
ဒေါ့မွန်ကိုအိမ်ကွင်းတွင် ၂-၀ ဂိုးဖြင့်အနိုင်ရရှိကာချန်ပီယံလိဂ်ကွာတားဖိုင်နယ်သို့တက်ရောက်နိုင်ခဲ့ပြီးတဲ့နောက်ချဲလ်ဆီးပရိသတ်များကသူတို့အသင်းမှာချန်ပီယံလိဂ်ဗိုလ်လုပွဲအထိတက်ရောက်နိုင်မယ်လို့ယုံကြည်နေကြပါတယ်။
ဂရေဟမ်ပေါ်တာရဲ့ချဲလ်ဆီးဟာပထမအကျော့တုန်းက၁-၀ဂိုးဖြင့်ရှုံးနိမ့်ခဲ့ပေမဲ့လည်းဒုတိယအကျော့အိမ်ကွင်းတွင်၂-၀ဂိုးဖြင့်အနိုင်ရရှိကာနှစ်ကျော့ပေါင်းရလဒ်၂-၁ဖြင့်ကွာတားဖိုင်နယ်သို့တက်နိုင်ခဲ့ပါတယ်။
ချဲလ်ဆီးပရိသတ်များဟာဒေါ့မွန်ကျိန်စာကိုတွေ့ရှိသွားပြီးနောက် ချန်ပီယံလိဂ်ဗိုလ်လုပွဲအထိတက်နိုင်မယ်လို့ယုံကြည်နေကြတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့၄နှစ်အတွင်းမှာဒေါ့မွန်အသင်းကိုရှုံးထွက်အဆင့်မှာဖြုတ်ခဲ့တဲ့အသင်းတိုင်းဟာဥရောပပြိုင်ပွဲဗိုလ်လုပွဲအထိတက်ခဲ့ကြောင်း အံ့ဩသင့်ဖွယ်တွေ့ရှိရပါတယ်။၂၀၁၉ခုနှစ်တွင်စပါးစ်၊၂၀၂၀ခုနှစ်တွင်ပီအက်စ်ဂျီ၊၂၀၂၁ခုနှစ်တွင်မန်စီးတီးနှင့်၂၀၂၂ခုနှစ်တွင်ရိန်းဂျားတို့ဟာချန်ပီယံလိဂ်နှင့်ယူရိုပါလိဂ်ဗိုလ်လုပွဲသို့အသီးသီးတက်နိုင်ခဲ့ပါတယ်။
ဒါပေမဲ့ဒေါ့မွန်ကိုရှုံးထွက်အဆင့်မှာအနိုင်ယူခဲ့တဲ့ယင်းအသင်းများဟာဗိုလ်လုပွဲသို့တက်ခဲ့ပေမဲ့လည်းဗိုလ်လုပွဲမှာအရှုံးဖြင့်သာကြုံခဲ့ရပါတယ်။
ဒါကြောင့်လည်းချဲလ်ဆီးပရိသတ်များက၎င်းတို့အသင်းဟာဒေါ့မွန်ကျိန်စာကြောင့်အနိမ့်ဆုံး ချန်ပီယံလိဂ်ဗိုလ်လုပွဲသို့တက်ပြီးဒုတိယရရှိလိမ့်မယ်လို့ယုံကြည်နေကြပါတယ်။
ZawGyi
ေဒါ့မြန္က်ိန္စာေၾကာင့္ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲသို႔ တက္မည္လို႔ ယုံၾကည္ေနၾကတဲ့ ခ်ဲလ္ဆီးပရိသတ္မ်ား
ေဒါ့မြန္ကိုအိမ္ကြင္းတြင္ ၂-၀ ဂိုးျဖင့္အႏိုင္ရရွိကာခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္သို႔တက္ေရာက္ႏိုင္ခဲ့ၿပီးတဲ့ေနာက္ခ်ဲလ္ဆီးပရိသတ္မ်ားကသူတို႔အသင္းမွာခ်န္ပီယံလိဂ္ဗိုလ္လုပြဲအထိတက္ေရာက္ႏိုင္မယ္လို႔ယုံၾကည္ေနၾကပါတယ္။
ဂေရဟမ္ေပၚတာရဲ႕ခ်ဲလ္ဆီးဟာပထမအေက်ာ့တုန္းက၁-၀ဂိုးျဖင့္ရႈံးနိမ့္ခဲ့ေပမဲ့လည္းဒုတိယအေက်ာ့အိမ္ကြင္းတြင္၂-၀ဂိုးျဖင့္အႏိုင္ရရွိကာႏွစ္ေက်ာ့ေပါင္းရလဒ္၂-၁ျဖင့္ကြာတားဖိုင္နယ္သို႔တက္ႏိုင္ခဲ့ပါတယ္။
ခ်ဲလ္ဆီးပရိသတ္မ်ားဟာေဒါ့မြန္က်ိန္စာကိုေတြ႕ရွိသြားၿပီးေနာက္ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲအထိတက္ႏိုင္မယ္လို႔ယုံၾကည္ေနၾကတာျဖစ္ပါတယ္။
ၿပီးခဲ့တဲ့၄ႏွစ္အတြင္းမွာေဒါ့မြန္အသင္းကိုရႈံးထြက္အဆင့္မွာျဖဳတ္ခဲ့တဲ့အသင္းတိုင္းဟာဥေရာပၿပိဳင္ပြဲဗိုလ္လုပြဲအထိတက္ခဲ့ေၾကာင္း အံ့ဩသင့္ဖြယ္ေတြ႕ရွိရပါတယ္။၂၀၁၉ခုႏွစ္တြင္စပါးစ္၊၂၀၂၀ခုႏွစ္တြင္ပီအက္စ္ဂ်ီ၊၂၀၂၁ခုႏွစ္တြင္မန္စီးတီးႏွင့္၂၀၂၂ခုႏွစ္တြင္ရိန္းဂ်ားတို႔ဟာခ်န္ပီယံလိဂ္ႏွင့္ယူ႐ိုပါလိဂ္ဗိုလ္လုပြဲသို႔အသီးသီးတက္ႏိုင္ခဲ့ပါတယ္။
ဒါေပမဲ့ေဒါ့မြန္ကိုရႈံးထြက္အဆင့္မွာအႏိုင္ယူခဲ့တဲ့ယင္းအသင္းမ်ားဟာဗိုလ္လုပြဲသို႔တက္ခဲ့ေပမဲ့လည္းဗိုလ္လုပြဲမွာအရႈံးျဖင့္သာႀကဳံခဲ့ရပါတယ္။
ဒါေၾကာင့္လည္းခ်ဲလ္ဆီးပရိသတ္မ်ားက၎တို႔အသင္းဟာေဒါ့မြန္က်ိန္စာေၾကာင့္အနိမ့္ဆုံး ခ်န္ပီယံလိဂ္ဗိုလ္လုပြဲသို႔တက္ၿပီးဒုတိယရရွိလိမ့္မယ္လို႔ယုံၾကည္ေနၾကပါတယ္။