ဒွန်နာရမ်မာနေရာတွင် အစားထိုးရန် လိုင်လီမှ ပြင်သစ်လက်ရွေးစင် မိုက်မိုင်နန်ကို မီလန်ခေါ်ယူ

အေစီမီလန်ဟာပြင်သစ်လီဂူး၁ချန်ပီယံမိုက်မိုင်ဂန်ကို ငါးနှစ်စာချုပ်ဖြင့်ခေါ်ယူအားဖြည့်လိုက်ပါတယ်။ပြင်သစ်အသင်းရဲ့ယူရို၂၀၂၀ပြိုင်ပွဲအတွက်လူစာရင်းတွင်ရွေးချယ်ခြင်းခံထားရတဲ့မိုင်နန်ဟာတနင်္ဂနွေနေ့တုန်းကလိုင်လီကိုပြင်သစ်လီဂူး၁ချန်ပီယံဖြစ်အောင်ကူညီခဲ့သူလည်းဖြစ်ပါတယ်။

အသက်၂၅နှစ်ရှိပြင်သစ်လက်ရွေးစင်ဂိုးသမားဟာပီအက်စ်ဂျီတွင်ကစားသမားဘဝစတင်ခဲ့သူဖြစ်ပြီး၂၀၁၅ခုနှစ်တွင်လိုင်လီသို့ပြောင်းရွှေ့ခဲ့သူဖြစ်ကာပွဲပေါင်း၁၈၀ကစားပေးခဲ့ပါတယ်။

အေစီမီလန်ဟာနံပါတ်တစ်ဂိုးသမားဂျီယန်လူဂီဒွန်နာရမ်မာမှာစာချုပ်သက်တမ်းကုန်ဆုံးကာအသင်းပြောင်းရွှေ့တော့မှာဖြစ်လို့မိုက်မိုင်ဂန်ကိုအစားထိုးလိုက်တာပါ။

အသက်၂၂နှစ်ရှိအီတလီလက်ရွေးစင်ဂိုးသမားဟာဇွန်လအကုန်တွင်အေစီမီလန်နှင့်စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီးစာချုပ်သစ်ချုပ်ဆိုရန်သဘောတူညီမှုမရရှိမှုနဲ့အတူထွက်ခွာပါမယ်။

အေစီမီလန်ဟာ၂၀၂၀-၂၁ဘောလုံးရာသီမှာစီးရီးအေတွင်အဆင့်၂နေရာတွင်ရပ်တည်နိုင်ခဲ့ပြီးရှစ်နှစ်အတွင်းတွင်ပထမဆုံးအကြိမ်အဖြစ်ချန်ပီယံလိဂ်ဝင်ခွင့်ရရှိထားပါတယ်။

ZawGyi

ဒြန္နာရမ္မာေနရာတြင္ အစားထိုးရန္ လိုင္လီမွ ျပင္သစ္လက္ေ႐ြးစင္ မိုက္မိုင္နန္ကို မီလန္ေခၚယူ

ေအစီမီလန္ဟာျပင္သစ္လီဂူး၁ခ်န္ပီယံမိုက္မိုင္ဂန္ကို ငါးႏွစ္စာခ်ဳပ္ျဖင့္ေခၚယူအားျဖည့္လိုက္ပါတယ္။ျပင္သစ္အသင္းရဲ႕ယူ႐ို၂၀၂၀ၿပိဳင္ပြဲအတြက္လူစာရင္းတြင္ေ႐ြးခ်ယ္ျခင္းခံထားရတဲ့မိုင္နန္ဟာတနဂၤေႏြေန႔တုန္းကလိုင္လီကိုျပင္သစ္လီဂူး၁ခ်န္ပီယံျဖစ္ေအာင္ကူညီခဲ့သူလည္းျဖစ္ပါတယ္။

အသက္၂၅ႏွစ္ရွိျပင္သစ္လက္ေ႐ြးစင္ဂိုးသမားဟာပီအက္စ္ဂ်ီတြင္ကစားသမားဘဝစတင္ခဲ့သူျဖစ္ၿပီး၂၀၁၅ခုႏွစ္တြင္လိုင္လီသို႔ေျပာင္းေ႐ႊ႕ခဲ့သူျဖစ္ကာပြဲေပါင္း၁၈၀ကစားေပးခဲ့ပါတယ္။

ေအစီမီလန္ဟာနံပါတ္တစ္ဂိုးသမားဂ်ီယန္လူဂီဒြန္နာရမ္မာမွာစာခ်ဳပ္သက္တမ္းကုန္ဆုံးကာအသင္းေျပာင္းေ႐ႊ႕ေတာ့မွာျဖစ္လို႔မိုက္မိုင္ဂန္ကိုအစားထိုးလိုက္တာပါ။

အသက္၂၂ႏွစ္ရွိအီတလီလက္ေ႐ြးစင္ဂိုးသမားဟာဇြန္လအကုန္တြင္ေအစီမီလန္ႏွင့္စာခ်ဳပ္သက္တမ္းကုန္ဆုံးမွာျဖစ္ၿပီးစာခ်ဳပ္သစ္ခ်ဳပ္ဆိုရန္သေဘာတူညီမႈမရရွိမႈနဲ႔အတူထြက္ခြာပါမယ္။

ေအစီမီလန္ဟာ၂၀၂၀-၂၁ေဘာလုံးရာသီမွာစီးရီးေအတြင္အဆင့္၂ေနရာတြင္ရပ္တည္ႏိုင္ခဲ့ၿပီးရွစ္ႏွစ္အတြင္းတြင္ပထမဆုံးအႀကိမ္အျဖစ္ခ်န္ပီယံလိဂ္ဝင္ခြင့္ရရွိထားပါတယ္။