ဓာတ်ပြားတိုက် တည်ထောင်တဲ့ ပထမဆုံးပရီးမီးယားလိဂ်ကလပ်ဖြစ်လာတဲ့ ဝုဗ်

ဝုဗ်အသင်းဟာ Wolves Records အမည်ဖြင့် ကိုယ်တိုင်ဓာတ်ပြားတိုက်တည်ထောင်ကာဗြိတိန်တွင်ဓာတ်ပြားတိုက် ပထမဆုံးတည်ထောင်တဲ့ဘောလုံးကလပ်ဖြစ်လာပါတယ်။

ဝုဗ်ဟာ Warner UK ရဲ့Alternative Distribution Alliance (ADA) နဲ့ပူးပေါင်းလိုက်တာဖြစ်ပြီး ဘောလုံးနှင့်ဂီတာ ကမ္ဘာနှစ်ခုပေါင်းစပ်လုပ်ဆောင်လိုက်တာလည်းဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ Wolves Records ဟာသူတို့နှင့်ပူးပေါင်းအလုပ်လုပ်ဖို့ဂီတအနုပညာရှင်ရှာဖွေတုန်းဖြစ်ပါတယ်။၎င်းတို့ဟာဒေသတွင်းအနုပညာရှင်များကိုဦးစားပေးစာချုပ်ချုပ်ဆိုသွားမှာဖြစ်ပြီးနောက်ပိုင်းနိုင်ငံတကာမှဂီတပညာရှင်များနှင့်ပူးပေါင်းအလုပ်လုပ်သွားပါမယ်။

Wolves Records ကို အဆိုတော်၊တေးရေးဆရာနှင့်ထုတ်လုပ်သူ S-X ကထောက်ပံ့ကူညီပေးသွားပါမယ်။ S-X ဟာနာမည်ကျော်များဖြစ်ကြတဲ့ Lil Wayne ၊ Chance The Rapper ၊ Childish Gambino တို့နှင့်အလုပ်တွဲလုပ်ခဲ့ဖူးသူဖြစ်ပါတယ်။

ဝုဗ်ဟာတကယ်တော့ဘောလုံးအပြင်အခြားလုပ်ငန်းများသို့လည်းထိုးဖောက်ဝင်ရောက်ဖို့လုပ်ဆောင်နေတာကြာမြင့်ပြီဖြစ်ပါတယ်။၎င်းတို့ဟာ အမေရိကန်အခြေစိုက် Evil Geniuses နှင့်ပူးပေါင်းပြီး eSport လောကသို့ဝင်ရောက်ထားပါတယ်။

ဘောလုံးလောကမှာဓာတ်ပြားတိုက်ထောင်ပြီးဂီတစီးပွားရေးလုပ်ဆောင်တာ ဝုဗ်ကပထမဆုံးတော့မဟုတ်ပါဘူး။ ပြင်သစ်လီဂူး၁ကလပ်မွန်ပယ်လီယာဟာ BMG နှင့်ပူးပေါင်းပြီး OM ဓာတ်ပြားတိုက်တည်ထောင်ထားပြီး Hip-Hop နှင့် Rap Genres တို့ကိုဦးစားပေးလုပ်ဆောင်နေပါတယ်။

ZawGyi

ဓာတ္ျပားတိုက္ တည္ေထာင္တဲ့ ပထမဆုံးပရီးမီးယားလိဂ္ကလပ္ျဖစ္လာတဲ့ ဝုဗ္

ဝုဗ္အသင္းဟာ Wolves Records အမည္ျဖင့္ ကိုယ္တိုင္ဓာတ္ျပားတိုက္တည္ေထာင္ကာၿဗိတိန္တြင္ဓာတ္ျပားတိုက္ ပထမဆုံးတည္ေထာင္တဲ့ေဘာလုံးကလပ္ျဖစ္လာပါတယ္။

ဝုဗ္ဟာ Warner UK ရဲ႕Alternative Distribution Alliance (ADA) နဲ႔ပူးေပါင္းလိုက္တာျဖစ္ၿပီး ေဘာလုံးႏွင့္ဂီတာ ကမာၻႏွစ္ခုေပါင္းစပ္လုပ္ေဆာင္လိုက္တာလည္းျဖစ္ပါတယ္။

လက္ရွိအခ်ိန္မွာေတာ့ Wolves Records ဟာသူတို႔ႏွင့္ပူးေပါင္းအလုပ္လုပ္ဖို႔ဂီတအႏုပညာရွင္ရွာေဖြတုန္းျဖစ္ပါတယ္။၎တို႔ဟာေဒသတြင္းအႏုပညာရွင္မ်ားကိုဦးစားေပးစာခ်ဳပ္ခ်ဳပ္ဆိုသြားမွာျဖစ္ၿပီးေနာက္ပိုင္းႏိုင္ငံတကာမွဂီတပညာရွင္မ်ားႏွင့္ပူးေပါင္းအလုပ္လုပ္သြားပါမယ္။

Wolves Records ကို အဆိုေတာ္၊ေတးေရးဆရာႏွင့္ထုတ္လုပ္သူ S-X ကေထာက္ပံ့ကူညီေပးသြားပါမယ္။ S-X ဟာနာမည္ေက်ာ္မ်ားျဖစ္ၾကတဲ့ Lil Wayne ၊ Chance The Rapper ၊ Childish Gambino တို႔ႏွင့္အလုပ္တြဲလုပ္ခဲ့ဖူးသူျဖစ္ပါတယ္။

ဝုဗ္ဟာတကယ္ေတာ့ေဘာလုံးအျပင္အျခားလုပ္ငန္းမ်ားသို႔လည္းထိုးေဖာက္ဝင္ေရာက္ဖို႔လုပ္ေဆာင္ေနတာၾကာျမင့္ၿပီျဖစ္ပါတယ္။၎တို႔ဟာ အေမရိကန္အေျခစိုက္ Evil Geniuses ႏွင့္ပူးေပါင္းၿပီး eSport ေလာကသို႔ဝင္ေရာက္ထားပါတယ္။

ေဘာလုံးေလာကမွာဓာတ္ျပားတိုက္ေထာင္ၿပီးဂီတစီးပြားေရးလုပ္ေဆာင္တာ ဝုဗ္ကပထမဆုံးေတာ့မဟုတ္ပါဘူး။ ျပင္သစ္လီဂူး၁ကလပ္မြန္ပယ္လီယာဟာ BMG ႏွင့္ပူးေပါင္းၿပီး OM ဓာတ္ျပားတိုက္တည္ေထာင္ထားၿပီး Hip-Hop ႏွင့္ Rap Genres တို႔ကိုဦးစားေပးလုပ္ေဆာင္ေနပါတယ္။