ဒွန်နာရမ်မာ ရောက်လာပြီးနောက် ပီအက်စ်ဂျီ ပထမအသင်းတွင် ဂိုးသမား ၉ ဦးအထိ ရှိနေပြီ

ပီအက်စ်ဂျီဟာအီတလီသူရဲကောင်းဂီယန်လူဂီဒွန်နာရမ်မာကိုငါးနှစ်စာချုပ်ဖြင့်ခေါ်ယူလိုက်ပြီဖြစ်ပါတယ်။ဒွန်နာရမ်မာရောက်လာမှုနဲ့အတူပီအက်စ်ဂျီအသင်းရဲ့ပထမအသင်းမှာဂိုးသမား၉ဦးအထိရှိလာခဲ့ပြီဖြစ်ပါတယ်။

ပီအက်စ်ဂျီဟာအီတလီကိုယူရို၂၀၂၀ချန်ပီယံဖြစ်အောင်စွမ်းဆောင်ပေးခဲ့တဲ့ဒွန်နာရမ်မာကိုအလွတ်ပြောင်းရွှေ့ကြေးဖြင့်ခေါ်ယူခဲ့တာပါ။သူဟာယူရို၂၀၂၀ပြိုင်ပွဲရဲ့အကောင်းဆုံးဂိုးသမားဆုကိုလည်းရရှိခဲ့သူဖြစ်ပြီးပီအက််စ်ဂျီမှတစ်နှစ်လုပ်ခယူရို၁၂သန်းရရှိပါမယ်။

အသက်၂၂နှစ်ရှိဒွန်နာရမ်မာဟာပီအက်စ်ဂျီနံပါတ်၁ဂိုးသမားနေရာအတွက်ကိုင်လီနာဗက်စ်နှင့်ယှဉ်ပြိုင်ရပါမယ်။ဒါကြောင့်နည်းပြပိုချက်တီနိုအတွက်နံပါတ်၁ဂိုးသမားနေရာအတွက်ရွေးချယ်ရအင်မတန်ခက်ခဲလာတော့မှာဖြစ်ပါတယ်။

တကယ်တော့၎င်းတို့နှစ်ဦးတည်းသာပီအက်စ်ဂျီပထမအသင်းမှဂိုးသမားတွေမဟုတ်ပါဘူး။၎င်းတို့အပြင်ဆီဗီလာနှင့်ဖူလ်ဟမ်ဂိုးသမားဟောင်းဆာဂျီယိုရီကိုရှိပါသေးတယ်။

ဒါ့အပြင်ပီအက်စ်ဂျီပထမအသင်းမှာအသက်၂၁နှစ်ရှိမာစင်ဘူလ်ကာနှင့်ဂါရီဆုန်းတို့အပြင်အသက်၁၈နှစ်ရှိလူးကပ်စ်လာဗယ်လီ၊ဒင်းနစ်ဖရန်ချီတို့ရှိပါတယ်။

တစ်ဖက်တွင်ပီအက်စ်ဂျီအတွက်တစ်ပွဲမျှမကစားရသေးပေမယ့်မကြာသေးမီတုန်းကမှစာချုပ်သစ်ချုပ်ဆိုထားတဲ့အသက်၃၀နှစ်ရှိဂိုးသမားအလက်ဇန္ဒားလီတဲလ်လီယာရှိပါသေးတယ်။

ကိုးဦးမြောက်ဂိုးသမားကတော့ပြီးခဲ့တဲ့ရာသီတုန်းကဖူလ်ဟမ်မှာအငှားနဲ့သွားကစားခဲ့တဲ့ပြင်သစ်ဂိုးသမားအယ်ဖုန်းအေရီယိုလာဖြစ်ပါတယ်။ဒါပေမယ့်သူကတော့မကြာမီကာလအတွင်းမှာဝက်စ်ဟမ်းသို့အပြီးသတ်ပြောင်းဖို့ရှိပါတယ်။

