ဒေးဗစ်ဘက်ဟမ်းရဲ့ဖရီးကစ်စံချိန်ကို လိုက်မီတော့မဲ့ ဆောက်သမ်တန်အသင်းခေါင်းဆောင်

မိဘပန်းခြံမှာဖရီးကစ်လေ့ကျင့်မှုကနေကမ္ဘာ့အကောင်းဆုံးဖရီးကစ်ကန်ကောင်းသူများထဲမှတစ်ဦးဖြစ်လာဖို့ ဂျိမ်းစ်ဝတ်ပရောက်စ်ဟာကာလရှည်ကြာလုပ်ဆောင်လာခဲ့ရတာဖြစ်ပါတယ်။

ဆောက်သမ်တန်အသင်းခေါင်းဆောင်ဂျိမ်းစ်ဝတ်ပရောက်စ်ဟာမနေ့ညတုန်းကစတမ်းဖို့ဒ်ဘရစ်ချ်တွင်ချဲလ်ဆီးအား၁-၀ဂိုးဖြင့်အနိုင်ရတဲ့ပွဲမှာ၁၇ဂိုးမြောက်ဖရီးကစ်ဂိုးကိုသွင်းယူနိုင်ခဲ့ပါတယ်။

ပရီးမီးယားလိဂ်အမှတ်ပေးဇယားကြမ်းခင်းမှာရပ်တည်နေတဲ့ဂျိမ်းစ်ဝတ်ပရောက်စ်ရဲ့တစ်လုံးတည်းသောဖရီးကစ်ဂိုးနဲ့ ဂရေဟမ်ပေါ်တာရဲ့ချဲလ်ဆီးကို၁-၀ဂိုးဖြင့်အနိုင်ရရှိခဲ့ပါတယ်။

သူဟာယင်းဖရီးကစ်ဂိုးကြောင့်ပရီးမီးယားလိဂ်ဖရီးကစ်ဂိုး၁၇ဂိုးရှိသွားပြီဖြစ်ကာဒေးဗစ်ဘက်ဟမ်းရဲ့ပရီးမီးယားလိဂ်ဖရီးကစ်ဂိုးစံချိန် ၁၈ ဂိုးမှတ်တမ်းကိုလိုက်မီဖို့ တစ်ဂိုးတည်းသာလိုပါတော့တယ်။

ဂျိမ်းစ်ဝတ်ပရောက်စ်က “အရမ်းကိုအံ့ဩစရာကောင်းတဲ့ခံစားချက်ပါ။ကျွန်တော်ဟာဒီဂိုး(ချဲလ်ဆီးဂိုး)ထက်ကောင်းတဲ့ဂိုးတွေသွင်းခဲ့ပါတယ်။ဒါပေမဲ့သွင်းနိုင်လို့ဝမ်းသာတယ်။ဘဝမှဘယ်ကျွမ်းကျင်မှုကိုမဆိုကြိုးစားရင်ပြီးပြည့်စုံလာတာပါပဲ။ကျွန်တော်ငယ်ငယ်တုန်းကမိဘတွေရဲ့ပန်းခြံမှာကန်ပြီးဖရီးကစ်ကန်ဖို့အိပ်မက်မက်ခဲ့တယ်။ဒီနေ့လုပ်နိုင်လို့ဝမ်းသာပါတယ်”လို့ပြောကြားသွားပါတယ်။

ZawGyi

ေဒးဗစ္ဘက္ဟမ္းရဲ႕ဖရီးကစ္စံခ်ိန္ကို လိုက္မီေတာ့မဲ့ ေဆာက္သမ္တန္အသင္းေခါင္းေဆာင္

မိဘပန္းၿခံမွာဖရီးကစ္ေလ့က်င့္မႈကေနကမာၻ႔အေကာင္းဆုံးဖရီးကစ္ကန္ေကာင္းသူမ်ားထဲမွတစ္ဦးျဖစ္လာဖို႔ ဂ်ိမ္းစ္ဝတ္ပေရာက္စ္ဟာကာလရွည္ၾကာလုပ္ေဆာင္လာခဲ့ရတာျဖစ္ပါတယ္။

ေဆာက္သမ္တန္အသင္းေခါင္းေဆာင္ဂ်ိမ္းစ္ဝတ္ပေရာက္စ္ဟာမေန႔ညတုန္းကစတမ္းဖို႔ဒ္ဘရစ္ခ်္တြင္ခ်ဲလ္ဆီးအား၁-၀ဂိုးျဖင့္အႏိုင္ရတဲ့ပြဲမွာ၁၇ဂိုးေျမာက္ဖရီးကစ္ဂိုးကိုသြင္းယူႏိုင္ခဲ့ပါတယ္။

ပရီးမီးယားလိဂ္အမွတ္ေပးဇယားၾကမ္းခင္းမွာရပ္တည္ေနတဲ့ဂ်ိမ္းစ္ဝတ္ပေရာက္စ္ရဲ႕တစ္လုံးတည္းေသာဖရီးကစ္ဂိုးနဲ႔ ဂေရဟမ္ေပၚတာရဲ႕ခ်ဲလ္ဆီးကို၁-၀ဂိုးျဖင့္အႏိုင္ရရွိခဲ့ပါတယ္။

သူဟာယင္းဖရီးကစ္ဂိုးေၾကာင့္ပရီးမီးယားလိဂ္ဖရီးကစ္ဂိုး၁၇ဂိုးရွိသြားၿပီျဖစ္ကာေဒးဗစ္ဘက္ဟမ္းရဲ႕ပရီးမီးယားလိဂ္ဖရီးကစ္ဂိုးစံခ်ိန္ ၁၈ ဂိုးမွတ္တမ္းကိုလိုက္မီဖို႔ တစ္ဂိုးတည္းသာလိုပါေတာ့တယ္။

ဂ်ိမ္းစ္ဝတ္ပေရာက္စ္က “အရမ္းကိုအံ့ဩစရာေကာင္းတဲ့ခံစားခ်က္ပါ။ကြၽန္ေတာ္ဟာဒီဂိုး(ခ်ဲလ္ဆီးဂိုး)ထက္ေကာင္းတဲ့ဂိုးေတြသြင္းခဲ့ပါတယ္။ဒါေပမဲ့သြင္းႏိုင္လို႔ဝမ္းသာတယ္။ဘဝမွဘယ္ကြၽမ္းက်င္မႈကိုမဆိုႀကိဳးစားရင္ၿပီးျပည့္စုံလာတာပါပဲ။ကြၽန္ေတာ္ငယ္ငယ္တုန္းကမိဘေတြရဲ႕ပန္းၿခံမွာကန္ၿပီးဖရီးကစ္ကန္ဖို႔အိပ္မက္မက္ခဲ့တယ္။ဒီေန႔လုပ္ႏိုင္လို႔ဝမ္းသာပါတယ္”လို႔ေျပာၾကားသြားပါတယ္။