နည်းစနစ်ပိုင်းအားပြုတဲ့တီယာဂိုက လီဗာပူးအလယ်တန်းကို ဖျက်ဆီးနေကြောင်း ဝင်းဂါးဝေဖန်

အာဆင်နယ်ဂန္ထဝင်နည်းပြအာစင်ဝင်းဂါးကလီဗာပူးအလယ်တန်းမှာတီယာဂိုအယ်ကန်တာရာကြောင့်အနိုင်ရလိုစိတ်ပြင်းပြတဲ့ကစားဟန်ပျောက်ဆုံးသွားကြောင်းဝေဖန်သုံးသပ်လာပါတယ်။ပြင်သစ်လူမျိုးနည်းပြကနည်းစနစ်ပိုင်း အားပြုတဲ့စပိန်စတားမှာလီဗာပူးအလယ်တန်းအတွက်ပြဿနာတစ်ရပ်ဖြစ်နေကြောင်းဆိုသွားတာပါ။

တီယာဂိုဟာပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ဈေးကွက်တုန်းကဘိုင်ယန်မြူးနစ်မှပြောင်းရွှေ့လာတာဖြစ်ပြီးလီဗာပူးတွင်ခက်ခဲတဲ့ကစားသမားဘဝကြုံဆုံနေရပါတယ်။

သူဟာခရစ္စမတ်ကာလမတိုင်မီလီဗာပူးအတွက်၂ပွဲတည်းသာကစားထားနိုင်ပြီးသူပြန်လည်ကောင်းမွန်လာတဲ့ခရစ္စမတ်နှောင်းပိုင်းတွင်မာဆေးလ်ဆိုက်အခြေစိုက်ကလပ်မှာပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့်၆နေရာသို့အထိ ဆင်းပေးထားရပါတယ်။

လီဗာပူးဟာယခုရာသီတွင်အဓိကခံစစ်သမားများဒဏ်ရာပြဿနာများနှင့်ရုန်းကန်နေရပြီးအသင်းခေါင်းဆောင် ဟင်ဒါဆင်မှာဗဟိုခံစစ်သို့ဆင်းကစားနေရပါတယ်။

ဝင်းဂါးက “တီယာဂိုအယ်ကန်တာရာကကျွန်တော့်အတွက်တော့နည်းပြတစ်ယောက်ဆိုရင်ပြဿနာတစ်ခုပါ။လီ ဗာပူးအလယ်တန်းကဆာလောင်ပြီးအနိုင်ရလိုစိတ်ပြင်းပြတဲ့ပုံစံနဲ့ကစားပါတယ်။အဲဒီလိုအချိန်မှာနည်းပြကနည်းစနစ်ပိုင်းအားပြုတဲ့ကစားသမားရှိလာရင်ပိုကောင်းလာမယ်လို့ယူဆတတ်ပါတယ်။ဒါပေမယ့်နည်းစနစ်ပိုင်းအားပြုတဲ့ ကစားသမားကိုထည့်လိုက်တဲ့အချိန်မှာအလယ်တန်းကအနိုင်ရလိုစိတ်ပြင်းပြတဲ့ကစားဟန်ပျောက်သွားပါတယ်။ လီဗာပူးမှာအရင်တုန်းကရှိခဲ့ဖူးတဲ့အားသာချက်အနည်းငယ်ပျောက်သွားပါတယ်။ဒီကနေ့အချိန်မှာသူတို့မှာဘောလုံးပြန်လည်ရယူတဲ့နေရာမှာအားနည်းလာပါတယ်။တစ်ခါတစ်လေမှာအသင်းကိုပိုကောင်းစေချင်တဲ့အခါမျိုးမှာ အသင်းမှာရှိတာတစ်ခုခုကိုပြန်ပေးဆပ်ရတတ်ပါတယ်”လို့ပြောကြားသွားပါတယ်။

မကြာသေးမီတုန်းကလည်းလီဗာပူးအလယ်တန်းကစားသမားဟောင်းဒိုင်ယက်တာဟာမန်းကတီယာဂိုမှာလီဗာပူး အတွက်သင့်တော်တဲ့အလယ်တန်းကစားသမားမဟုတ်ကြောင်းပြောကြားခဲ့ဖူးပါတယ်။

