ဒွန်နာရမ်မာကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူရန် ပီအက်စ်ဂျီသဘောတူညီမှုရရှိ

ပီအက်စ်ဂျီဟာဂျီယန်လူဂီဒွန်နာရမ်မာကိုအလွတ်ပြောင်းရွှေ့ကြေးဖြင့်ခေါ်ယူရန်သဘောတူညီမှုရရှိသွားခဲ့ပြီဖြစ်ကြောင်းသိရပါတယ်။ဒါပေမယ့်ပီအက်စ်ဂျီဟာဒွန်နာရမ်မာကိုပထမရာသီမှာအီတလီသို့ပြန်လည်အငှားချသွားမှာဖြစ်ကြောင်းသိရပါတယ်။

အီတလီလက်ရွေးစင်ဂိုးသမားဟာဇွန်လ၃၀ရက်နေ့တွင်ကုန်ဆုံးမယ့်အေစီမီလန်နှင့်စာချုပ်အားသက်တမ်းတိုးရန်သဘောတူညီမှုမရရှိမှုနဲ့အတူထွက်ခွာတော့မှာလည်းဖြစ်ပါတယ်။

ပီအက်စ်ဂျီဟာဒွန်နာရမ်မာကိုခေါ်ယူရန်ဂျူဗင်တပ်ကိုကျော်ဖြတ်ရန်သဘောတူညီမှုရရှိသွားခဲ့တာလည်းဖြစ်ပါတယ်။

ဒွန်နာရမ်မာဟာဂျူဗင်တပ်သို့ပြောင်းရွှေ့လိုပေမယ့်အေစီမီလန်ပရိသတ်များကမဟာပြိုင်ဘက်ကလပ်သို့ပြောင်းပါကစီးရီးအေတွင်လူမုန်းအများဆုံးကစားသမားဖြစ်လာရမည်ဟုခြိမ်းခြောက်ထားမှုနဲ့အတူပီအက်စ်ဂျီသို့ပြောင်းဖို့ဆုံးဖြတ်ခဲ့တာလည်းဖြစ်ပါတယ်။

ပီအက်စ်ဂျီဟာဒွန်နာရမ်မာကိုခေါ်ယူရန်သဘောတူညီမှုရယူထားတယ်ဆိုပေမယ့်မကြာသေးမီတုန်းကမှနာဗက်စ်အားစာချုပ်သက်တမ်းတိုးရန်သဘောတူညီမှုရရှိထားမှုနဲ့အတူ အငှားချထားရန်ဆုံးဖြတ်ခဲ့ရတာပါ။

ဒွန်နာရမ်မာဘက်ကချန်ပီယံလိဂ်ကစားခွင့်ရရှိတဲ့ကလပ်သို့ပြောင်းလိုပေမယ့်ဖြစ်လာနိုင်ဖို့တော့မရှိပါဘူး။ဒါကြောင့်မော်ရင်ဟိုရဲ့ရိုးမားကဒွန်နာရမ်မာကိုခေါ်ယူဖို့အခြေအနေအကောင်းဆုံးဖြစ်နေပါတယ်။

ZawGyi

ဒြန္နာရမ္မာကို အလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ ေခၚယူရန္ ပီအက္စ္ဂ်ီသေဘာတူညီမႈရရွိ

ပီအက္စ္ဂ်ီဟာဂ်ီယန္လူဂီဒြန္နာရမ္မာကိုအလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ေခၚယူရန္သေဘာတူညီမႈရရွိသြားခဲ့ၿပီျဖစ္ေၾကာင္းသိရပါတယ္။ဒါေပမယ့္ပီအက္စ္ဂ်ီဟာဒြန္နာရမ္မာကိုပထမရာသီမွာအီတလီသို႔ျပန္လည္အငွားခ်သြားမွာျဖစ္ေၾကာင္းသိရပါတယ္။

အီတလီလက္ေ႐ြးစင္ဂိုးသမားဟာဇြန္လ၃၀ရက္ေန႔တြင္ကုန္ဆုံးမယ့္ေအစီမီလန္ႏွင့္စာခ်ဳပ္အားသက္တမ္းတိုးရန္သေဘာတူညီမႈမရရွိမႈနဲ႔အတူထြက္ခြာေတာ့မွာလည္းျဖစ္ပါတယ္။

ပီအက္စ္ဂ်ီဟာဒြန္နာရမ္မာကိုေခၚယူရန္ဂ်ဴဗင္တပ္ကိုေက်ာ္ျဖတ္ရန္သေဘာတူညီမႈရရွိသြားခဲ့တာလည္းျဖစ္ပါတယ္။

ဒြန္နာရမ္မာဟာဂ်ဴဗင္တပ္သို႔ေျပာင္းေ႐ႊ႕လိုေပမယ့္ေအစီမီလန္ပရိသတ္မ်ားကမဟာၿပိဳင္ဘက္ကလပ္သို႔ေျပာင္းပါကစီးရီးေအတြင္လူမုန္းအမ်ားဆုံးကစားသမားျဖစ္လာရမည္ဟုၿခိမ္းေျခာက္ထားမႈနဲ႔အတူပီအက္စ္ဂ်ီသို႔ေျပာင္းဖို႔ဆုံးျဖတ္ခဲ့တာလည္းျဖစ္ပါတယ္။

ပီအက္စ္ဂ်ီဟာဒြန္နာရမ္မာကိုေခၚယူရန္သေဘာတူညီမႈရယူထားတယ္ဆိုေပမယ့္မၾကာေသးမီတုန္းကမွနာဗက္စ္အားစာခ်ဳပ္သက္တမ္းတိုးရန္သေဘာတူညီမႈရရွိထားမႈနဲ႔အတူ အငွားခ်ထားရန္ဆုံးျဖတ္ခဲ့ရတာပါ။

ဒြန္နာရမ္မာဘက္ကခ်န္ပီယံလိဂ္ကစားခြင့္ရရွိတဲ့ကလပ္သို႔ေျပာင္းလိုေပမယ့္ျဖစ္လာႏိုင္ဖို႔ေတာ့မရွိပါဘူး။ဒါေၾကာင့္ေမာ္ရင္ဟိုရဲ႕႐ိုးမားကဒြန္နာရမ္မာကိုေခၚယူဖို႔အေျခအေနအေကာင္းဆုံးျဖစ္ေနပါတယ္။