ဒေါ့မွန်နှင့်ပွဲစဉ်မှ ချဲလ်ဆီးရဲ့အငြင်းပွားဖွယ် ပင်နယ်တီ ဆုံးဖြတ်ချက်ကြောင့် VAR ကို ဘောလုံးပရိသတ်များ ဝေဖန်

ဘောလုံးပရိသတ်များဟာမနေ့ညတုန်းကဒေါ့မွန်နှင့်ချန်ပီယံလိဂ်၁၆သင်းရှုံးထွက်အဆင့်ဒုတိယအကျော့ပွဲစဉ်မှချဲလ်ဆီးဘက်သို့အငြင်းပွားဖွယ်ပင်နယ်တီပေးခဲ့မှုအတွက်VAR ကိုအပြင်းအထန်ဝေဖန်လာကြပါတယ်။

ချဲလ်ဆီးဟာပထမပိုင်းတွင်ရာဟမ်းစတာလင်းရဲ့ဂိုးကြောင့်စတမ်းဖို့ဒ်ဘရစ်ချ်တွင်ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒေါ့မွန်ဟာဂျာမန်မြေမှာ၁-၀ဂိုးဖြင့်အနိုင်ရရှိခဲ့ရာတကယ်လို့များ၁-၀ဖြင့်သာပြီးဆုံးပါကအချိန်ပိုကစားရပါမယ်။ဒါပေမဲ့ဘင်ချဲလ်ဝဲလ်ရဲ့ဖြတ်တင်ဘောမှာဒေါ့မွန်အလယ်တန်းကစားသမားမာရီယပ်စ်ဝုဖ်ရဲ့လက်ကိုထိသွားမှုနှင့်အတူချဲလ်ဆီးတို့ပင်နယ်တီရရှိခဲ့ပါတယ်။

ကွင်းလယ်ဒိုင်လူကြီးဒန်နီမစ်ကီလီဟာကွင်းဘေးရှိမော်နီတာတွင်စစ်ဆေးရန်VAR ရဲ့ပြောကြားခြင်းခံရပြီးနောက်ပင်နယ်တီပေးခဲ့တာလည်းဖြစ်ပါတယ်။

ယင်းပင်နယ်တီကိုကိုင်ဟာဗတ်ဇ်ကန်ခဲ့ရာမှာဒေါ့မွန်ဂိုးသမားအလက်ဇန္ဒားမေယာကမှားယွင်းတဲ့ဘက်သို့ဒိုင်ဗင်ပစ်ခဲ့ပေမဲ့လည်းဘောလုံးမှာတိုင်ထိသွားခဲ့ပါတယ်။

ဒါပေမဲ့ဒေါ့မွန်ကစားသမားတို့မှာပင်နယ်တီဧရိယာအတွင်းသို့ဝင်ရောက်တယ်ဆိုပြီးယင်းပင်နယ်တီကိုပြန်ကန်စေခဲ့ပါတယ်။ယခုတကြိမ်တွင်လည်းဟာဗက်ဇ်ကပင် ဆက်ကန်ခဲ့ပြီးညာထောင့်သို့ကန်သွင်းယူခဲ့ပါတယ်။

ချဲလ်ဆီးဟာဒေါ့မွန်ကို၂-၀ဂိုးဖြင့်အနိုင်ရရှိမှုနှင့်အတူ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဆင့်သို့ဘင်ဖီကာနှင့်အတူတက်ရောက်သွားခဲ့ပါတယ်။

ဒါပေမဲ့လည်းဘောလုံးပရိသတ်များဟာချဲလ်ဆီးဘက်သို့အငြင်းပွားဖွယ်ပင်နယ်တီပေးခဲ့တဲ့ အပြင်ပင်နယ်တီကိုပြန်ကန်စေခဲ့တဲ့VAR ကိုအပြင်းအထန်ဝေဖန်နေကြပါတယ်။

ပရိသတ်တစ်ဦးက “ဘောလုံးပွဲဖျက်ဆီးနေတာ VARပဲ။ပင်နယ်တီပေးစရာအကြောင်းမရှိဘူး။ပင်နယ်တီကိုပြန်ကန်ခိုင်းသေးတယ်။တကယ့်ကိုရယ်စရာပဲ”လို့ဆိုသွားပါတယ်။

အခြားတစ်ဦးကလည်း “ပင်နယ်တီပြန်ကန်ခိုင်းတဲ့ဆုံးဖြတ်ချက်ကတော့လုံးဝလက်ခံနိုင်စရာမရှိဘူး။ချဲလ်ဆီးကစးသမားတွေလည်းဧရိယာအတွင်းဝင်ကြတာပဲ။VAR ဒိုင်တွေကလက်ခံနိုင်စရာမရှိဘူး”လို့ဆိုသွားပါတယ်။

ZawGyi

ေဒါ့မြန္ႏွင့္ပြဲစဥ္မွ ခ်ဲလ္ဆီးရဲ႕အျငင္းပြားဖြယ္ ပင္နယ္တီ ဆုံးျဖတ္ခ်က္ေၾကာင့္ VAR ကို ေဘာလုံးပရိသတ္မ်ား ေဝဖန္

