နည်းစနစ်ဒါရိုက်တာအီဒူးရဲ့နေရာတွင် အိုဗားမားနှင့်အစားထိုးရန် အာဆင်နယ်စီစဉ်နေ

အာဆင်နယ်ဟာရာသီသစ်အစတွင်သမိုင်းတစ်လျှောက်အဆိုးရွားဆုံးရလဒ်နှင့်ရင်ဆိုင်နေရမှုနဲ့အတူနည်းစနစ်ဒါရိုက်တာအီဒူးနေရာအားထုတ်ပယ်ရန်စဉ်းစားနေကြောင်းသိရပါတယ်။

အာဆင်နယ်အသင်းတာဝန်ရှိသူများဟာအီဒူးနေရာတွင်ဒတ်ချ်ဂန္ထဝင်ကစားသမားမာ့ခ်အိုဗားမားနှင့်အစားထိုးရန်စဉ်းစားနေပါတယ်။

The Daily Express ရဲ့ဖော်ပြချက်အရအာဆင်နယ်ဟာမဝေးတော့တဲ့ကာလအတွင်းအသက်၄၃နှစ်ရှိအီဒူးကိုရာထူးမှထုတ်ပယ်နိုင်ကြောင်းသိရပါတယ်။

အီဒူးဟာ၂၀၁၉ခုနှစ်၊ဇူလိုင်လတွင်အာဆင်နယ်နည်းစနစ်ဒါရိုက်တာအဖြစ်တာဝန်ထမ်းဆောင်ပြီးနောက်ပြောင်းရွှေ့ကြေးပေါင်သန်း၃၀၀ကျော်အသုံးပြုထားသူလည်းဖြစ်ပါတယ်။

အီဒူးဟာယခုနွေရာသီတွင်လည်းပြောင်းရွှေ့ကြေးပေါင်သန်း၁၃၀ကျော်အသုံးပြုကာ အသက်၂၃နှစ်နှင့်အောက်ကစားသမားများကိုခေါ်ယူထားပါတယ်။

မကြာသေးမီတုန်းကချဲလ်ဆီးအားရှုံးနိမ့်တဲ့ပွဲမှာအာဆင်နယ်ပရိသတ်များရှိရာဘက်သို့အီဒူးရဲ့ဇနီးသည်ကလက်ခလယ်ထောင်ပြမှုနဲ့အတူ၎င်းနှင့်ပရိသတ်များအကြားတွင်တင်းမာမှုများရှိလာပါတယ်။

အီဒူးဟာအာဆင်နယ်တွင်နည်းစနစ်ဒါရိုက်တာအဖြစ်တာဝန်ထမ်းဆောင်ပြီးနောက်ကစားသမားခေါ်ယူမှုအမှားများဆက်တိုက်လုပ်ဆောင်လာသူလည်းဖြစ်ပါတယ်။အီဒူးပထမဆုံးခေါ်ယူခဲ့တဲ့ဆာလီဘာအတွက်ပေါင်၂၇သန်းသုံးခဲ့ရပေမယ့်ယခုတိုင်တစ်ပွဲမျှကစားခွင့်ရသေးပါဘူး။

ဒါ့အပြင်အီဒူးဟာပီပီကိုပေါင်၇၂သန်းသုံးခဲ့သော်လည်းအိုင်ဗရီကို့စ်လက်ရွေးစင်မှာပရီမီးယားလိဂ်ဂိုး၁၅ဂိုးတည်းသာသွင်းထားနိုင်ပါသေးတယ်။အဆိုးရွားဆုံးမှာကစားသမားဘဝနှောင်းပိုင်းသို့ရောက်နေပြီဖြစ်တဲ့ဒေးဗစ်လုဇ်ကိုပြောင်းရွှေ့ကြေးပေါင်၈သန်းဖြင့်၂နှစ်စာချုပ်ဖြင့်ခေါ်ယူခဲ့တာပါ။