ZawGyi

ဒြန္နာရမ္မာ ေရာက္လာၿပီးေနာက္ ပီအက္စ္ဂ်ီ ပထမအသင္းတြင္ ဂိုးသမား ၉ ဦးအထိ ရွိေနၿပီ

ပီအက္စ္ဂ်ီဟာအီတလီသူရဲေကာင္းဂီယန္လူဂီဒြန္နာရမ္မာကိုငါးႏွစ္စာခ်ဳပ္ျဖင့္ေခၚယူလိုက္ၿပီျဖစ္ပါတယ္။ဒြန္နာရမ္မာေရာက္လာမႈနဲ႔အတူပီအက္စ္ဂ်ီအသင္းရဲ႕ပထမအသင္းမွာဂိုးသမား၉ဦးအထိရွိလာခဲ့ၿပီျဖစ္ပါတယ္။

ပီအက္စ္ဂ်ီဟာအီတလီကိုယူ႐ို၂၀၂၀ခ်န္ပီယံျဖစ္ေအာင္စြမ္းေဆာင္ေပးခဲ့တဲ့ဒြန္နာရမ္မာကိုအလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ေခၚယူခဲ့တာပါ။သူဟာယူ႐ို၂၀၂၀ၿပိဳင္ပြဲရဲ႕အေကာင္းဆုံးဂိုးသမားဆုကိုလည္းရရွိခဲ့သူျဖစ္ၿပီးပီအက္္စ္ဂ်ီမွတစ္ႏွစ္လုပ္ခယူ႐ို၁၂သန္းရရွိပါမယ္။

အသက္၂၂ႏွစ္ရွိဒြန္နာရမ္မာဟာပီအက္စ္ဂ်ီနံပါတ္၁ဂိုးသမားေနရာအတြက္ကိုင္လီနာဗက္စ္ႏွင့္ယွဥ္ၿပိဳင္ရပါမယ္။ဒါေၾကာင့္နည္းျပပိုခ်က္တီႏိုအတြက္နံပါတ္၁ဂိုးသမားေနရာအတြက္ေ႐ြးခ်ယ္ရအင္မတန္ခက္ခဲလာေတာ့မွာျဖစ္ပါတယ္။

တကယ္ေတာ့၎တို႔ႏွစ္ဦးတည္းသာပီအက္စ္ဂ်ီပထမအသင္းမွဂိုးသမားေတြမဟုတ္ပါဘူး။၎တို႔အျပင္ဆီဗီလာႏွင့္ဖူလ္ဟမ္ဂိုးသမားေဟာင္းဆာဂ်ီယိုရီကိုရွိပါေသးတယ္။

ဒါ့အျပင္ပီအက္စ္ဂ်ီပထမအသင္းမွာအသက္၂၁ႏွစ္ရွိမာစင္ဘူလ္ကာႏွင့္ဂါရီဆုန္းတို႔အျပင္အသက္၁၈ႏွစ္ရွိလူးကပ္စ္လာဗယ္လီ၊ဒင္းနစ္ဖရန္ခ်ီတို႔ရွိပါတယ္။

တစ္ဖက္တြင္ပီအက္စ္ဂ်ီအတြက္တစ္ပြဲမွ်မကစားရေသးေပမယ့္မၾကာေသးမီတုန္းကမွစာခ်ဳပ္သစ္ခ်ဳပ္ဆိုထားတဲ့အသက္၃၀ႏွစ္ရွိဂိုးသမားအလက္ဇႏၵားလီတဲလ္လီယာရွိပါေသးတယ္။

ကိုးဦးေျမာက္ဂိုးသမားကေတာ့ၿပီးခဲ့တဲ့ရာသီတုန္းကဖူလ္ဟမ္မွာအငွားနဲ႔သြားကစားခဲ့တဲ့ျပင္သစ္ဂိုးသမားအယ္ဖုန္းေအရီယိုလာျဖစ္ပါတယ္။ဒါေပမယ့္သူကေတာ့မၾကာမီကာလအတြင္းမွာဝက္စ္ဟမ္းသို႔အၿပီးသတ္ေျပာင္းဖို႔ရွိပါတယ္။