ဒေးဗစ်အလာဘာကို ငါးနှစ်စာချုပ်ဖြင့် ရီးရဲလ်မက်ဒရစ်ခေါ်ယူ

ရီးရဲလ်မက်ဒရစ်ကဘိုင်ယန်မြူးနစ်နှင့်စာချုပ်သက်တမ်းကုန်ဆုံးကာအလွတ်ပြောင်းရွှေ့ကြေးဖြင့်ထွက်ခွာလာခဲ့တဲ့ဒေးဗစ်အလာဘာအားငါးနှစ်စာချုပ်ဖြင့်ခေါ်ယူအားဖြည့်လိုက်ပါတယ်။

ဩစတြီးယားလက်ရွေးစင်နောက်ခံလူဟာဘိုင်ယန်မြူးနစ်ရဲ့စာချုပ်သစ်ကမ်းလှမ်းမှုကိုပယ်ချကာ၁၂နှစ်ကြာကစားလာခဲ့တဲ့ကလပ်ကိုစွန့်ခွာလာခဲ့တာလည်းဖြစ်ပါတယ်။

အသက်၂၈နှစ်ရှိအလာဘာဟာစိန်ခေါ်မှုသစ်ရင်ဆိုင်လိုနေတဲ့အပြင်အသင်းသစ်ရီးရဲလ်မက်ဒရစ်တွင်အလယ်တန်းကစားသမားအဖြစ်အသုံးပြုရန်လည်းတောင်းဆိုမှုပြုလုပ်ထားကြောင်းသိရပါတယ်။

ယခုအခါဘယ်နောက်ခံလူနေရာနှင့်ဗဟိုနောက်ခံလူနေရာတို့တွင်ကစားနိုင်တဲ့အလာဘာဟာရီးရဲလ်မက်ဒရစ်နှင့်ငါးနှစ်စာချုပ်ချုပ်ဆိုလိုက်ပြီဖြစ်ပြီးတစ်ပတ်လုပ်ခပေါင်၂၀၀၀၀၀ရရှိပါမယ်။

ရီးရဲလ်မက်ဒရစ်ဟာအလာဘာမိတ်ဆက်ပွဲအားလာမယ့်ယူရို၂၀၂၀ပြိုင်ပွဲအပြီးတွင်ပြုလုပ်သွားပါမယ်။

အလာဘာဟာဘိုင်ယန်မြူးနစ်သို့လူငယ်ကစားသမားအဖြစ်၂၀၀၉ခုနှစ်တွင်ရောက်လာခဲ့ပြီးတဲ့နောက်ဆုဖလား၂၇လုံးအထိရရှိခဲ့သူလည်းဖြစ်ပါတယ်။

ZawGyi

ေဒးဗစ္အလာဘာကို ငါးႏွစ္စာခ်ဳပ္ျဖင့္ ရီးရဲလ္မက္ဒရစ္ေခၚယူ

ရီးရဲလ္မက္ဒရစ္ကဘိုင္ယန္ျမဴးနစ္ႏွင့္စာခ်ဳပ္သက္တမ္းကုန္ဆုံးကာအလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ထြက္ခြာလာခဲ့တဲ့ေဒးဗစ္အလာဘာအားငါးႏွစ္စာခ်ဳပ္ျဖင့္ေခၚယူအားျဖည့္လိုက္ပါတယ္။

ဩစႀတီးယားလက္ေ႐ြးစင္ေနာက္ခံလူဟာဘိုင္ယန္ျမဴးနစ္ရဲ႕စာခ်ဳပ္သစ္ကမ္းလွမ္းမႈကိုပယ္ခ်ကာ၁၂ႏွစ္ၾကာကစားလာခဲ့တဲ့ကလပ္ကိုစြန႔္ခြာလာခဲ့တာလည္းျဖစ္ပါတယ္။

အသက္၂၈ႏွစ္ရွိအလာဘာဟာစိန္ေခၚမႈသစ္ရင္ဆိုင္လိုေနတဲ့အျပင္အသင္းသစ္ရီးရဲလ္မက္ဒရစ္တြင္အလယ္တန္းကစားသမားအျဖစ္အသုံးျပဳရန္လည္းေတာင္းဆိုမႈျပဳလုပ္ထားေၾကာင္းသိရပါတယ္။

ယခုအခါဘယ္ေနာက္ခံလူေနရာႏွင့္ဗဟိုေနာက္ခံလူေနရာတို႔တြင္ကစားႏိုင္တဲ့အလာဘာဟာရီးရဲလ္မက္ဒရစ္ႏွင့္ငါးႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုလိုက္ၿပီျဖစ္ၿပီးတစ္ပတ္လုပ္ခေပါင္၂၀၀၀၀၀ရရွိပါမယ္။

ရီးရဲလ္မက္ဒရစ္ဟာအလာဘာမိတ္ဆက္ပြဲအားလာမယ့္ယူ႐ို၂၀၂၀ၿပိဳင္ပြဲအၿပီးတြင္ျပဳလုပ္သြားပါမယ္။

အလာဘာဟာဘိုင္ယန္ျမဴးနစ္သို႔လူငယ္ကစားသမားအျဖစ္၂၀၀၉ခုႏွစ္တြင္ေရာက္လာခဲ့ၿပီးတဲ့ေနာက္ဆုဖလား၂၇လုံးအထိရရွိခဲ့သူလည္းျဖစ္ပါတယ္။