ဂျာမနီလက်ရွေးစင်ဟောင်းက “သူကနှေးကွေးအောင်လုပ်တယ်။လီဗာပူးကစားသလိုမကစားပါဘူး။အရင်တုန်းက လီဗာပူးအလယ်တန်းကအလုပ်ကြိးစားတယ်။သူတို့ဟာတီယာဂိုလိုကျွမ်းကျင်မှုမရှိဘူး။ဒါပေမယ့်သူတို့ကဘောလုံး ရပြီဆိုတာနဲ့မာနေးနဲ့ဆာလာတို့ဆီကိုအမြန်ပေးကြတယ်။တောင်ပံမှာဘောလုံးမြန်မြန်ရရင်ဒီကစားသမားတွေက မြန်မြန်ပြေးနိုင်တော့တားဆီးဖို့အရမ်းခက်တယ်”လို့ပြောကြားသွားပါတယ်။

တီယာဂိုဟာကြားရက်တုန်းကလိုက်ဇစ်အား၂-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ချန်ပီယံလိဂ်၁၆ရှုံးထွက်အဆင့်ပထမအကျော့ပွဲ စဉ်တွင်ပွဲထွက်ကစားခဲ့ပါတယ်။

လီဗာပူးဟာလာမယ့်စနေနေ့မှာမာဆေးလ်ဆိုက်ဒါဘီပွဲစဉ်အဖြစ်အဲဗာတန်နှင့်ရင်ဆိုင်ကစားရပါမယ်။၎င်းတို့ဟာ မာဆေးလ်ဆိုက်ဒါဘီပွဲစဉ်မှာပရီးမီးယားလိဂ်လေးပွဲဆက်အရှုံးနှင့်မကြုံရအောင်တိုက်ပွဲဝင်ရပါမယ်။

ZawGyi

နည္းစနစ္ပိုင္းအားျပဳတဲ့တီယာဂိုက လီဗာပူးအလယ္တန္းကို ဖ်က္ဆီးေနေၾကာင္း ဝင္းဂါးေဝဖန္

အာဆင္နယ္ဂႏၴဝင္နည္းျပအာစင္ဝင္းဂါးကလီဗာပူးအလယ္တန္းမွာတီယာဂိုအယ္ကန္တာရာေၾကာင့္အႏိုင္ရလိုစိတ္ျပင္းျပတဲ့ကစားဟန္ေပ်ာက္ဆုံးသြားေၾကာင္းေဝဖန္သုံးသပ္လာပါတယ္။ျပင္သစ္လူမ်ိဳးနည္းျပကနည္းစနစ္ပိုင္း အားျပဳတဲ့စပိန္စတားမွာလီဗာပူးအလယ္တန္းအတြက္ျပႆနာတစ္ရပ္ျဖစ္ေနေၾကာင္းဆိုသြားတာပါ။

တီယာဂိုဟာၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္တုန္းကဘိုင္ယန္ျမဴးနစ္မွေျပာင္းေ႐ႊ႕လာတာျဖစ္ၿပီးလီဗာပူးတြင္ခက္ခဲတဲ့ကစားသမားဘဝႀကဳံဆုံေနရပါတယ္။

သူဟာခရစၥမတ္ကာလမတိုင္မီလီဗာပူးအတြက္၂ပြဲတည္းသာကစားထားႏိုင္ၿပီးသူျပန္လည္ေကာင္းမြန္လာတဲ့ခရစၥမတ္ေႏွာင္းပိုင္းတြင္မာေဆးလ္ဆိုက္အေျခစိုက္ကလပ္မွာပရီးမီးယားလိဂ္အမွတ္ေပးဇယားအဆင့္၆ေနရာသို႔အထိ ဆင္းေပးထားရပါတယ္။

လီဗာပူးဟာယခုရာသီတြင္အဓိကခံစစ္သမားမ်ားဒဏ္ရာျပႆနာမ်ားႏွင့္႐ုန္းကန္ေနရၿပီးအသင္းေခါင္းေဆာင္ ဟင္ဒါဆင္မွာဗဟိုခံစစ္သို႔ဆင္းကစားေနရပါတယ္။

