နည်းပြက လူစားလဲမှုများစွာ ပြုလုပ်ခြင်းကြောင့် ဂျာမန်ပိုကယ်ဖလားပြိုင်ပွဲမှ ဝုဖ်ဘတ်ထုတ်ပယ်ခံရ

ဝုဖ်ဘတ်ဟာပရူဆန်မန်စတာကိုအနိုင်ရရှိပေမယ့်လည်းလူစားလဲလှယ်မှုများစွာပြုလုပ်ခြင်းကြောင့်ဂျာမန်ပိုကယ်ဖလားပြိုင်ပွဲမှထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။

ဘွန်ဒက်စ်လီဂါကလပ်ဟာဩဂုတ်လ၈ရက်နေ့တနင်္ဂနွေနေ့တုန်းကဂျာမန်ပိုကယ်ဖလားပထမအဆင့်တွင်အသေးငယ်လေးအားအချိန်ပိုတွင်၃-၁ဖြင့်အနိုင်ရရှိခဲ့ပါတယ်။

ဒါပေမယ့်ဂျာမန်ဘောလုံးအဖွဲ့ချုပ်ကဝုဖ်ဘတ်ဟာခွင့်ပြုချက်ထားသည်ထက်လူစားလဲလှယ်မှုပြုလုပ်ခဲ့တဲ့အတွက်ပြိုင်ပွဲမှထုတ်ပယ်လိုက်ပြီးပရူဆန်မန်စတာကို၂-၀ဂိုးဖြင့်အနိုင်ပေးလိုက်ပါတယ်။

ဝုဖ်ဘတ်ဟာပရူဆန်မန်စတာနှင့်ပွဲမှာလူစားလဲလှယ်ခွင့်ငါးကြိမ်သာရှိပေမယ့်ခြောက်ကြိမ်အထိလူစားလဲလှယ်ခဲ့ပါတယ်။

အဆိုပါပွဲစဉ်မှာဝုဖ်ဘတ်နည်းပြသစ်မတ်ခ်ဗန်ဘွန်းမဲလ်ရဲ့ပထမဆုံးပွဲစဉ်လည်းဖြစ်ပါတယ်။ဒတ်ချ်လက်ရွေးစင်ကစားသမားဟောင်းဟာပွဲချိန်မိနစ်၉၀အတွင်းတွင်လူစားလဲလှယ်မှု၃ကြိမ်ပြုလုပ်ခဲ့ပြီးအချိန်ပိုတွင်လူစားလဲလှယ်မှု၃ကြိမ်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ဝုဖ်ဘတ်က၎င်းတို့ဟာရှေ့နေများနှင့်တိုင်ပင်ကာအယူခံဝင်သွားမည်ဖြစ်ကြောင်းကြေညာထားပါတယ်။ဝုဖ်ဘတ်ဟာယင်းအမှားအတွက်ဘိုချမ်နှင့်ကစားရမယ့်ပွဲစဉ်မှာလက်မှတ်၅စောင်ဝယ်ယူတဲ့ပရိသတ်အားလက်မှတ်၆စောင်အခမဲ့ပေးတဲ့ပရိုမိုးရှင်းလုပ်ခဲ့ပါတယ်။

ZawGyi

နည္းျပက လူစားလဲမႈမ်ားစြာ ျပဳလုပ္ျခင္းေၾကာင့္ ဂ်ာမန္ပိုကယ္ဖလားၿပိဳင္ပြဲမွ ဝုဖ္ဘတ္ထုတ္ပယ္ခံရ

ဝုဖ္ဘတ္ဟာပ႐ူဆန္မန္စတာကိုအႏိုင္ရရွိေပမယ့္လည္းလူစားလဲလွယ္မႈမ်ားစြာျပဳလုပ္ျခင္းေၾကာင့္ဂ်ာမန္ပိုကယ္ဖလားၿပိဳင္ပြဲမွထုတ္ပယ္ျခင္းခံခဲ့ရပါတယ္။

ဘြန္ဒက္စ္လီဂါကလပ္ဟာဩဂုတ္လ၈ရက္ေန႔တနဂၤေႏြေန႔တုန္းကဂ်ာမန္ပိုကယ္ဖလားပထမအဆင့္တြင္အေသးငယ္ေလးအားအခ်ိန္ပိုတြင္၃-၁ျဖင့္အႏိုင္ရရွိခဲ့ပါတယ္။

ဒါေပမယ့္ဂ်ာမန္ေဘာလုံးအဖြဲ႕ခ်ဳပ္ကဝုဖ္ဘတ္ဟာခြင့္ျပဳခ်က္ထားသည္ထက္လူစားလဲလွယ္မႈျပဳလုပ္ခဲ့တဲ့အတြက္ၿပိဳင္ပြဲမွထုတ္ပယ္လိုက္ၿပီးပ႐ူဆန္မန္စတာကို၂-၀ဂိုးျဖင့္အႏိုင္ေပးလိုက္ပါတယ္။

ဝုဖ္ဘတ္ဟာပ႐ူဆန္မန္စတာႏွင့္ပြဲမွာလူစားလဲလွယ္ခြင့္ငါးႀကိမ္သာရွိေပမယ့္ေျခာက္ႀကိမ္အထိလူစားလဲလွယ္ခဲ့ပါတယ္။

အဆိုပါပြဲစဥ္မွာဝုဖ္ဘတ္နည္းျပသစ္မတ္ခ္ဗန္ဘြန္းမဲလ္ရဲ႕ပထမဆုံးပြဲစဥ္လည္းျဖစ္ပါတယ္။ဒတ္ခ်္လက္ေ႐ြးစင္ကစားသမားေဟာင္းဟာပြဲခ်ိန္မိနစ္၉၀အတြင္းတြင္လူစားလဲလွယ္မႈ၃ႀကိမ္ျပဳလုပ္ခဲ့ၿပီးအခ်ိန္ပိုတြင္လူစားလဲလွယ္မႈ၃ႀကိမ္ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။

ဝုဖ္ဘတ္က၎တို႔ဟာေရွ႕ေနမ်ားႏွင့္တိုင္ပင္ကာအယူခံဝင္သြားမည္ျဖစ္ေၾကာင္းေၾကညာထားပါတယ္။ဝုဖ္ဘတ္ဟာယင္းအမွားအတြက္ဘိုခ်မ္ႏွင့္ကစားရမယ့္ပြဲစဥ္မွာလက္မွတ္၅ေစာင္ဝယ္ယူတဲ့ပရိသတ္အားလက္မွတ္၆ေစာင္အခမဲ့ေပးတဲ့ပ႐ိုမိုးရွင္းလုပ္ခဲ့ပါတယ္။