတံဆိပ္ဆုရခဲ့သူလည္းျဖစ္ပါတယ္။