ဒေါ့မွန်နှင့်စာချုပ်သစ်ချုပ်ဆိုလိုက်တဲ့ ဂျာမနီပါရမီရှင်တိုက်စစ်မှူးမူကိုကို

ဒေါ့မွန်တိုက်စစ်မှူးယူဆွတ်ဖာမူကိုကိုဟာဒေါ့မွန်အသင်းတွင်၂၀၂၆ခုနှစ်၊ဇွန်လ၃၀ရက်နေ့အထိရှိနေမဲ့စာချုပ်သစ်အားချုပ်ဆိုလိုက်ပါတယ်။

အသက်၁၈နှစ်ရှိဂျာမနီလက်ရွေးစင်တိုက်စစ်မှူးရဲ့ယခင်စာချုပ်မှာလာမယ့်နွေရာသီမှာကုန်ဆုံးမှာဖြစ်ပြီးချဲလ်ဆီး၊ဘာစီလိုနာ၊ယူနိုက်တက်၊အာဆင်နယ်တို့ရဲ့ပစ်မှတ်ထားခြင်းခံခဲ့ရပါတယ်။

မူကိုကိုဟာ၂၀၁၆ခုနှစ်တွင်စိန့်ပေါ်လီမှပြောင်းလာပြီးကတည်းကဒေါ့မွန်တွင်ကစားလာခဲ့သူဖြစ်ပါတယ်။

မူကိုကိုက “အခြားကလပ်တွေရဲ့စိတ်ဝင်စားခြင်းခံရလို့ဂုဏ်ယူပါတယ်။ဒါပေမဲ့နောက်ဆုံးဆုံးဖြတ်ချက်ကနှလုံးသားကနေလာတာပါ။ဒီပရိသတ်တွေကကျွန်တော့်ကိုအမြဲအားပေးတယ်။ပြီးတော့သူတို့အတွက်ကျွန်တော်ပြန်ပေးဆပ်ချင်တယ်။ကလပ်ကိုလည်းတစ်ခုခုပြန်လုပ်ပေးချင်တယ်”လို့ပြောကြားသွားပါတယ်။

မူကိုကိုဟာအသက်၁၈နှစ်သာရှိသေးပေမဲ့လည်းဂျာမနီနှင့်အတူ ၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲတွင်ပါဝင်ခဲ့ရခဲ့ပြီးဂျပန်ကိုရှုံးနိမ့်တဲ့ပွဲတွင်အရန်အဖြစ်တစ်ပွဲပါဝင်ကစားခွင့်ရခဲ့ပါတယ်။

သူဟာယခုရာသီတွင်ဒေါ့မွန်အတွက်ပြိုင်ပွဲအရပ်ရပ်တွင်၂၂ပွဲကစားထားရာမှာ၆ဂိုးသွင်းပြီး၆ကြိမ်ဖန်တီးမှုပြုလုပ်ထားပါတယ်။

ZawGyi

ေဒါ့မြန္ႏွင့္စာခ်ဳပ္သစ္ခ်ဳပ္ဆိုလိုက္တဲ့ ဂ်ာမနီပါရမီရွင္တိုက္စစ္မႉးမူကိုကို

ေဒါ့မြန္တိုက္စစ္မႉးယူဆြတ္ဖာမူကိုကိုဟာေဒါ့မြန္အသင္းတြင္၂၀၂၆ခုႏွစ္၊ဇြန္လ၃၀ရက္ေန႔အထိရွိေနမဲ့စာခ်ဳပ္သစ္အားခ်ဳပ္ဆိုလိုက္ပါတယ္။

အသက္၁၈ႏွစ္ရွိဂ်ာမနီလက္ေ႐ြးစင္တိုက္စစ္မႉးရဲ႕ယခင္စာခ်ဳပ္မွာလာမယ့္ေႏြရာသီမွာကုန္ဆုံးမွာျဖစ္ၿပီးခ်ဲလ္ဆီး၊ဘာစီလိုနာ၊ယူႏိုက္တက္၊အာဆင္နယ္တို႔ရဲ႕ပစ္မွတ္ထားျခင္းခံခဲ့ရပါတယ္။

မူကိုကိုဟာ၂၀၁၆ခုႏွစ္တြင္စိန႔္ေပၚလီမွေျပာင္းလာၿပီးကတည္းကေဒါ့မြန္တြင္ကစားလာခဲ့သူျဖစ္ပါတယ္။

မူကိုကိုက “အျခားကလပ္ေတြရဲ႕စိတ္ဝင္စားျခင္းခံရလို႔ဂုဏ္ယူပါတယ္။ဒါေပမဲ့ေနာက္ဆုံးဆုံးျဖတ္ခ်က္ကႏွလုံးသားကေနလာတာပါ။ဒီပရိသတ္ေတြကကြၽန္ေတာ့္ကိုအၿမဲအားေပးတယ္။ၿပီးေတာ့သူတို႔အတြက္ကြၽန္ေတာ္ျပန္ေပးဆပ္ခ်င္တယ္။ကလပ္ကိုလည္းတစ္ခုခုျပန္လုပ္ေပးခ်င္တယ္”လို႔ေျပာၾကားသြားပါတယ္။

မူကိုကိုဟာအသက္၁၈ႏွစ္သာရွိေသးေပမဲ့လည္းဂ်ာမနီႏွင့္အတူ ၂၀၂၂ကမာၻ႔ဖလားၿပိဳင္ပြဲတြင္ပါဝင္ခဲ့ရခဲ့ၿပီးဂ်ပန္ကိုရႈံးနိမ့္တဲ့ပြဲတြင္အရန္အျဖစ္တစ္ပြဲပါဝင္ကစားခြင့္ရခဲ့ပါတယ္။

သူဟာယခုရာသီတြင္ေဒါ့မြန္အတြက္ၿပိဳင္ပြဲအရပ္ရပ္တြင္၂၂ပြဲကစားထားရာမွာ၆ဂိုးသြင္းၿပီး၆ႀကိမ္ဖန္တီးမႈျပဳလုပ္ထားပါတယ္။