
ဂျပ်စတင်ကလွိုက်ဗတ်ရဲ့ချစ်သူဟာ နေအိမ်တွင် ဓားပြတိုက်ခံရကာ ပေါင် ၁၇၅၀၀၀ တန်ဖိုးရှိ နာရီများနှင့် အဖိုးတန်လက်ဝတ်ရတနာများ ဆုံးရှုံးသွားကြောင်း သိရပါတယ်။
အသက် ၂၄ နှစ်ရှိ ဒတ်ချ်တိုက်စစ်သမားဟာ စီးရီးအေကလပ်ရိုးမားမှ ဗလင်စီယာသို့ အငှားဖြင့် သွားရောက်ကစားနေသူ ဖြစ်ပါတယ်။
သူက မနေ့ညက မာယော့ကာကို ၁-၀ ဂိုးဖြင့် ရှုံးနိမ့်တဲ့ လာလီဂါပွဲကစားရန် ဗလင်စီယာနှင့်အတူ မာဂျော့ကာရှိ ဘာလီရစ်ကျွန်းသို့ ရောက်နေပါတယ်။
ယင်းအချိန်တွင် သူ့ချစ်သူက ဗလင်စီယာရှိ နေအိမ်တွင် ကျန်ရစ်ခဲ့ပါတယ်။
Marca ရဲ့ဖော်ပြမှုအရ သူမဟာ ညဖက် နေအိမ်တွင် ရှိနေစဉ် ဓားပြတိုက်ခံခဲ့ရတာ ဖြစ်ပါတယ်။ သူမဟာ ခွေးနှင့် လမ်းလျှောက်ပြီး နေအိမ်သို့ ပြန်ရောက်လာချိန်တွင် ခေါင်းစွပ်ပါ အင်္ကျီဝတ်ဆင်ထားတဲ့ လူများရဲ့ ဓားပြတိုက်မှုနှင့် ကြုံရတာ ဖြစ်ပါတယ်။
၎င်းတို့ဟာ သူမကို တိုက်ခိုက်ပြီးနောက် အဖိုးတန်ပစ္စည်းများ ထားတဲ့နေရာကို ပြသခဲ့ပြီး ပေါင် ၁၇၅၀၀၀ တန်ဖိုးရှိ နာရီများနှင့် လက်ဝတ်ရတနာများကို ရယူသွားခဲ့ကြပါတယ်။
ကလွိုက်ဗတ်ရဲ့ ချစ်သူဟာလည်း ဓားပြများရဲ့ တိုက်ခိုက်မှုကြောင့် အသေးစားဒဏ်ရာများ ရရှိခဲ့ပါတယ်။
ကလွိုက်ဗတ်ဟာ ချစ်သူ တိုက်ခိုက်ခံခဲ့ရပေမဲ့ စိုးရိမ်စရာ မရှိမှုနှင့်အတူ မာယော့ကာနှင့်ပွဲမှာ အရန်အဖြစ် ဝင်ရောက်ကစားခဲ့ပါတယ်။ ယင်းပွဲတွင် ဗလင်စီယာတို့ ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပါတယ်။
လက်ရှိအချိန်တွင် ဓားပြများကို ဖမ်းဆီးနိုင်ရေးအတွက် စပိန်ရဲတပ်ဖွဲ့က အပူတပြင်းကြိုးပမ်းနေပါတယ်။ လက်ရှိအချိန်တွင် စပိန်ရဲတပ်ဖွဲ့ဝင်များဟာ သံသယဖြစ်စရာကောင်းများ တွေ့ဆုံထားပေမဲ့လည်း လွတ်မြောက်နေကြဆဲ ဖြစ်ပါတယ်။
အေဂျက်စ်အကယ်ဒမီထွက် ကလွိုက်ဗတ်ဟာ ဘာစီလိုနာနှင့် နယူးကာဆယ်တိုက်စစ်မှူးဟောင်းပက်ထရစ်ကလွိုက်ဗတ်ရဲ့သားဖြစ်ပြီး နွေရာသီတုန်းက ဖူလ်ဟမ်သို့ ပြောင်းလုနီးပါးဖြစ်ခဲ့ပေမဲ့လည်း အလုပ်လုပ်ခွင့်ပါမစ်ပြဿနာကြောင့် ပြောင်းခွင့်မရခဲ့ပါဘူး။