ဒေးဗစ်ဘက်ဟမ်းရဲ့အင်တာမီယာမီသို့ လီယွန်နယ်မက်ဆီပြောင်းရွေ့ရန်နီးစပ်

လီယွန်နယ်မက်ဆီဟာရာသီအကုန်တွင်ပီအက်စ်ဂျီနှင့်စာချုပ်သက်တမ်းကုန်ဆုံးပြီးပါကအမေရိကန်မေဂျာလိဂ်ကလပ်အင်တာမီယာမီသို့ပြောင်းမယ်လို့သတင်းထွက်ပေါ်လာပါတယ်။

အသက်၃၅နှစ်ရှိမက်ဆီဟာ၂၀၂၁ခုနှစ်နွေရာသီတုန်းကဘာစီလိုနာမှထွက်ခွာကာပီအက်စ်ဂျီသို့နှစ်နှစ်စာချုပ်ဖြင့်ပြောင်းရွှေ့လာခဲ့သူဖြစ်ပါတယ်။

သူဟာပြင်သစ်ဘောလုံးလောကပထမဆုံးရာသီတွင်လီဂူး၁မှာ၆ဂိုးတည်းသာသွင်းယူပြီးရုန်းကန်ခဲ့ရပါတယ်။ဒါပေမဲ့သူဟာယခုရာသီမှာအကောင်းဆုံးပုံစံရလာရုံတင်မက အကောင်းဆုံးရာသီတစ်ခုကိုပါပိုင်ဆိုင်နိုင်မဲ့အလားအလာတွင်ရှိနေပါတယ်။

သူဟာယခုရာသီပြိုင်ပွဲအရပ်ရပ်တွင်ပီအက်စ်ဂျီအတွက်၁၇ပွဲကစားထားရာမှာ၁၂ဂိုးသွင်းယူပြီး၁၃ကြိမ်ဖန်တီးမှုပြုလုပ်ထားနိုင်ပါတယ်။

အာဂျင်တီးနားစူပါစတားဟာယခုရာသီအကုန်တွင်ပီအက်စ်ဂျီနှင့်စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်တာနဲ့အညီ ပဲရစ်တွင်ဆက်နေမလား၊အသင်းဟောင်းဘာစီလိုနာသို့ပြောင်းမလား၊ ဒါမှမဟုတ်အခြားကလပ်တစ်ခုသို့ပြောင်းမလားဆိုပြီးသတင်းတွေထွက်ပေါ်နေပါတယ်။

ဒါပေမဲ့ယနေ့ထွက်ပေါ်လာတဲ့သတင်းအရ Ballon d’Or ခုနှစ်ကြိမ်ရလီယွန်နယ်မက်ဆီဟာအင်တာမီယာမီသို့ပြောင်းရန်ပိုမိုနီးစပ်နေကြောင်းသိရပါတယ်။

The Athletic ရဲ့ဖော်ပြမှုအရဒေးဗစ်ဘက်ဟမ်းပူးတွဲပိုင်ဆိုင်တဲ့အင်တာမီယာမီဟာလွန်ခဲ့တဲ့နှစ်များစွာကတည်းကလီယွန်နယ်မက်ဆီနှင့်ဆွေးနွေးလာမှုနှင့်အတူခေါ်ယူရေးအတွက်ပိုမိုအခြေအနေကောင်းနေကြောင်းသိရပါတယ်။

ဒါပေမဲ့လီယွန်နယ်မက်ဆီဘက်ကတော့ရာသီအကုန်တွင်ဘယ်မှာကစားမယ်ဆိုတာနဲ့ပတ်သက်ပြီးဆုံးပြီးပုံမရပါဘူး။မက်ဆီနှင့်ဖခင်ဖြစ်သူဟာကမ္ဘာ့ဖလားပြိုင်ပွဲအပြီးတွင်မှအနာဂတ်နှင့်ပတ်သက်ပြီးစဉ်းစားလာပါမယ်။

မက်ဆီဟာလာမယ့်ဇန်နဝါရီလမှစတင်ကာ နိုင်ငံခြားကလပ်နှင့်လွတ်လပ်စွာဆွေးနွေးခွင့်ရှိသလိုအကြိုစာချုပ်ပါချုပ်ဆိုခွင့်ရှိနေပါတယ်။

တကယ်လို့များလီယွန်နယ်မက်ဆီသာအင်တာမီယာမီသို့ပြောင်းရွှေ့လာပါက၂၀၀၇ခုနှစ်တွင်အယ်လ်အေဂလက်ဆီသို့ဒေးဗစ်ဘက်ဟမ်းပြောင်းရွှေ့ပြီးနောက် အကြီးကျယ်ဆုံးမေဂျာလိဂ်ရဲ့အပြောင်းအရွှေ့ဖြစ်လာပါမယ်။