ဒါ့အပြင်အီဒူးဟာအသက်၃၂နှစ်ရှိဝီလီယံကိုလည်းတစ်ပတ်လုပ်ခ၂၂၀၀၀၀ဖြင့်သုံးနှစ်စာချုပ်ချုပ်ဆိုခေါ်ယူခဲ့ပါသေးတယ်။

အီဒူးဟာပြီးခဲ့တဲ့နှစ်နွေတုန်းကအာဂျင်တီးနားလက်ရွေးစင်အီမီမာတီနက်ဇ်ကိုဗီလာသို့ပေါင်သန်း၂၀ဖြင့်ရောင်းချပြီးတစ်နှစ်အကြာတွင်ရမ်ဒဲလ်ကိုပေါင်၂၄သန်းသုံးကာခေါ်ယူခဲ့ပါတယ်။

ဒတ်ချ်ဂန္ထဝင်ကစားသမားအိုဗားမားဟာလည်းအာဆင်နယ်တွင်ကစားခဲ့ဖူးကာ၁၉၉၇-၉၈ရာသီတုန်းကပရီးမီးယားလိဂ်နှင့်အက်ဖ်အေဖလားရရှိအောင်အဓိကနေရာမှကူညီခဲ့သူဖြစ်ပါတယ်။

သူဟာ၂၀၁၂ခုနှစ်ကတည်းကအေဂျက်စ်တွင်ဘောလုံးဒါရိုက်တာအဖြစ်တာဝန်ထမ်းဆောင်လာခဲ့သူဖြစ်ပြီးအေဂျက်စ်အားကွင်းတွင်း/ကွင်းပြင်အောင်မြင်မှုရရှိအောင်အဓိကနေရာဦးဆောင်နေပါတယ်။

ZawGyi

နည္းစနစ္ဒါ႐ိုက္တာအီဒူးရဲ႕ေနရာတြင္ အိုဗားမားႏွင့္အစားထိုးရန္ အာဆင္နယ္စီစဥ္ေန

အာဆင္နယ္ဟာရာသီသစ္အစတြင္သမိုင္းတစ္ေလွ်ာက္အဆိုး႐ြားဆုံးရလဒ္ႏွင့္ရင္ဆိုင္ေနရမႈနဲ႔အတူနည္းစနစ္ဒါ႐ိုက္တာအီဒူးေနရာအားထုတ္ပယ္ရန္စဥ္းစားေနေၾကာင္းသိရပါတယ္။

အာဆင္နယ္အသင္းတာဝန္ရွိသူမ်ားဟာအီဒူးေနရာတြင္ဒတ္ခ်္ဂႏၴဝင္ကစားသမားမာ့ခ္အိုဗားမားႏွင့္အစားထိုးရန္စဥ္းစားေနပါတယ္။

The Daily Express ရဲ႕ေဖာ္ျပခ်က္အရအာဆင္နယ္ဟာမေဝးေတာ့တဲ့ကာလအတြင္းအသက္၄၃ႏွစ္ရွိအီဒူးကိုရာထူးမွထုတ္ပယ္ႏိုင္ေၾကာင္းသိရပါတယ္။

အီဒူးဟာ၂၀၁၉ခုႏွစ္၊ဇူလိုင္လတြင္အာဆင္နယ္နည္းစနစ္ဒါ႐ိုက္တာအျဖစ္တာဝန္ထမ္းေဆာင္ၿပီးေနာက္ေျပာင္းေ႐ႊ႕ေၾကးေပါင္သန္း၃၀၀ေက်ာ္အသုံးျပဳထားသူလည္းျဖစ္ပါတယ္။

အီဒူးဟာယခုေႏြရာသီတြင္လည္းေျပာင္းေ႐ႊ႕ေၾကးေပါင္သန္း၁၃၀ေက်ာ္အသုံးျပဳကာ အသက္၂၃ႏွစ္ႏွင့္ေအာက္ကစားသမားမ်ားကိုေခၚယူထားပါတယ္။