ဝင္းဂါးက “တီယာဂိုအယ္ကန္တာရာကကြၽန္ေတာ့္အတြက္ေတာ့နည္းျပတစ္ေယာက္ဆိုရင္ျပႆနာတစ္ခုပါ။လီ ဗာပူးအလယ္တန္းကဆာေလာင္ၿပီးအႏိုင္ရလိုစိတ္ျပင္းျပတဲ့ပုံစံနဲ႔ကစားပါတယ္။အဲဒီလိုအခ်ိန္မွာနည္းျပကနည္းစနစ္ပိုင္းအားျပဳတဲ့ကစားသမားရွိလာရင္ပိုေကာင္းလာမယ္လို႔ယူဆတတ္ပါတယ္။ဒါေပမယ့္နည္းစနစ္ပိုင္းအားျပဳတဲ့ ကစားသမားကိုထည့္လိုက္တဲ့အခ်ိန္မွာအလယ္တန္းကအႏိုင္ရလိုစိတ္ျပင္းျပတဲ့ကစားဟန္ေပ်ာက္သြားပါတယ္။ လီဗာပူးမွာအရင္တုန္းကရွိခဲ့ဖူးတဲ့အားသာခ်က္အနည္းငယ္ေပ်ာက္သြားပါတယ္။ဒီကေန႔အခ်ိန္မွာသူတို႔မွာေဘာလုံးျပန္လည္ရယူတဲ့ေနရာမွာအားနည္းလာပါတယ္။တစ္ခါတစ္ေလမွာအသင္းကိုပိုေကာင္းေစခ်င္တဲ့အခါမ်ိဳးမွာ အသင္းမွာရွိတာတစ္ခုခုကိုျပန္ေပးဆပ္ရတတ္ပါတယ္”လို႔ေျပာၾကားသြားပါတယ္။

မၾကာေသးမီတုန္းကလည္းလီဗာပူးအလယ္တန္းကစားသမားေဟာင္းဒိုင္ယက္တာဟာမန္းကတီယာဂိုမွာလီဗာပူး အတြက္သင့္ေတာ္တဲ့အလယ္တန္းကစားသမားမဟုတ္ေၾကာင္းေျပာၾကားခဲ့ဖူးပါတယ္။

ဂ်ာမနီလက္ေ႐ြးစင္ေဟာင္းက “သူကေႏွးေကြးေအာင္လုပ္တယ္။လီဗာပူးကစားသလိုမကစားပါဘူး။အရင္တုန္းက လီဗာပူးအလယ္တန္းကအလုပ္ႀကိးစားတယ္။သူတို႔ဟာတီယာဂိုလိုကြၽမ္းက်င္မႈမရွိဘူး။ဒါေပမယ့္သူတို႔ကေဘာလုံး ရၿပီဆိုတာနဲ႔မာေနးနဲ႔ဆာလာတို႔ဆီကိုအျမန္ေပးၾကတယ္။ေတာင္ပံမွာေဘာလုံးျမန္ျမန္ရရင္ဒီကစားသမားေတြက ျမန္ျမန္ေျပးႏိုင္ေတာ့တားဆီးဖို႔အရမ္းခက္တယ္”လို႔ေျပာၾကားသြားပါတယ္။

တီယာဂိုဟာၾကားရက္တုန္းကလိုက္ဇစ္အား၂-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ခ်န္ပီယံလိဂ္၁၆ရႈံးထြက္အဆင့္ပထမအေက်ာ့ပြဲ စဥ္တြင္ပြဲထြက္ကစားခဲ့ပါတယ္။

လီဗာပူးဟာလာမယ့္စေနေန႔မွာမာေဆးလ္ဆိုက္ဒါဘီပြဲစဥ္အျဖစ္အဲဗာတန္ႏွင့္ရင္ဆိုင္ကစားရပါမယ္။၎တို႔ဟာ မာေဆးလ္ဆိုက္ဒါဘီပြဲစဥ္မွာပရီးမီးယားလိဂ္ေလးပြဲဆက္အရႈံးႏွင့္မႀကဳံရေအာင္တိုက္ပြဲဝင္ရပါမယ္။