ဒေါ့မွန်တိုက်စစ်မှူးဟာလန်းကို ခေါ်ယူရန် စိတ်ဝင်စားကြောင်း ဘိုင်ယန်မြူးနစ်အတည်ပြု

ဘိုင်ယန်မြူးနစ်အားကစားဒါရိုက်တာဟာဆန်ဆာလီဟာမစ်ဇစ်ကဘိုင်ယန်မြူးနစ်မှာအာလင်းဟာလန်းကိုခေါ်ယူရန်စိတ်ဝင်စားကြောင်းနှင့်နော်ဝေတိုက်စစ်မှူးအားခေါ်ယူရန်အပြိုင်ကြိုးပမ်းသွားမည်ဖြစ်ကြောင်းအတည်ပြုပြောကြားလိုက်ပါတယ်။

အသက်၂၁နှစ်ရှိနော်ဝေလက်ရွေးစင်တိုက်စစ်မှူးဟာဒေါ့မွန်တွင်ထိပ်တန်းခြေစွမ်းပြကစားနေမှုနဲ့အတူဥရောပရဲ့အကောင်းဆုံးတိုက်စစ်မှူးများထဲမှတစ်ဦးအဖြစ်ရပ်တည်နေသူလည်းဖြစ်ပါတယ်။

ဒေါ့မွန်ဟာအာလင်းဟာလန်းအားရက်ဘူးလ်ဆဲလ်ဘတ်မှာစာချုပ်ပါအချက်အတိုင်းယူရို၁၇.၁သန်းဖြင့်ခေါ်ယူခဲ့တာဖြစ်ပေမယ့်ယခုအခါ၎င်းတို့ဟာအသင်းတွင်ဆက်ထိန်းထားနိုင်ရေးအတွက်ကြီးမားတဲ့စိန်ခေါ်မှုနဲ့ရင်ဆိုင်နေရပါတယ်။

ဒေါ့မွန်ဟာအာလင်းဟာလန်းကိုပြောင်းရွှေ့ကြေးပေါင်သန်း၁၅၀သတ်မှတ်ထားပြီး၎င်းတိုကိုခေါ်ယူရန်မန်စီးတီး၊မန်ယူ၊ချဲလ်ဆီးနှင့်ရီးရဲလ်မက်ဒရစ်တို့အပြင်ဘိုင်ယန်မြူးနစ်ကလည်းစိတ်ဝင်စားလာပြီဖြစ်ပါတယ်။

ဟာလန်းရဲ့လက်ရှိစာချုပ်မှာ၂၀၂၄ခုနှစ်တွင်မှကုန်ဆုံးမယ်ဆိုပေမယ့်သူ့စာချုပ်အတွင်းတွင်၂၀၂၂ခုနှစ်နွေရာသီမှာပေါင်၆၈သန်းဖြင့်ထွက်ခွာနိုင်တဲ့အချက်ပါဝင်ပါတယ်။ဒါကြောင့်ဒေါ့မွန်အနေဖြင့်လာမယ့်နှစ်တွင်ဟာလန်းကိုပေါင်၆၈သန်းဖြင့်ဆုံးရှုံးရမှာဖြစ်ပြီးယခုနွေတွင်ရောင်းချပါကပေါင်သန်း၁၀၀အထက်တွင်ရရှိလာဖို့ရှိပါတယ်။

ဆာလီဟာမစ်ဇစ်က “သူကထိပ်တန်းကစားသမားတစ်ဦးပါ။လူတော်လေးတစ်ဦးဖြစ်ပါတယ်။ဒါပေမယ့်သူကဒေါ့မွန်ကစားသမားပါ။ပွဲ၆၀မှာဂိုး၆၀သွင်းထားတဲ့ကစားသမားပါ။သူ့လိုကစားသမားမျိုးကိုကျွန်တော်တို့စိတ်ဝင်စားပါတယ်”လို့ပြောကြားသွားခဲ့ပါတယ်။

