
ဆီဗီလာဟာမနေ့ညတုန်းကအိမ်ကွင်းတွင်ဒေါ့မွန်ကိုချန်ပီယံလိဂ်တွင်ရှုံးနိမ့်ပြီးနောက်နည်းပြဂျူလန်လိုပီတီဂူအားရာထူးမှထုတ်ပယ်လိုက်ပါတယ်။
လိုပီတီဂူဟာ၂၀၁၉ခုနှစ်၊ဇွန်လကတည်းကဆီဗီလာအသင်းကိုကိုင်တွယ်လာသူဖြစ်ပြီး၂၀၂၀ခုနှစ်တုန်းကယူရိုပါလိဂ်ဖလားဆွတ်ခူးနိုင်အောင်ဦးဆောင်ပေးနိုင်ခဲ့ပါတယ်။
ဒါပေမဲ့စပိန်လူမျိုးနည်းပြဟာယခုရာသီတွင်ဆီဗီလာကိုနိုင်ပွဲတစ်ပွဲတည်းသာရရှိအောင်စွမ်းဆောင်ပေးထားနိုင်ပြီး ဒေါ့မွန်ကိုရှုံးနိမ့်ပြီးနောက်ယခုရာသီ၁၀ပွဲကစားရာမှာ၆ပွဲမြောက်ရှုံးပွဲနှင့်ကြုံတွေ့လာရပါတယ်။
အသက်၅၆နှစ်ရှိနည်းပြဟာဆီဗီလာနည်းပြရာထူးမှထုတ်ပယ်ခြင်းခံရပေမဲ့လည်း မကြာမီကာလအတွင်းတွင်ပရီးမီးယားလိဂ်သို့ရောက်လာဖို့ရှိနေပါတယ်။
ဝုဗ်ဟာပြီးခဲ့တဲ့အပတ်တုန်းကဝက်စ်ဟမ်းကိုရှုံးနိမ့်ပြီးနောက်ထုတ်ပယ်လိုက်တဲ့ဘရူနိုလာ့ချ်ရဲ့နေရာတွင်လိုပီတီဂူနှင့်အစားထိုးရန်စီစဉ်နေပါတယ်။
ဆီဗီလာဟာလာလီဂါအမှတ်ပေးဇယားအဆင့်၁၇နေရာတွင်ရပ်တည်နေပြီးတန်းဆင်းဇုန်နှင့်ရမှတ်တစ်မှတ်တည်းသာကွာဟနေပါတယ်။
ZawGyi
ဒေါ့မွန်ကို ရှုံးနိမ့်ပြီးနောက် နည်းပြလိုပီတီဂူကို ဆီဗီလာထုတ်ပယ်
ဝုဗ်ဟာပြီးခဲ့တဲ့အပတ်တုန်းကဝက်စ်ဟမ်းကိုရှုံးနိမ့်ပြီးနောက်ထုတ်ပယ်လိုက်တဲ့ဘရူနိုလာ့ခ်ျရဲ့နေရာတွင်လိုပီတီဂူနှင့်အစားထိုးရန်စီစဉ်နေပါတယ်။