
စပို့တင်းလစ္စဘွန်းစတားပီဒရိုဂိုဆယ်ဗစ်ဟာမနေ့ညတုန်းကအမ်းမရိတ်တွင်ကစားတဲ့အာဆင်နယ်နှင့်ယူရိုပါလိဂ်ပွဲစဉ်တွင်ကွင်းလယ်တစ်ဝက်လောက်မှဂိုးသွင်းယူခဲ့ပါတယ်။
စပို့တင်းလစ္စဘွန်းနှင့်အာဆင်နယ်တို့ဟာပေါ်တူဂီတွင်ကစားတဲ့ပထမအကျော့တုန်းက၂ဂိုးစီသရေကျခဲ့ပြီးမနေ့ညတုန်းကအမ်းမရိတ်ကွင်းတွင်ဒုတိယအကျော့ကစားခဲ့ပါတယ်။
အာဆင်နယ်ဟာပွဲအစမိနစ်၂၀မှာဂရာနစ်ဇာခါသွင်းယူတဲ့ဂိုးဖြင့်ပထမပိုင်းမှာ၁-၀ဂိုးဖြင့်အနိုင်ရရှိနေခဲ့ပါတယ်။
ဒါပေမဲ့ဒုတိယပိုင်းမှာတော့မီခေးလ်အာတီတာရဲ့အာဆင်နယ်ဟာတုန်လှုပ်စရာကြုံတွေ့ခဲ့ရပါတယ်။ဂိုဆယ်ဗစ်ဟာဒေးဗစ်ဘက်ဟမ်းလိုမျိုးကွင်းလယ်တစ်ဝက်လောက်ကနေ စပို့တင်းလစ္စဘွန်းအတွက်ချေပဂိုးသွင်းယူလာတာဖြစ်ပါတယ်။
အာဆင်နယ်အသင်းဘောလုံးဆုံးရှုံးသွားပြီးနောက်ဂိုဆယ်ဗစ်ရရှိသွားခဲ့ပါတယ်။သူဟာအာဆင်နယ်ဂိုးသမားရန်ဒေးလ်မှာရှေ့တက်နေကြောင်းတွေ့ရှိသွားပြီးနောက်ကွင်းလယ်တစ်ဝက်လောက်ကနေလှမ်းကန်ခဲ့တာလည်းဖြစ်ပါတယ်။
ဂိုဆယ်ဗစ်ရဲ့ကန်ချက်က၁၉၉၆ခုနှစ်တုန်းကဝင်ဘာလေနှင့်ပွဲတွင်ယူနိုက်တက်ဂန္ထဝင်ဒေးဗစ်ဘက်ဟမ်းသွင်းယူတဲ့ကွင်းလယ်တဝက်မှဂိုးနှင့်သွားတူနေပါတယ်။
မနေ့ညကပွဲတွင်အာဆင်နယ်နှင့်စပို့တင်းလစ္စဘွန်းတို့ဟာပွဲချိန်အတွင်း၁ဂိုးစီသရေကျနေမှုကြောင့်အချိန်ပိုကစားခဲ့ပြီးအချိန်မှာလည်းဂိုးမသွင်းနိုင်တာကြောင့်ပင်နယ်တီအဆုံးအဖြတ်ကန်ခဲ့ကြရပါတယ်။ပင်နယ်တီအဆုံးအဖြတ်တွင်စပို့တင်းလစ္စဘွန်းက၅-၃ဖြင့်အနိုင်ရရှိကာကွာတားဖိုင်နယ်သို့တက်သွားခဲ့ပါတယ်။
အာဆင်နယ်ဟာစပို့တင်းလစ္စဘွန်းအရှုံးကြောင့်ပြိုင်ပွဲအရပ်ရပ်၆ပွဲဆက်ရှုံးပွဲမရှိမှတ်တမ်းရပ်တန့်သွားခဲ့ပါတယ်။
ZawGyi
