
ချဲလ်ဆီးဟာမနေ့ညတုန်းကဒေါ့မွန်နှင့်ချန်ပီယံလိဂ်၁၆သင်းရှုံးထွက်အဆင့်ပထမအကျော့ပွဲစဉ်မှာဝါရင့်နောက်ခံလူတီယာဂိုဆေးလ်ဗားရဲ့ဂိုးဖြင့်ပွဲကိုဦးဆောင်နိုင်ခဲ့ပါတယ်။
ဒါပေမဲ့ဘရာဇီးနောက်ခံလူဟာဘောလုံးဂန္ထဝင်ဒီယေဂိုမာရာဒိုနာလိုလက်နဲ့ပုတ်ပြီးဂိုးသွင်းခဲ့တာဖြစ်ပါတယ်။
မနေ့ညကပွဲတွင်ချဲလ်ဆီးဟာရီစီဂျိမ်းစ်ရဲ့ဖရီးကစ်ကနေဘရာဇီးနောက်ခံလူရဲ့လက်ဖြင့်ပုတ်သွင်းတဲ့ဂိုးဖြင့်ဦးဆောင်ဂိုးရခဲ့တာလည်းဖြစ်ပါတယ်။ဒါပေမဲ့တီယာဂိုဆေးလ်ဗားရဲ့ဂိုးကိုလက်နဲ့ထိတယ်ဆိုပြီးခွင့်မပြုခဲ့ပါဘူး။
အသက်၃၈နှစ်ရှိတီယာဂိုဆေးလ်ဗားဟာဘောလုံးကိုလက်ဖြင့်တမင်ထိအောင်လုပ်တဲ့အတွက်အဝါကတ်ပါအပြခံခဲ့ရပါသေးတယ်။
မနေ့ညကပွဲတွင်ဒေါ့မွန်ဟာအဒီယီမီရဲ့ဒုတိယပိုင်းတွင်ကိုက်၇၀အကွာဆွဲပြေးပြီးတကိုယ်တော်အစွမ်းဖြင့်သွင်းယူတဲ့ဂိုးဖြင့်ချဲလ်ဆီးကို၁-၀ဂိုးဖြင့်အနိုင်ရရှိခဲ့ပါတယ်။
ZawGyi
ဒေါ့မွန်နှင့်ပွဲတွင် မာရာဒိုနာလို ဂိုးသွင်းဖို့ ကြိုးစားခဲ့တဲ့ တီယာဂိုဆေးလ်ဗား