မၾကာေသးမီတုန္းကခ်ဲလ္ဆီးအားရႈံးနိမ့္တဲ့ပြဲမွာအာဆင္နယ္ပရိသတ္မ်ားရွိရာဘက္သို႔အီဒူးရဲ႕ဇနီးသည္ကလက္ခလယ္ေထာင္ျပမႈနဲ႔အတူ၎ႏွင့္ပရိသတ္မ်ားအၾကားတြင္တင္းမာမႈမ်ားရွိလာပါတယ္။

အီဒူးဟာအာဆင္နယ္တြင္နည္းစနစ္ဒါ႐ိုက္တာအျဖစ္တာဝန္ထမ္းေဆာင္ၿပီးေနာက္ကစားသမားေခၚယူမႈအမွားမ်ားဆက္တိုက္လုပ္ေဆာင္လာသူလည္းျဖစ္ပါတယ္။အီဒူးပထမဆုံးေခၚယူခဲ့တဲ့ဆာလီဘာအတြက္ေပါင္၂၇သန္းသုံးခဲ့ရေပမယ့္ယခုတိုင္တစ္ပြဲမွ်ကစားခြင့္ရေသးပါဘူး။

ဒါ့အျပင္အီဒူးဟာပီပီကိုေပါင္၇၂သန္းသုံးခဲ့ေသာ္လည္းအိုင္ဗရီကို႔စ္လက္ေ႐ြးစင္မွာပရီမီးယားလိဂ္ဂိုး၁၅ဂိုးတည္းသာသြင္းထားႏိုင္ပါေသးတယ္။အဆိုး႐ြားဆုံးမွာကစားသမားဘဝေႏွာင္းပိုင္းသို႔ေရာက္ေနၿပီျဖစ္တဲ့ေဒးဗစ္လုဇ္ကိုေျပာင္းေ႐ႊ႕ေၾကးေပါင္၈သန္းျဖင့္၂ႏွစ္စာခ်ဳပ္ျဖင့္ေခၚယူခဲ့တာပါ။

ဒါ့အျပင္အီဒူးဟာအသက္၃၂ႏွစ္ရွိဝီလီယံကိုလည္းတစ္ပတ္လုပ္ခ၂၂၀၀၀၀ျဖင့္သုံးႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုေခၚယူခဲ့ပါေသးတယ္။

အီဒူးဟာၿပီးခဲ့တဲ့ႏွစ္ေႏြတုန္းကအာဂ်င္တီးနားလက္ေ႐ြးစင္အီမီမာတီနက္ဇ္ကိုဗီလာသို႔ေပါင္သန္း၂၀ျဖင့္ေရာင္းခ်ၿပီးတစ္ႏွစ္အၾကာတြင္ရမ္ဒဲလ္ကိုေပါင္၂၄သန္းသုံးကာေခၚယူခဲ့ပါတယ္။

ဒတ္ခ်္ဂႏၴဝင္ကစားသမားအိုဗားမားဟာလည္းအာဆင္နယ္တြင္ကစားခဲ့ဖူးကာ၁၉၉၇-၉၈ရာသီတုန္းကပရီးမီးယားလိဂ္ႏွင့္အက္ဖ္ေအဖလားရရွိေအာင္အဓိကေနရာမွကူညီခဲ့သူျဖစ္ပါတယ္။

သူဟာ၂၀၁၂ခုႏွစ္ကတည္းကေအဂ်က္စ္တြင္ေဘာလုံးဒါ႐ိုက္တာအျဖစ္တာဝန္ထမ္းေဆာင္လာခဲ့သူျဖစ္ၿပီးေအဂ်က္စ္အားကြင္းတြင္း/ကြင္းျပင္ေအာင္ျမင္မႈရရွိေအာင္အဓိကေနရာဦးေဆာင္ေနပါတယ္။