
ချဲလ်ဆီးကစားသမားသစ်ဒေးဗစ်ဖိုဖာနာရဲ့ကလပ်ဟောင်းဟာဖီဖာထံသို့ အပြောင်းအရွှေ့အားပယ်ဖျက်ပေးရန်တောင်းဆိုမှုပြုလုပ်လာပါတယ်။
အသက်၂၀နှစ်ရှိဒေးဗစ်ဖိုဖာနာဟာမိုလ်ဒီမှချဲလ်ဆီးသို့ပေါင်၈သန်းဖြင့် ပြောင်းခဲ့ပါတယ်။ချဲလ်ဆီးဟာနိုင်ငံတကာစာရွက်စာတမ်းရေးရာများရှင်းလင်းသွားပြီးနောက်ဖိုဖာနာကိုခြောက်နှစ်ခွဲစာချုပ်ချုပ်ဆိုခဲ့ပါတယ်။
သူဟာတနင်္ဂနွေနေ့ညတုန်းကမန်စီးတီးကို၄-၀ဂိုးဖြင့်ရှုံးနိမ့်တဲ့အက်ဖ်အေဖလားပွဲစဉ်တွင်ချဲလ်ဆီးအရန်စာရင်းတွင်ပါဝင်ခဲ့ပါတယ်။
ဒါပေမဲ့ဖိုဖာနာရဲ့ပထမဆုံးကလပ်ဟာဖိုဖာနာရဲ့ချဲလ်ဆီးအပြောင်းအရွှေ့ကိုဖျက်သိမ်းပေးရန်ဖီဖာထံတိုင်ကြားလာပါတယ်။တိုက်စစ်မှူးဟာအိုင်ဗရီကို့စ်ကလပ်Abidjan Cityတွင်ကစားပြီးနောက်၂၀၁၉ခုနှစ်တွင်အငှားဖြင့်Amadou Diallo Football Academyသို့ပြောင်းခဲ့ပါတယ်။
Daily Mail ရဲ့ဖော်ပြချက်အရAbidjanကသူ့ရဲ့ပထမဆုံးပရော်ဖက်ရှင်နယ်အပြောင်းအရွှေ့ဖြစ်တဲ့ ၂၀၂၁ခုနှစ်ဖေဖော်ဝါရီလတုန်းကမိုလ်ဒီသို့ပြောင်းရွှေ့မှုမှာစည်းမျဉ်းစည်းကမ်းနဲ့မကိုက်ညီကြောင်းဆိုကာတိုင်ချက်ဖွင့်လာတာလည်းဖြစ်ပါတယ်။
ကလပ်နှင့်ဖိုဖာနာတို့အကြားပြဿနာတက်ခြင်းမှာ၂၀၁၆ခုနှစ်တုန်းကအသက်၁၅နှစ်အရွယ်တွင်စာချုပ်ချုပ်ဆိုခဲ့မှုကြောင့်ဖြစ်ပါတယ်။
ZawGyi
ဒေးဗစ်ဖိုဖာနာရဲ့ချဲလ်ဆီးအပြောင်းအရွှေ့ကို ပယ်ဖျက်ပေးရန် ဖီဖာထံ ကလပ်ဟောင်းတောင်းဆိုလာ
သူဟာတနင်္ဂနွေနေ့ညတုန်းကမန်စီးတီးကို၎-၀ဂိုးဖြင့်ရှုံးနိမ့်တဲ့အက်ဖ်အေဖလားပွဲစဉ်တွင်ချဲလ်ဆီးအရန်စာရင်းတွင်ပါဝင်ခဲ့ပါတယ်။