
မန်ချက်စတာယူနိုက်တက်ဟာခရစ္စတီယာနိုရော်နယ်ဒိုကိုနစ်နာကြေးတစ်ပြားမျှမပေးဘဲစာချုပ်ဖျက်သိမ်းလာခဲ့ပြီဖြစ်ပါတယ်။
ယူနိုက်တက်ဟာမကြာသေးမီတုန်းက Talk TV နှင့်အင်တာဗျူးတွင်ကလပ်နှင့်နည်းပြအဲရစ်တန်ဟက်တို့ကို ခရစ္စတီယာနိုရော်နယ်ဒိုကလူသိရှင်ကြားဝေဖန်မှုပြုလုပ်လာပြီးနောက်စာချုပ်ဖျက်သိမ်းလာခဲ့တာလည်းဖြစ်ပါတယ်။
ခရစ္စတီယာနိုရော်နယ်ဒိုနှင့်ယူနိုက်တက်တို့ကနှစ်ဦးသဘောတူစာချုပ်ကိုဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်းအသီးသီးကြေညာလာခဲ့ကြပါတယ်။
ယူနိုက်တက်ကကလပ်အတွက်နှစ်ကြိမ်ကစားရာတွင် ၁၄၅ဂိုးသွင်းယူပေးခဲ့တဲ့ခရစ္စတီယာနိုရော်နယ်ဒိုနှင့်မိသားစုအနေဖြင့်ကောင်းမွန်တဲ့အနာဂတ်ပိုင်ဆိုင်ပါစေကြောင်းဆုတောင်းပေးကြောင်းနှင့်ကလပ်တွင်ရှိနေတဲ့ကျန်အားလုံးသူတို့မှာအဲရစ်တန်ဟက်လက်အောက်တွင်အသင်းတိုးတက်ရေးကိုသာအပြည့်အဝအာရုံစိုက်နေကြောင်းကြေညာသွားပါတယ်။
ယူနိုက်တက်ဟာအဲရစ်တန်ဟက်ရဲ့ပထမဆုံးရာသီတွင်ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့်၅နေရာတွင်ရပ်တည်နေပြီးကမ္ဘာ့ဖလားပြိုင်ပွဲလိဂ်နားထားပါတယ်။
ခရစ္စတီယာနိုရော်နယ်ဒိုဟာပေါ်တူဂီနှင့်အတူကမ္ဘာ့ဖလာပြိုင်ပွဲကိုအာရုံစိုက်နေပြီးကြာသပတေးနေ့ဂါနာနှင့်ပွဲစဉ်တွင်ပေါ်တူဂီအသင်းကိုဦးဆောင်လာပါမယ်။ယင်းပွဲမှာခရစ္စတီယာနိုရော်နယ်ဒိုအတွက်ကလပ်လက်မဲ့အဖြစ်ပထမဆုံးကစားရမယ့်ပွဲလည်းဖြစ်ပါတယ်။
ခရစ္စတီယာနိုရော်နယ်ဒိုဟာယူနိုက်တက်တွင်တစ်ပတ်လုပ်ခပေါင်၅၀၀၀၀၀ ရရှိနေသူဖြစ်ပြီးယူနိုက်တက်ရဲ့စာချုပ်ဖျက်သိမ်းခြင်းခံရမှုကြောင့်ပေါင်၁၁.၅သန်းဝန်းကျင်နစ်နာလာခဲ့ပါတယ်။
ZawGyi
နစ္နာေၾကးတစ္ျပားမွ် မေပးဘဲ ခရစၥတီယာႏိုေရာ္နယ္ဒိုကို အိုးထရက္ဖို႔ဒ္မွ ယူႏိုက္တက္ကန္ထုတ္လာ
မန္ခ်က္စတာယူႏိုက္တက္ဟာခရစၥတီယာႏိုေရာ္နယ္ဒိုကိုနစ္နာေၾကးတစ္ျပားမွ်မေပးဘဲစာခ်ဳပ္ဖ်က္သိမ္းလာခဲ့ၿပီျဖစ္ပါတယ္။
ယူႏိုက္တက္ဟာမၾကာေသးမီတုန္းက Talk TV ႏွင့္အင္တာဗ်ဴးတြင္ကလပ္ႏွင့္နည္းျပအဲရစ္တန္ဟက္တို႔ကို ခရစၥတီယာႏိုေရာ္နယ္ဒိုကလူသိရွင္ၾကားေဝဖန္မႈျပဳလုပ္လာၿပီးေနာက္စာခ်ဳပ္ဖ်က္သိမ္းလာခဲ့တာလည္းျဖစ္ပါတယ္။
ခရစၥတီယာႏိုေရာ္နယ္ဒိုႏွင့္ယူႏိုက္တက္တို႔ကႏွစ္ဦးသေဘာတူစာခ်ဳပ္ကိုဖ်က္သိမ္းလိုက္ၿပီျဖစ္ေၾကာင္းအသီးသီးေၾကညာလာခဲ့ၾကပါတယ္။
ယူႏိုက္တက္ကကလပ္အတြက္ႏွစ္ႀကိမ္ကစားရာတြင္ ၁၄၅ဂိုးသြင္းယူေပးခဲ့တဲ့ခရစၥတီယာႏိုေရာ္နယ္ဒိုႏွင့္မိသားစုအေနျဖင့္ေကာင္းမြန္တဲ့အနာဂတ္ပိုင္ဆိုင္ပါေစေၾကာင္းဆုေတာင္းေပးေၾကာင္းႏွင့္ကလပ္တြင္ရွိေနတဲ့က်န္အားလုံးသူတို႔မွာအဲရစ္တန္ဟက္လက္ေအာက္တြင္အသင္းတိုးတက္ေရးကိုသာအျပည့္အဝအာ႐ုံစိုက္ေနေၾကာင္းေၾကညာသြားပါတယ္။
ယူႏိုက္တက္ဟာအဲရစ္တန္ဟက္ရဲ႕ပထမဆုံးရာသီတြင္ပရီးမီးယားလိဂ္အမွတ္ေပးဇယားအဆင့္၅ေနရာတြင္ရပ္တည္ေနၿပီးကမာၻ႔ဖလားၿပိဳင္ပြဲလိဂ္နားထားပါတယ္။
ခရစၥတီယာႏိုေရာ္နယ္ဒိုဟာေပၚတူဂီႏွင့္အတူကမာၻ႔ဖလာၿပိဳင္ပြဲကိုအာ႐ုံစိုက္ေနၿပီးၾကာသပေတးေန႔ဂါနာႏွင့္ပြဲစဥ္တြင္ေပၚတူဂီအသင္းကိုဦးေဆာင္လာပါမယ္။ယင္းပြဲမွာခရစၥတီယာႏိုေရာ္နယ္ဒိုအတြက္ကလပ္လက္မဲ့အျဖစ္ပထမဆုံးကစားရမယ့္ပြဲလည္းျဖစ္ပါတယ္။
ခရစၥတီယာႏိုေရာ္နယ္ဒိုဟာယူႏိုက္တက္တြင္တစ္ပတ္လုပ္ခေပါင္၅၀၀၀၀၀ ရရွိေနသူျဖစ္ၿပီးယူႏိုက္တက္ရဲ႕စာခ်ဳပ္ဖ်က္သိမ္းျခင္းခံရမႈေၾကာင့္ေပါင္၁၁.၅သန္းဝန္းက်င္နစ္နာလာခဲ့ပါတယ္။