ZawGyi

ေဒးဗစ္ဘက္ဟမ္းရဲ႕အင္တာမီယာမီသို႔ လီယြန္နယ္မက္ဆီေျပာင္းမည္

လီယြန္နယ္မက္ဆီဟာရာသီအကုန္တြင္ပီအက္စ္ဂ်ီႏွင့္စာခ်ဳပ္သက္တမ္းကုန္ဆုံးၿပီးပါကအေမရိကန္ေမဂ်ာလိဂ္ကလပ္အင္တာမီယာမီသို႔ေျပာင္းမယ္လို႔သတင္းထြက္ေပၚလာပါတယ္။

အသက္၃၅ႏွစ္ရွိမက္ဆီဟာ၂၀၂၁ခုႏွစ္ေႏြရာသီတုန္းကဘာစီလိုနာမွထြက္ခြာကာပီအက္စ္ဂ်ီသို႔ႏွစ္ႏွစ္စာခ်ဳပ္ျဖင့္ေျပာင္းေ႐ႊ႕လာခဲ့သူျဖစ္ပါတယ္။

သူဟာျပင္သစ္ေဘာလုံးေလာကပထမဆုံးရာသီတြင္လီဂူး၁မွာ၆ဂိုးတည္းသာသြင္းယူၿပီး႐ုန္းကန္ခဲ့ရပါတယ္။ဒါေပမဲ့သူဟာယခုရာသီမွာအေကာင္းဆုံးပုံစံရလာ႐ုံတင္မက အေကာင္းဆုံးရာသီတစ္ခုကိုပါပိုင္ဆိုင္ႏိုင္မဲ့အလားအလာတြင္ရွိေနပါတယ္။

သူဟာယခုရာသီၿပိဳင္ပြဲအရပ္ရပ္တြင္ပီအက္စ္ဂ်ီအတြက္၁၇ပြဲကစားထားရာမွာ၁၂ဂိုးသြင္းယူၿပီး၁၃ႀကိမ္ဖန္တီးမႈျပဳလုပ္ထားႏိုင္ပါတယ္။

အာဂ်င္တီးနားစူပါစတားဟာယခုရာသီအကုန္တြင္ပီအက္စ္ဂ်ီႏွင့္စာခ်ဳပ္သက္တမ္းကုန္ဆုံးမွာျဖစ္တာနဲ႔အညီ ပဲရစ္တြင္ဆက္ေနမလား၊အသင္းေဟာင္းဘာစီလိုနာသို႔ေျပာင္းမလား၊ ဒါမွမဟုတ္အျခားကလပ္တစ္ခုသို႔ေျပာင္းမလားဆိုၿပီးသတင္းေတြထြက္ေပၚေနပါတယ္။

ဒါေပမဲ့ယေန႔ထြက္ေပၚလာတဲ့သတင္းအရ Ballon d’Or ခုႏွစ္ႀကိမ္ရလီယြန္နယ္မက္ဆီဟာအင္တာမီယာမီသို႔ေျပာင္းရန္ပိုမိုနီးစပ္ေနေၾကာင္းသိရပါတယ္။

The Athletic ရဲ႕ေဖာ္ျပမႈအရေဒးဗစ္ဘက္ဟမ္းပူးတြဲပိုင္ဆိုင္တဲ့အင္တာမီယာမီဟာလြန္ခဲ့တဲ့ႏွစ္မ်ားစြာကတည္းကလီယြန္နယ္မက္ဆီႏွင့္ေဆြးေႏြးလာမႈႏွင့္အတူေခၚယူေရးအတြက္ပိုမိုအေျခအေနေကာင္းေနေၾကာင္းသိရပါတယ္။

ဒါေပမဲ့လီယြန္နယ္မက္ဆီဘက္ကေတာ့ရာသီအကုန္တြင္ဘယ္မွာကစားမယ္ဆိုတာနဲ႔ပတ္သက္ၿပီးဆုံးၿပီးပုံမရပါဘူး။မက္ဆီႏွင့္ဖခင္ျဖစ္သူဟာကမာၻ႔ဖလားၿပိဳင္ပြဲအၿပီးတြင္မွအနာဂတ္ႏွင့္ပတ္သက္ၿပီးစဥ္းစားလာပါမယ္။

မက္ဆီဟာလာမယ့္ဇန္နဝါရီလမွစတင္ကာ ႏိုင္ငံျခားကလပ္ႏွင့္လြတ္လပ္စြာေဆြးေႏြးခြင့္ရွိသလိုအႀကိဳစာခ်ဳပ္ပါခ်ဳပ္ဆိုခြင့္ရွိေနပါတယ္။

တကယ္လို႔မ်ားလီယြန္နယ္မက္ဆီသာအင္တာမီယာမီသို႔ေျပာင္းေ႐ႊ႕လာပါက၂၀၀၇ခုႏွစ္တြင္အယ္လ္ေအဂလက္ဆီသို႔ေဒးဗစ္ဘက္ဟမ္းေျပာင္းေ႐ႊ႕ၿပီးေနာက္ အႀကီးက်ယ္ဆုံးေမဂ်ာလိဂ္ရဲ႕အေျပာင္းအေ႐ႊ႕ျဖစ္လာပါမယ္။