ဒေါသထွက်နေတဲ့ ပရိသတ်များကြောင့် နယူးကာဆယ်နည်းပြရာထူးမှ နုတ်ထွက်နိုင်ကြောင်း စတိဗ်ဘရုစ်ဖွင့်ဟ

စတိဗ်ဘရုစ်ကဒေါသထွက်နေတဲ့နယူးကာဆယ်ပရိသတ်များရဲ့ကစားသမားများကိုအနှောင့်အယှက်ပေးလာမည်ဆိုပါကနယူးကာဆယ်နည်းပြရာထူးမှနုတ်ထွက်ရန်စဉ်းစားသွားမည်ဖြစ်ကြောင်းပြောကြားလိုက်ပါတယ်။

နယူးကာဆယ်ဟာယခုရာသီတွင်ပရီးမီးယားလိဂ်မှာနိုင်ပွဲတစ်ပွဲမျှမရရှိသေးပါဘူး။နယူးကာဆယ်ပရိသတ်များဟာအသင်းပိုင်ရှင်မိုက်အက်ရှ်လေအပေါ်တွင်အကြီးအကျယ်ဒေါသထွက်နေတဲ့အပြင်ယခုအခါနည်းပြစတိဗ်ဘရုစ်နှင့်ကစားသမားများကိုပါပစ်မှတ်ထားလာကြပြီဖြစ်ပါတယ်။

၎င်းတို့ဟာယနေ့ညတွင်စိန့်ဂျိမ်းစ်ပါ့ခ်မှာလိဒ်ယူနိုက်တက်ကိုဧည့်ခံကစားမယ့်ပရီးမီးယားလိဂ်ပွဲစဉ်မှာပိုမိုဆိုးရွားစွာလုပ်ဆောင်လာနိုင်ပါတယ်။

ဒါကြောင့်လည်းစတိဗ်ဘရုစ်က “အသင်းကိုအနှောင့်အယှက်ပေးလာရင်လား။အဲဒီလိုဆိုရင်တော့ကိုယ့်ကိုယ်ကိုအရင်ဆုံးကြည့်လာရပါမယ်။ကျွန်တော်ကတိုက်ပွဲမဝင်ဘဲနောက်ဆုတ်သွားတတ်တဲ့သူမျိုးမဟုတ်ပါဘူး”လို့ပြောကြားသွားပါတယ်။

စတိဗ်ဘရုစ်ဟာပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ဈေးကွက်မှာအသင်းပိုင်ရှင်မိုက်အက်ရှ်လေရဲ့ကစားသမားတစ်ဦးတည်းသာခေါ်ယူခွင့်ရရှိခဲ့သူလည်းဖြစ်ပါတယ်။သူဟာအာဆင်နယ်အလယ်တန်းကစားသမားဂျက်ဝဲလ်လော့ခ်အားခေါ်ယူခဲ့ပါတယ်။

ဒါ့အပြင်နယူးကာဆယ်နည်းပြက၎င်းမှာလည်းပရိသတ်များကဲ့သို့ပင်မည်သည့်အသင်းကိုမဆိုရင်ဆိုင်နိုင်တဲ့အသင်းလိုချင်ကြောင်း၊ပရိသတ်များကဲ့သို့ပင်အသင်းနှင့်ပတ်သက်ပြီးများစွာစိုးရိမ်နေကြောင်းပြောကြားသွားပါတယ်။

ZawGyi

ေဒါသထြက္ေနတဲ့ ပရိသတ္မ်ားေၾကာင့္ နယူးကာဆယ္နည္းျပရာထူးမွ ႏုတ္ထြက္ႏိုင္ေၾကာင္း စတိဗ္ဘ႐ုစ္ဖြင့္ဟ

စတိဗ္ဘ႐ုစ္ကေဒါသထြက္ေနတဲ့နယူးကာဆယ္ပရိသတ္မ်ားရဲ႕ကစားသမားမ်ားကိုအေႏွာင့္အယွက္ေပးလာမည္ဆိုပါကနယူးကာဆယ္နည္းျပရာထူးမွႏုတ္ထြက္ရန္စဥ္းစားသြားမည္ျဖစ္ေၾကာင္းေျပာၾကားလိုက္ပါတယ္။

နယူးကာဆယ္ဟာယခုရာသီတြင္ပရီးမီးယားလိဂ္မွာႏိုင္ပြဲတစ္ပြဲမွ်မရရွိေသးပါဘူး။နယူးကာဆယ္ပရိသတ္မ်ားဟာအသင္းပိုင္ရွင္မိုက္အက္ရွ္ေလအေပၚတြင္အႀကီးအက်ယ္ေဒါသထြက္ေနတဲ့အျပင္ယခုအခါနည္းျပစတိဗ္ဘ႐ုစ္ႏွင့္ကစားသမားမ်ားကိုပါပစ္မွတ္ထားလာၾကၿပီျဖစ္ပါတယ္။

၎တို႔ဟာယေန႔ညတြင္စိန႔္ဂ်ိမ္းစ္ပါ့ခ္မွာလိဒ္ယူႏိုက္တက္ကိုဧည့္ခံကစားမယ့္ပရီးမီးယားလိဂ္ပြဲစဥ္မွာပိုမိုဆိုး႐ြားစြာလုပ္ေဆာင္လာႏိုင္ပါတယ္။

ဒါေၾကာင့္လည္းစတိဗ္ဘ႐ုစ္က “အသင္းကိုအေႏွာင့္အယွက္ေပးလာရင္လား။အဲဒီလိုဆိုရင္ေတာ့ကိုယ့္ကိုယ္ကိုအရင္ဆုံးၾကည့္လာရပါမယ္။ကြၽန္ေတာ္ကတိုက္ပြဲမဝင္ဘဲေနာက္ဆုတ္သြားတတ္တဲ့သူမ်ိဳးမဟုတ္ပါဘူး”လို႔ေျပာၾကားသြားပါတယ္။

စတိဗ္ဘ႐ုစ္ဟာၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္မွာအသင္းပိုင္ရွင္မိုက္အက္ရွ္ေလရဲ႕ကစားသမားတစ္ဦးတည္းသာေခၚယူခြင့္ရရွိခဲ့သူလည္းျဖစ္ပါတယ္။သူဟာအာဆင္နယ္အလယ္တန္းကစားသမားဂ်က္ဝဲလ္ေလာ့ခ္အားေခၚယူခဲ့ပါတယ္။

ဒါ့အျပင္နယူးကာဆယ္နည္းျပက၎မွာလည္းပရိသတ္မ်ားကဲ့သို႔ပင္မည္သည့္အသင္းကိုမဆိုရင္ဆိုင္ႏိုင္တဲ့အသင္းလိုခ်င္ေၾကာင္း၊ပရိသတ္မ်ားကဲ့သို႔ပင္အသင္းႏွင့္ပတ္သက္ၿပီးမ်ားစြာစိုးရိမ္ေနေၾကာင္းေျပာၾကားသြားပါတယ္။