နက်ဖီးလစ်ကို အန်ဖီးလ်တွင် ၂၀၂၅ ခုနှစ်အထိရှိနေမယ့် နှစ်ရှည်စာချုပ်အား လီဗာပူးချုပ်ဆို

လီဗာပူးဟာဗဟိုနောက်ခံလူနက်ဖီးလစ်အားအသင်းတွင်၂၀၂၅ခုနှစ်အထိထိန်းထားနိုင်မယ့်စာချုပ်သစ်အားချုပ်ဆိုလိုက်ပါတယ်။နက်ဖီးလစ်ဟာပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကလီဗာပူးအသင်းနောက်တန်းပြဿနာနှင့်ကြုံလာစဉ်ပဥ္စမဦးစားပေးနောက်ခံလူအဖြစ်မှနေရာရရှိလာသူဖြစ်ပါတယ်။

သူဟာပြီးခဲ့တဲ့ရာသီတုန်းကလီဗာပူးအတွက်ပွဲ၂၀အထိဝင်ကစားခဲ့ရပေမယ့်လည်းလိုက်ဇစ်မှအိုင်ဘရာဟီမာကိုနိုက်ရောက်လာမှုနဲ့အတူအသင်းပြောင်းမယ်လို့သတင်းထွက်ခဲ့သူလည်းဖြစ်ပါတယ်။

ဒါပေမယ့်လီဗာပူးကနက်ဖီးလစ်အတွက်ပြောင်းရွှေ့ကြေးပေါင်၁၅သန်းတောင်းဆိုမှုနဲ့အတူကမ်းလှမ်းမှုမရခဲ့ပါဘူး။ဒါကြောင့်လည်းလီဗာပူးဟာစိတ်ပြောင်းကာဖီးလစ်ကို၂၀၂၅ခုနှစ်အထိစာချုပ်သစ်ချုပ်ဆိုရန်ဆုံးဖြတ်ခဲ့ပါတယ်။

လီဗာပူးဟာယခုနွေရာသီကာလအတွင်းထရန်းအလက်ဇန္ဒားအာနိုး၊ဖာဘင်ဟို၊ဗန်ဒိုက်၊အလစ်ဆင်၊အင်ဒါဆင်၊ရောဘတ်ဆင်တို့ကိုလည်းစာချုပ်သစ်ချုပ်ဆိုထားပြီးဖြစ်ပါတယ်။

၎င်းတို့ဟာမိုဟာမက်ဆာလက်နှင့်ဆာဒီယိုမာနေးလ်တို့ကိုလည်းစာချုပ်သစ်ချုပ်ဆိုရန်ကြိုးပမ်းသွားဖို့ရှိနေပါတယ်။

ZawGyi

နက္ဖီးလစ္ကို အန္ဖီးလ္တြင္ ၂၀၂၅ ခုႏွစ္အထိရွိေနမယ့္ ႏွစ္ရွည္စာခ်ဳပ္အား လီဗာပူးခ်ဳပ္ဆို

လီဗာပူးဟာဗဟိုေနာက္ခံလူနက္ဖီးလစ္အားအသင္းတြင္၂၀၂၅ခုႏွစ္အထိထိန္းထားႏိုင္မယ့္စာခ်ဳပ္သစ္အားခ်ဳပ္ဆိုလိုက္ပါတယ္။နက္ဖီးလစ္ဟာၿပီးခဲ့တဲ့ေဘာလုံးရာသီတုန္းကလီဗာပူးအသင္းေနာက္တန္းျပႆနာႏွင့္ႀကဳံလာစဥ္ပၪၥမဦးစားေပးေနာက္ခံလူအျဖစ္မွေနရာရရွိလာသူျဖစ္ပါတယ္။

သူဟာၿပီးခဲ့တဲ့ရာသီတုန္းကလီဗာပူးအတြက္ပြဲ၂၀အထိဝင္ကစားခဲ့ရေပမယ့္လည္းလိုက္ဇစ္မွအိုင္ဘရာဟီမာကိုႏိုက္ေရာက္လာမႈနဲ႔အတူအသင္းေျပာင္းမယ္လို႔သတင္းထြက္ခဲ့သူလည္းျဖစ္ပါတယ္။

ဒါေပမယ့္လီဗာပူးကနက္ဖီးလစ္အတြက္ေျပာင္းေ႐ႊ႕ေၾကးေပါင္၁၅သန္းေတာင္းဆိုမႈနဲ႔အတူကမ္းလွမ္းမႈမရခဲ့ပါဘူး။ဒါေၾကာင့္လည္းလီဗာပူးဟာစိတ္ေျပာင္းကာဖီးလစ္ကို၂၀၂၅ခုႏွစ္အထိစာခ်ဳပ္သစ္ခ်ဳပ္ဆိုရန္ဆုံးျဖတ္ခဲ့ပါတယ္။

လီဗာပူးဟာယခုေႏြရာသီကာလအတြင္းထရန္းအလက္ဇႏၵားအာႏိုး၊ဖာဘင္ဟို၊ဗန္ဒိုက္၊အလစ္ဆင္၊အင္ဒါဆင္၊ေရာဘတ္ဆင္တို႔ကိုလည္းစာခ်ဳပ္သစ္ခ်ဳပ္ဆိုထားၿပီးျဖစ္ပါတယ္။

၎တို႔ဟာမိုဟာမက္ဆာလက္ႏွင့္ဆာဒီယိုမာေနးလ္တို႔ကိုလည္းစာခ်ဳပ္သစ္ခ်ဳပ္ဆိုရန္ႀကိဳးပမ္းသြားဖို႔ရွိေနပါတယ္။