ဒေါ့မွန်အနာဂတ်ကို မဆုံးဖြတ်ရသေးကြောင်း ဟာလန်းပြောကြား

အာလင်းဟာလန်းကအနာဂတ်နှင့်ပတ်သက်ပြီးတစ်စုံတစ်ရာဆုံးဖြတ်ရခြင်းမရှိသေးကြောင်းပြောကြားလာပါတယ်။ဒေါ့မွန်တိုက်စစ်မှူးဟာဥရောပထိပ်သီးကလပ်များဖြစ်ကြတဲ့ချဲလ်ဆီး၊မန်ယူ၊မန်စီးတီးနှင့်ဘာစီလိုနာတို့ရဲ့ပစ်မှတ်ထားခြင်းခံနေရသူဖြစ်ပါတယ်။

အသက်၂၀နှစ်ရှိနော်ဝေပါရမီရှင်တိုက်စစ်မှူးဟာဒေါ့မွန်အတွက်၅၉ပွဲကစားထားရာမှာ၅၇ဂိုးအထိသွင်းယူထားနိုင်ပါတယ်။သူဟာဒေါ့မွန်တွင်တစ်ရာသီခွဲသာကစားထားရာနောက်ထပ်အနည်းဆုံးတစ်ရာသီဆက်ကစားနိုင်သေးတယ်လို့ယူဆခြင်းခံထားရပါတယ်။

ဒါပေမယ့်ဥရောပထိပ်သီးကလပ်များကဟာလန်းအားခေါ်ယူရေးအတွက်ရှေ့တိုးလုပ်ဆောင်နေရာယခုနွေရာသီတွင်လည်းအပြောင်းအရွှေ့ဖြစ်လာနိုင်ပါတယ်။

ဟာလန်းက “ဒါနဲ့ပတ်သက်ပြီးမစဉ်းစားပါဘူး။နိုင်ငံတကာပွဲတွေပြီးရင်အပန်းဖြေပါမယ်။ပြီးရင်ရာသီကြိုအတွက်သတင်းပို့ပါမယ်”လို့ပြောကြားထားပါတယ်။

တစ်ဖက်တွင်ဒေါ့မွန်ကလည်းဟာလန်းကိုနောက်ထပ်တစ်ရာသီဆက်ထိန်းထားမည်ဖြစ်ကြောင်းကြေညာထားပါတယ်။အာလင်းဟာလန်းရဲ့စာချုပ်အတွင်းတွင်၂၀၂၂ခုနှစ်နွေရာသီတွင်ယူရို၇၅ဖြင့်ပြောင်းရွှေ့နိုင်တဲ့အချက်ကိုထည့်သွင်းချုပ်ဆိုထားပါတယ်။

ZawGyi

ေဒါ့မြန္အနာဂတ္ကို မဆုံးျဖတ္ရေသးေၾကာင္း ဟာလန္းေျပာၾကား

အာလင္းဟာလန္းကအနာဂတ္ႏွင့္ပတ္သက္ၿပီးတစ္စုံတစ္ရာဆုံးျဖတ္ရျခင္းမရွိေသးေၾကာင္းေျပာၾကားလာပါတယ္။ေဒါ့မြန္တိုက္စစ္မႉးဟာဥေရာပထိပ္သီးကလပ္မ်ားျဖစ္ၾကတဲ့ခ်ဲလ္ဆီး၊မန္ယူ၊မန္စီးတီးႏွင့္ဘာစီလိုနာတို႔ရဲ႕ပစ္မွတ္ထားျခင္းခံေနရသူျဖစ္ပါတယ္။

အသက္၂၀ႏွစ္ရွိေနာ္ေဝပါရမီရွင္တိုက္စစ္မႉးဟာေဒါ့မြန္အတြက္၅၉ပြဲကစားထားရာမွာ၅၇ဂိုးအထိသြင္းယူထားႏိုင္ပါတယ္။သူဟာေဒါ့မြန္တြင္တစ္ရာသီခြဲသာကစားထားရာေနာက္ထပ္အနည္းဆုံးတစ္ရာသီဆက္ကစားႏိုင္ေသးတယ္လို႔ယူဆျခင္းခံထားရပါတယ္။

ဒါေပမယ့္ဥေရာပထိပ္သီးကလပ္မ်ားကဟာလန္းအားေခၚယူေရးအတြက္ေရွ႕တိုးလုပ္ေဆာင္ေနရာယခုေႏြရာသီတြင္လည္းအေျပာင္းအေ႐ႊ႕ျဖစ္လာႏိုင္ပါတယ္။

ဟာလန္းက “ဒါနဲ႔ပတ္သက္ၿပီးမစဥ္းစားပါဘူး။ႏိုင္ငံတကာပြဲေတြၿပီးရင္အပန္းေျဖပါမယ္။ၿပီးရင္ရာသီႀကိဳအတြက္သတင္းပို႔ပါမယ္”လို႔ေျပာၾကားထားပါတယ္။

တစ္ဖက္တြင္ေဒါ့မြန္ကလည္းဟာလန္းကိုေနာက္ထပ္တစ္ရာသီဆက္ထိန္းထားမည္ျဖစ္ေၾကာင္းေၾကညာထားပါတယ္။အာလင္းဟာလန္းရဲ႕စာခ်ဳပ္အတြင္းတြင္၂၀၂၂ခုႏွစ္ေႏြရာသီတြင္ယူ႐ို၇၅ျဖင့္ေျပာင္းေ႐ႊ႕ႏိုင္တဲ့အခ်က္ကိုထည့္သြင္းခ်ဳပ္ဆိုထားပါတယ္။