ေဒးဗစ္ဘက္ဟမ္းလို ကြင္းလယ္တစ္ဝက္မွ အာဆင္နယ္ဘက္သို႔ ဂိုးသြင္းခဲ့တဲ့ စပို႔တင္းစတား
စပို႔တင္းလစၥဘြန္းစတားပီဒ႐ိုဂိုဆယ္ဗစ္ဟာမေန႔ညတုန္းကအမ္းမရိတ္တြင္ကစားတဲ့အာဆင္နယ္ႏွင့္ယူ႐ိုပါလိဂ္ပြဲစဥ္တြင္ကြင္းလယ္တစ္ဝက္ေလာက္မွဂိုးသြင္းယူခဲ့ပါတယ္။
စပို႔တင္းလစၥဘြန္းႏွင့္အာဆင္နယ္တို႔ဟာေပၚတူဂီတြင္ကစားတဲ့ပထမအေက်ာ့တုန္းက၂ဂိုးစီသေရက်ခဲ့ၿပီးမေန႔ညတုန္းကအမ္းမရိတ္ကြင္းတြင္ဒုတိယအေက်ာ့ကစားခဲ့ပါတယ္။
အာဆင္နယ္ဟာပြဲအစမိနစ္၂၀မွာဂရာနစ္ဇာခါသြင္းယူတဲ့ဂိုးျဖင့္ပထမပိုင္းမွာ၁-၀ဂိုးျဖင့္အႏိုင္ရရွိေနခဲ့ပါတယ္။
ဒါေပမဲ့ဒုတိယပိုင္းမွာေတာ့မီေခးလ္အာတီတာရဲ႕အာဆင္နယ္ဟာတုန္လႈပ္စရာႀကဳံေတြ႕ခဲ့ရပါတယ္။ဂိုဆယ္ဗစ္ဟာေဒးဗစ္ဘက္ဟမ္းလိုမ်ိဳးကြင္းလယ္တစ္ဝက္ေလာက္ကေန စပို႔တင္းလစၥဘြန္းအတြက္ေခ်ပဂိုးသြင္းယူလာတာျဖစ္ပါတယ္။
အာဆင္နယ္အသင္းေဘာလုံးဆုံးရႈံးသြားၿပီးေနာက္ဂိုဆယ္ဗစ္ရရွိသြားခဲ့ပါတယ္။သူဟာအာဆင္နယ္ဂိုးသမားရန္ေဒးလ္မွာေရွ႕တက္ေနေၾကာင္းေတြ႕ရွိသြားၿပီးေနာက္ကြင္းလယ္တစ္ဝက္ေလာက္ကေနလွမ္းကန္ခဲ့တာလည္းျဖစ္ပါတယ္။
ဂိုဆယ္ဗစ္ရဲ႕ကန္ခ်က္က၁၉၉၆ခုႏွစ္တုန္းကဝင္ဘာေလႏွင့္ပြဲတြင္ယူႏိုက္တက္ဂႏၴဝင္ေဒးဗစ္ဘက္ဟမ္းသြင္းယူတဲ့ကြင္းလယ္တဝက္မွဂိုးႏွင့္သြားတူေနပါတယ္။
မေန႔ညကပြဲတြင္အာဆင္နယ္ႏွင့္စပို႔တင္းလစၥဘြန္းတို႔ဟာပြဲခ်ိန္အတြင္း၁ဂိုးစီသေရက်ေနမႈေၾကာင့္အခ်ိန္ပိုကစားခဲ့ၿပီးအခ်ိန္မွာလည္းဂိုးမသြင္းႏိုင္တာေၾကာင့္ပင္နယ္တီအဆုံးအျဖတ္ကန္ခဲ့ၾကရပါတယ္။ပင္နယ္တီအဆုံးအျဖတ္တြင္စပို႔တင္းလစၥဘြန္းက၅-၃ျဖင့္အႏိုင္ရရွိကာကြာတားဖိုင္နယ္သို႔တက္သြားခဲ့ပါတယ္။
အာဆင္နယ္ဟာစပို႔တင္းလစၥဘြန္းအရႈံးေၾကာင့္ၿပိဳင္ပြဲအရပ္ရပ္၆ပြဲဆက္ရႈံးပြဲမရွိမွတ္တမ္းရပ္တန႔္သြားခဲ့ပါတယ္။