ယခုရာသီအကုန်တွင်မှ ဆိုးလ်ရှားကို သက်တမ်းတိုးရေး မန်ယူ ဆွေးနွေးမည်

မန်ယူဟာယခုရာသီအကုန်အထိစောင့်ဆိုင်းပြီးမှသာနည်းပြအိုလီဂန်းနားဆိုးလ်ရှားအားစာချုပ်သက်တမ်းတိုးရေး အတွက်ဆွေးနွေးမှုပြုလုပ်သွားမှာဖြစ်ကြောင်းသိရပါတယ်။

ဆိုးလ်ရှားဦးဆောင်တဲ့မန်ယူအသင်းဟာပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာဒုတိယနေရာတွင်ရပ်တည်နေပြီးထိပ် ဆုံးမှမြို့ခံပြိုင်ဘက်မန်စီးတီးနှင့်ရမှတ်၅မှတ်ကွာဟနေပါတယ်။

မန်ယူအသင်းတာဝန်ရှိသူများဟာဆိုးလ်ရှားရဲ့မန်ယူအသင်း ချန်ပီယံဆုအတွက်စိန်ခေါ်နိုင်ခြင်းမရှိ/မရှိနှင့်ချန်ပီယံ လိဂ်ဝင်ခွင့်ရ/မရတို့ကိုဆက်လက်စောင့်ကြည့်သွားလိုနေပါသေးတယ်။

နော်ဝေလူမျိုးနည်းပြရဲ့စာချုပ်က၁၆လစာချုပ်ကျန်နေသေးပြီးမန်ယူကလက်ရှိခြေအနေအနေအထားကြောင့်နောက် ထပ်၂နှစ်သက်တမ်းတိုးလိုနေပါတယ်။

မန်ယူဟာဆိုးလ်ရှားကိုစာချုပ်သက်တမ်းတိုးဖြစ်ပါကလုပ်ခအဖြစ်တစ်နှစ်လျှင်ပေါင်၆သန်းအထိတိုးပေးသွားမယ့် အပြင်အပိုဆုကြေးများလည်းထည့်သွင်းပေးသွားပါမယ်။

ဆိုးလ်ရှားရဲ့မန်ယူဟာယနေ့ညတွင်အက်ဖ်အေဖလားပဥ္စမအဆင့်ပွဲစဉ်အဖြစ်ဝက်စ်ဟမ်းကိုဧည့်ခံကစားရပါမယ်။

ZawGyi







ဆိုးလ်ရှားရဲ့မန်ယူဟာယနေ့ညတွင်အက်ဖ်အေဖလားပဉ္စမအဆင့်ပွဲစဉ်အဖြစ်ဝက်စ်ဟမ်းကိုဧည့်ခံကစားရပါမယ်။