ေဘာလုံးပရိသတ္မ်ားဟာမေန႔ညတုန္းကေဒါ့မြန္ႏွင့္ခ်န္ပီယံလိဂ္၁၆သင္းရႈံးထြက္အဆင့္ဒုတိယအေက်ာ့ပြဲစဥ္မွခ်ဲလ္ဆီးဘက္သို႔အျငင္းပြားဖြယ္ပင္နယ္တီေပးခဲ့မႈအတြက္VAR ကိုအျပင္းအထန္ေဝဖန္လာၾကပါတယ္။

ခ်ဲလ္ဆီးဟာပထမပိုင္းတြင္ရာဟမ္းစတာလင္းရဲ႕ဂိုးေၾကာင့္စတမ္းဖို႔ဒ္ဘရစ္ခ်္တြင္ဦးေဆာင္ႏိုင္ခဲ့ပါတယ္။

ေဒါ့မြန္ဟာဂ်ာမန္ေျမမွာ၁-၀ဂိုးျဖင့္အႏိုင္ရရွိခဲ့ရာတကယ္လို႔မ်ား၁-၀ျဖင့္သာၿပီးဆုံးပါကအခ်ိန္ပိုကစားရပါမယ္။ဒါေပမဲ့ဘင္ခ်ဲလ္ဝဲလ္ရဲ႕ျဖတ္တင္ေဘာမွာေဒါ့မြန္အလယ္တန္းကစားသမားမာရီယပ္စ္ဝုဖ္ရဲ႕လက္ကိုထိသြားမႈႏွင့္အတူခ်ဲလ္ဆီးတို႔ပင္နယ္တီရရွိခဲ့ပါတယ္။

ကြင္းလယ္ဒိုင္လူႀကီးဒန္နီမစ္ကီလီဟာကြင္းေဘးရွိေမာ္နီတာတြင္စစ္ေဆးရန္VAR ရဲ႕ေျပာၾကားျခင္းခံရၿပီးေနာက္ပင္နယ္တီေပးခဲ့တာလည္းျဖစ္ပါတယ္။

ယင္းပင္နယ္တီကိုကိုင္ဟာဗတ္ဇ္ကန္ခဲ့ရာမွာေဒါ့မြန္ဂိုးသမားအလက္ဇႏၵားေမယာကမွားယြင္းတဲ့ဘက္သို႔ဒိုင္ဗင္ပစ္ခဲ့ေပမဲ့လည္းေဘာလုံးမွာတိုင္ထိသြားခဲ့ပါတယ္။

ဒါေပမဲ့ေဒါ့မြန္ကစားသမားတို႔မွာပင္နယ္တီဧရိယာအတြင္းသို႔ဝင္ေရာက္တယ္ဆိုၿပီးယင္းပင္နယ္တီကိုျပန္ကန္ေစခဲ့ပါတယ္။ယခုတႀကိမ္တြင္လည္းဟာဗက္ဇ္ကပင္ ဆက္ကန္ခဲ့ၿပီးညာေထာင့္သို႔ကန္သြင္းယူခဲ့ပါတယ္။

ခ်ဲလ္ဆီးဟာေဒါ့မြန္ကို၂-၀ဂိုးျဖင့္အႏိုင္ရရွိမႈႏွင့္အတူ ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္အဆင့္သို႔ဘင္ဖီကာႏွင့္အတူတက္ေရာက္သြားခဲ့ပါတယ္။

ဒါေပမဲ့လည္းေဘာလုံးပရိသတ္မ်ားဟာခ်ဲလ္ဆီးဘက္သို႔အျငင္းပြားဖြယ္ပင္နယ္တီေပးခဲ့တဲ့ အျပင္ပင္နယ္တီကိုျပန္ကန္ေစခဲ့တဲ့VAR ကိုအျပင္းအထန္ေဝဖန္ေနၾကပါတယ္။

ပရိသတ္တစ္ဦးက “ေဘာလုံးပြဲဖ်က္ဆီးေနတာ VARပဲ။ပင္နယ္တီေပးစရာအေၾကာင္းမရွိဘူး။ပင္နယ္တီကိုျပန္ကန္ခိုင္းေသးတယ္။တကယ့္ကိုရယ္စရာပဲ”လို႔ဆိုသြားပါတယ္။

အျခားတစ္ဦးကလည္း “ပင္နယ္တီျပန္ကန္ခိုင္းတဲ့ဆုံးျဖတ္ခ်က္ကေတာ့လုံးဝလက္ခံႏိုင္စရာမရွိဘူး။ခ်ဲလ္ဆီးကစးသမားေတြလည္းဧရိယာအတြင္းဝင္ၾကတာပဲ။VAR ဒိုင္ေတြကလက္ခံႏိုင္စရာမရွိဘူး”လို႔ဆိုသြားပါတယ္။