
ဂျူ့ဘယ်လင်ဂမ်ဟာဒေါ့မွန်တွင်မပျော်မရွှင်ဖြစ်နေပမဲ့လည်းနောက်ထပ်တစ်ရာသီဆက်ကစားသွားဦးမှာဖြစ်ကြောင်းသိရပါတယ်။
အင်္ဂလန်လက်ရွေးစင်ကွင်းလယ်ကစားသမားဟာပြီးခဲ့တဲ့ရက်သတ္တပတ်များအတွင်းမှာဒေါ့မွန်ရဲ့ရလဒ်ပိုင်းအကောင်းဆုံးပုံစံမရှိမှုနဲ့အတူ စိတ်ပျက်နေတာလည်းဖြစ်ပါတယ်။
အထူးသဖြင့်အသက်၁၈နှစ်အရွယ်ရှိကွင်းလယ်ကစားသမားဟာရိန်းဂျားကိုရှုံးနိမ့်ပြီးယူရိုပါလိဂ်မှထွက်ခွာခဲ့ရမှုအပေါ်အကြီးအကျယ်စိတ်ပျက်နေပါတယ်။
သူဟာကြားရက်တုန်းကရိန်းဂျားနှင့်၂ဂိုးစီသရေကျတဲ့အဝေးကွင်းပွဲစဉ်တွင်ကစားဖော်နီကိုရှူးဇ်ကိုအပြစ်တင်ဆဲဆိုမှုပြုလုပ်ခဲ့သူလည်းဖြစ်ပါတယ်။သူဟာပြီးခဲ့တဲ့အပတ်ကအော့ဘတ်နှင့်သရေကျတဲ့ပွဲတွင်ဘောလုံးမပေးပို့ဘဲတကိုယ်ကောင်းဆန်စွာကန်ခဲ့တဲ့ကစားဖော်မူကိုကိုအားလည်းအကြီးအကျယ်ဒေါသထွက်ခဲ့သူဖြစ်ပါတယ်။
ဘယ်လင်ဂမ်ဟာဒေါ့မွန်တွင်စိတ်ပျက်စရာများနှင့်ရင်ဆိုင်တွေ့နေရပေမဲ့လလည်းထွက်ခွာရန်မစဉ်းစားဘဲလာမယ့်ရာသီအထိဆက်ကစားသွားပါဦးမယ်။
သူဟာဒေါ့မွန်နှင့်၂၀၂၅ခုနှစ်အထိစာချုပ်ရှိနေသူဖြစ်ပြီး ကလပ်အနေဖြင့်အင်္ဂလန်လက်ရွေးစင်ကစားသမားရဲ့အပြောင်းအရွှေ့နဲ့ပတ်သက်ပြီးတစုံတရာစိုးရိမ်စရာမရှိပါဘူး။
ZawGyi
ဒေါ့မွန်တွင် အဆင်မပြေဖြစ်နေပေမယ့် ယူနိုက်တက်ပစ်မှတ်ဘယ်လင်ဂမ်နောက်တစ်ရာသီ ကစားသွားဦးမည်