ဒွန်နာရမ်မာထွက်ခွာတော့မည်ဖြစ်ကြောင်း အေစီမီလန်အတည်ပြု

အေစီမီလန်ကလာမယ့်ဇွန်လတွင်စာချုပ်သက်တမ်းကုန်ဆုံးမယ့်ဂိုးသမားဂျီယန်လူဂီဒွန်နာရမ်မာမှာအသင်းမှထွက်ခွာတော့မှာဖြစ်ကြောင်းအတည်ပြုကြေညာလိုက်ပါတယ်။

အသက်၂၂နှစ်ရှိအီတလီလက်ရွေးစင်ဂိုးသမားဟာစာချုပ်သစ်အတွက်မြင့်မားတဲ့လုပ်ခတောင်းဆိုခဲ့ပြီးအေစီမီလန်ကမပေးနိုင်မှုနဲ့အတူထွက်ခွာတော့မှာဖြစ်ပါတယ်။

အေစီမီလန်နည်းစနစ်ဒါရိုက်တာပေါလ်လိုမာလ်ဒီနီက “ကစားသမားဘဝစတင်ခဲ့တဲ့နေရာမှာဘဲအဆုံးသတ်ဖို့ဆက်ကစားနေတဲ့ကစားသမားတွေရှာဖွေဖို့အရမ်းခက်ခဲလာပါတယ်။ဂီဂျီယို(ဒွန်နာရမ်မာ)နဲ့လမ်းတွေကကွဲပြားသွားခဲ့ပြီ။သူ့ကိုအကောင်းဆုံးတွေဖြစ်လာဖို့ဘဲဆုတောင်းပေးနိုင်ပါတော့တယ်”လို့ပြောကြားသွားပါတယ်။

အီတလီမီဒီယာများရဲ့ဖော်ပြချက်အရဒွန်နာရမ်မာကိုချဲလ်ဆီး၊ဂျူဗင်တပ်တို့ကခေါ်ယူရန်စိတ်ဝင်စားလျက်ရှိကြောင်းသိရပါတယ်။အထူးသဖြင့်လက်ရှိအချိန်တွင်ဒွန်နာရမ်မာအားခေါ်ယူရန်ဂျူဗင်တပ်ကအခြေအနေအကောင်းဆုံးဖြစ်ပါတယ်။

ဒါပေမယ့်ဒွန်နာရမ်မာရဲ့အေးဂျင့်အဖြစ်မီနိုရိုင်အိုလာလုပ်ဆောင်လျက်ရှိရာကလပ်များအနေဖြင့်အီတလီလက်ရွေးစင်ဂိုးသမားအတွက်မြင့်မားတဲ့လုပ်ခပေးရဖို့တော့သေချာနေပါတယ်။

ZawGyi

ဒြန္နာရမ္မာထြက္ခြာေတာ့မည္ျဖစ္ေၾကာင္း ေအစီမီလန္အတည္ျပဳ

ေအစီမီလန္ကလာမယ့္ဇြန္လတြင္စာခ်ဳပ္သက္တမ္းကုန္ဆုံးမယ့္ဂိုးသမားဂ်ီယန္လူဂီဒြန္နာရမ္မာမွာအသင္းမွထြက္ခြာေတာ့မွာျဖစ္ေၾကာင္းအတည္ျပဳေၾကညာလိုက္ပါတယ္။

အသက္၂၂ႏွစ္ရွိအီတလီလက္ေ႐ြးစင္ဂိုးသမားဟာစာခ်ဳပ္သစ္အတြက္ျမင့္မားတဲ့လုပ္ခေတာင္းဆိုခဲ့ၿပီးေအစီမီလန္ကမေပးႏိုင္မႈနဲ႔အတူထြက္ခြာေတာ့မွာျဖစ္ပါတယ္။

ေအစီမီလန္နည္းစနစ္ဒါ႐ိုက္တာေပါလ္လိုမာလ္ဒီနီက “ကစားသမားဘဝစတင္ခဲ့တဲ့ေနရာမွာဘဲအဆုံးသတ္ဖို႔ဆက္ကစားေနတဲ့ကစားသမားေတြရွာေဖြဖို႔အရမ္းခက္ခဲလာပါတယ္။ဂီဂ်ီယို(ဒြန္နာရမ္မာ)နဲ႔လမ္းေတြကကြဲျပားသြားခဲ့ၿပီ။သူ႔ကိုအေကာင္းဆုံးေတြျဖစ္လာဖို႔ဘဲဆုေတာင္းေပးႏိုင္ပါေတာ့တယ္”လို႔ေျပာၾကားသြားပါတယ္။

အီတလီမီဒီယာမ်ားရဲ႕ေဖာ္ျပခ်က္အရဒြန္နာရမ္မာကိုခ်ဲလ္ဆီး၊ဂ်ဴဗင္တပ္တို႔ကေခၚယူရန္စိတ္ဝင္စားလ်က္ရွိေၾကာင္းသိရပါတယ္။အထူးသျဖင့္လက္ရွိအခ်ိန္တြင္ဒြန္နာရမ္မာအားေခၚယူရန္ဂ်ဴဗင္တပ္ကအေျခအေနအေကာင္းဆုံးျဖစ္ပါတယ္။

ဒါေပမယ့္ဒြန္နာရမ္မာရဲ႕ေအးဂ်င့္အျဖစ္မီႏို႐ိုင္အိုလာလုပ္ေဆာင္လ်က္ရွိရာကလပ္မ်ားအေနျဖင့္အီတလီလက္ေ႐ြးစင္ဂိုးသမားအတြက္ျမင့္မားတဲ့လုပ္ခေပးရဖို႔ေတာ့ေသခ်ာေနပါတယ္။