ZawGyi

ေဒါ့မြန္တိုက္စစ္မႉးဟာလန္းကို ေခၚယူရန္ စိတ္ဝင္စားေၾကာင္း ဘိုင္ယန္ျမဴးနစ္အတည္ျပဳ

ဘိုင္ယန္ျမဴးနစ္အားကစားဒါ႐ိုက္တာဟာဆန္ဆာလီဟာမစ္ဇစ္ကဘိုင္ယန္ျမဴးနစ္မွာအာလင္းဟာလန္းကိုေခၚယူရန္စိတ္ဝင္စားေၾကာင္းႏွင့္ေနာ္ေဝတိုက္စစ္မႉးအားေခၚယူရန္အၿပိဳင္ႀကိဳးပမ္းသြားမည္ျဖစ္ေၾကာင္းအတည္ျပဳေျပာၾကားလိုက္ပါတယ္။

အသက္၂၁ႏွစ္ရွိေနာ္ေဝလက္ေ႐ြးစင္တိုက္စစ္မႉးဟာေဒါ့မြန္တြင္ထိပ္တန္းေျခစြမ္းျပကစားေနမႈနဲ႔အတူဥေရာပရဲ႕အေကာင္းဆုံးတိုက္စစ္မႉးမ်ားထဲမွတစ္ဦးအျဖစ္ရပ္တည္ေနသူလည္းျဖစ္ပါတယ္။

ေဒါ့မြန္ဟာအာလင္းဟာလန္းအားရက္ဘူးလ္ဆဲလ္ဘတ္မွာစာခ်ဳပ္ပါအခ်က္အတိုင္းယူ႐ို၁၇.၁သန္းျဖင့္ေခၚယူခဲ့တာျဖစ္ေပမယ့္ယခုအခါ၎တို႔ဟာအသင္းတြင္ဆက္ထိန္းထားႏိုင္ေရးအတြက္ႀကီးမားတဲ့စိန္ေခၚမႈနဲ႔ရင္ဆိုင္ေနရပါတယ္။

ေဒါ့မြန္ဟာအာလင္းဟာလန္းကိုေျပာင္းေ႐ႊ႕ေၾကးေပါင္သန္း၁၅၀သတ္မွတ္ထားၿပီး၎တိုကိုေခၚယူရန္မန္စီးတီး၊မန္ယူ၊ခ်ဲလ္ဆီးႏွင့္ရီးရဲလ္မက္ဒရစ္တို႔အျပင္ဘိုင္ယန္ျမဴးနစ္ကလည္းစိတ္ဝင္စားလာၿပီျဖစ္ပါတယ္။

ဟာလန္းရဲ႕လက္ရွိစာခ်ဳပ္မွာ၂၀၂၄ခုႏွစ္တြင္မွကုန္ဆုံးမယ္ဆိုေပမယ့္သူ႔စာခ်ဳပ္အတြင္းတြင္၂၀၂၂ခုႏွစ္ေႏြရာသီမွာေပါင္၆၈သန္းျဖင့္ထြက္ခြာႏိုင္တဲ့အခ်က္ပါဝင္ပါတယ္။ဒါေၾကာင့္ေဒါ့မြန္အေနျဖင့္လာမယ့္ႏွစ္တြင္ဟာလန္းကိုေပါင္၆၈သန္းျဖင့္ဆုံးရႈံးရမွာျဖစ္ၿပီးယခုေႏြတြင္ေရာင္းခ်ပါကေပါင္သန္း၁၀၀အထက္တြင္ရရွိလာဖို႔ရွိပါတယ္။

ဆာလီဟာမစ္ဇစ္က “သူကထိပ္တန္းကစားသမားတစ္ဦးပါ။လူေတာ္ေလးတစ္ဦးျဖစ္ပါတယ္။ဒါေပမယ့္သူကေဒါ့မြန္ကစားသမားပါ။ပြဲ၆၀မွာဂိုး၆၀သြင္းထားတဲ့ကစားသမားပါ။သူ႔လိုကစားသမားမ်ိဳးကိုကြၽန္ေတာ္တို႔စိတ္ဝင္စားပါတယ္”လို႔ေျပာၾကားသြားခဲ့ပါတယ္။