ဓာတ်ပုံတစ်ပုံကြောင့် ဘိုနုချီကို ချီးထုပ်တို့ရဲ့ဘုရင်လို့ အင်္ဂလန်ပရိသတ်များသတ်မှတ်

အီတလီအသင်းခေါင်းဆောင်လီယိုနာဒိုဘိုနုချီဟာယူရို၂၀၂၀ဗိုလ်လုပွဲမှာအင်္ဂလန်ကိုအနိုင်ရရှိပြီးနောက်အင်္ဂလန်နောက်ခံလူဟယ်ရီမက်ဂွိုင်းယားကိုနောက်ခံထားပြီး Selfie ဓာတ်ပုံတစ်ပုံရိုက်ကူးခဲ့ပါတယ်။ယင်းဓာတ်ပုံကြောင့်လည်းဘိုနုချီကိုချီးထုတ်တို့ရဲ့ဘုရင်လို့အင်္ဂလိပ်ပရိသတ်များကသမုတ်နေကြပါတယ်။

အီတလီကအင်္ဂလန်ကိုအနိုင်ရရှိတဲ့ယူရို၂၀၂၀ဗိုလ်လုပွဲမှာဘိုနုချီဟာအထူးခြေစွမ်းပြကစားနိုင်ခဲ့ပါတယ်။

သူဟာဒုတိယပိုင်းမှာအီတလီအတွက်အဖိုးတန်ချေပဂိုးကိုသွင်းယူခဲ့တဲ့အပြင်ချီရယ်လီနီနှင့်အတူအီတလီခံစစ်မှာအထူးခြေစွမ်းပြကစားခဲ့ပါတယ်။

သူဟာပွဲအပြီးမှာကင်မရာရှေ့သို့သွားရောက်ကာ “Its Coming Rome” လို့ပြောခဲ့သလို “More Pasta”လို့လည်းပြောကြားခဲ့ပါတယ်။

ဒါတင်မကသေးပါဘူး။သူဟာယူရိုဗိုလ်လုပွဲအပြီးမှာ Selfie ဓာတ်ပုံရိုက်ကူးရာမှာ ဗိုလ်လုပွဲအရှုံးကြောင့် စိတ်ပျက်နေတဲ့ ဟယ်ရီမက်ဂွိုင်းယားကိုနောက်ခံထားကာ ရိုက်ကူးခဲ့ပါတယ်။

ယင်းဓာတ်ပုံကြောင့်လည်းအင်္ဂလန်ပရိသတ်များကသူ့ကို ချီးထုတ်များရဲ့ဘုရင်ဆိုပြီးကင်ပွန်းတပ်ခေါ်ဝေါ်နေကြပါတယ်။

ZawGyi

ဓာတ္ပုံတစ္ပုံေၾကာင့္ ဘိုႏုခ်ီကို ခ်ီးထုပ္တို႔ရဲ႕ဘုရင္လို႔ အဂၤလန္ပရိသတ္မ်ားသတ္မွတ္

အီတလီအသင္းေခါင္းေဆာင္လီယိုနာဒိုဘိုႏုခ်ီဟာယူ႐ို၂၀၂၀ဗိုလ္လုပြဲမွာအဂၤလန္ကိုအႏိုင္ရရွိၿပီးေနာက္အဂၤလန္ေနာက္ခံလူဟယ္ရီမက္ဂြိဳင္းယားကိုေနာက္ခံထားၿပီး Selfie ဓာတ္ပုံတစ္ပုံ႐ိုက္ကူးခဲ့ပါတယ္။ယင္းဓာတ္ပုံေၾကာင့္လည္းဘိုႏုခ်ီကိုခ်ီးထုတ္တို႔ရဲ႕ဘုရင္လို႔အဂၤလိပ္ပရိသတ္မ်ားကသမုတ္ေနၾကပါတယ္။

အီတလီကအဂၤလန္ကိုအႏိုင္ရရွိတဲ့ယူ႐ို၂၀၂၀ဗိုလ္လုပြဲမွာဘိုႏုခ်ီဟာအထူးေျခစြမ္းျပကစားႏိုင္ခဲ့ပါတယ္။

သူဟာဒုတိယပိုင္းမွာအီတလီအတြက္အဖိုးတန္ေခ်ပဂိုးကိုသြင္းယူခဲ့တဲ့အျပင္ခ်ီရယ္လီနီႏွင့္အတူအီတလီခံစစ္မွာအထူးေျခစြမ္းျပကစားခဲ့ပါတယ္။

သူဟာပြဲအၿပီးမွာကင္မရာေရွ႕သို႔သြားေရာက္ကာ “Its Coming Rome” လို႔ေျပာခဲ့သလို “More Pasta”လို႔လည္းေျပာၾကားခဲ့ပါတယ္။

ဒါတင္မကေသးပါဘူး။သူဟာယူ႐ိုဗိုလ္လုပြဲအၿပီးမွာ Selfie ဓာတ္ပုံ႐ိုက္ကူးရာမွာ ဗိုလ္လုပြဲအရႈံးေၾကာင့္ စိတ္ပ်က္ေနတဲ့ ဟယ္ရီမက္ဂြိဳင္းယားကိုေနာက္ခံထားကာ ႐ိုက္ကူးခဲ့ပါတယ္။

ယင္းဓာတ္ပုံေၾကာင့္လည္းအဂၤလန္ပရိသတ္မ်ားကသူ႔ကို ခ်ီးထုတ္မ်ားရဲ႕ဘုရင္ဆိုၿပီးကင္ပြန္းတပ္ေခၚေဝၚေနၾကပါတယ္။