နည်းပြဘဝတွင် နည်းပြချင်ဆုံးဂန္ထဝင်ကစားသမားတစ်ဦးကို ကလော့ပ်ဖွင့်ဟလာ

ဂျာဂင်ကလော့ပ်ကသူ့ရဲ့နည်းပြဘဝတွင် နည်းပြချင်ဆုံးကစားသမားအဖြစ်ရွေးချယ်ရမယ်ဆိုပါကလီဗာပူးဂန္ထဝင်စတီဗင်ဂျရတ်ကိုအလွယ်တကူပင်ရွေးချယ်သွားမှာဖြစ်ကြောင်းပြောကြားလာပါတယ်။

စတီဗင်ဂျရတ်ဟာသူ့ရဲ့ကစားသမားဘဝတစ်ခုလုံးနီးပါးကိုလီဗာပူးတွင်ကျင်လည်ခဲ့သူဖြစ်ပြီးချန်ပီယံလိဂ်ဖလား၊ယူအီးအက်ဖ်အေဖလား၊အက်ဖ်အေဖလား၁ကြိမ်နှင့်လိဂ်ဖလား၃ကြိမ်ဆွတ်ခူးနိုင်ခဲ့သူဖြစ်ပါတယ်။

အသက်၄၁နှစ်ရှိပရီးမီးယားလိဂ်ဂန္ထဝင်ကစားသမားဟာ၂၀၁၅ခုနှစ်တွင်လီဗာပူးမှထွက်ခွာပြီးနောက်အမေရိကန်ကလပ်ဂလက်ဆီတွင်ကာလတိုကစားပြီးနောက်၂၀၁၆ခုနှစ်တွင်ကစားသမားဘဝမှအနားယူခဲ့ပါတယ်။

ကလော့ပ်ဟာ၂၀၁၅ခုနှစ်တွင်ဘရန်ဒန်ဂျော်ဂျာရဲ့နေရာတွင်အစားထိုးခန့်အပ်ခံခဲ့ရပြီးစတီဗင်ဂျရတ်ထွက်ခွာသွားပြီးမှရောက်လာခဲ့ကာနည်းပြခဲ့ရခြင်းမရှိပါဘူး။

ဘောလုံးသမိုင်းတွင် နည်ပြလိုတဲ့ကစားသမားတစ်ဦးကိုရွေးချယ်ရမည်ဆိုပါကဘယ်သူ့ကိုရွေးချယ်မလဲလို့မေးမြန်းလာမှုကိုကလော့ပ်က “လွယ်ပါတယ်။စတီဗီ(ဂျရတ်)ပါ။လွန်ခဲ့တဲ့သုံးလေးနှစ်တုန်းကဆစ်ဒနီမှာပွဲသွားကစားတော့အသင်းမှာရွေးချယ်ဖို့ကစားသမားအလုံအလောက်မရှိခဲ့ဘူး။ဒီတော့မက်နာမန်၊အက်ဂါ၊ဂျေမီကာရေဂါနဲ့စတီဗီတို့ကိုဖိတ်ခေါ်ခဲ့ကြရတယ်။ရိုးသားစွာပြောရရင်လီဗာပူးအကြောင်းကျွန်တော်သိပါတယ်။သူကစားတာလည်းမြင်ဖူးပါတယ်။စတီဗီကအနားယူထားပေမယ့်တော်တော်ကောင်းကောင်းလေးကစားနိုင်တုန်းဆိုတာမြင်ခဲ့ရတယ်။လွန်ခဲ့တဲ့ခြောက်နှစ်တုန်းကဆိုရင်ကွဲပြားတဲ့အဖြေပေးချင်ပေးမိလိမ့်မယ်။အခုတော့သူ့ကိုကစားသမားတစ်ဦးအနေနဲ့လူတစ်ဦးအနေနဲ့ပါသိသွားခွင့်ရတဲ့အခါမှာတော့အဖြေကဖြေရတာလွယ်သွားပါတယ်”လို့ပြောကြားသွားပါတယ်။

စတီဗင်ဂျရတ်ဟာ၂၀၁၈ခုနှစ်မှစတင်ကာရိန်းဂျားကိုကိုင်တွယ်လာခဲ့သူဖြစ်ပြီး ကလော့ပ်ရဲ့လီဗာပူးနည်းပြရာထူးကိုဆက်ခံမယ့်သူအဖြစ်သတ်မှတ်ခံထားရပါတယ်။သူဟာနည်းပြဘဝကိုလီဗာပူးလူငယ်အသင်းအားကိုင်တွယ်ကာစတင်ခဲ့သူလည်းဖြစ်ပါတယ်။သူဟာပြီးခဲ့တဲ့ရာသီတုန်းကရိန်းဂျားကိုစကော့တလန်အမှတ်ပေးဖလားရရှိအောင်ဦးဆောင်ကာနည်းပြဘဝပထမဆုံးဆုဖလားကိုရယူနိုင်ခဲ့ပါတယ်။

ZawGyi

နည္းျပဘဝတြင္ နည္းျပခ်င္ဆုံးဂႏၴဝင္ကစားသမားတစ္ဦးကို ကေလာ့ပ္ဖြင့္ဟလာ

ဂ်ာဂင္ကေလာ့ပ္ကသူ႔ရဲ႕နည္းျပဘဝတြင္ နည္းျပခ်င္ဆုံးကစားသမားအျဖစ္ေ႐ြးခ်ယ္ရမယ္ဆိုပါကလီဗာပူးဂႏၴဝင္စတီဗင္ဂ်ရတ္ကိုအလြယ္တကူပင္ေ႐ြးခ်ယ္သြားမွာျဖစ္ေၾကာင္းေျပာၾကားလာပါတယ္။

စတီဗင္ဂ်ရတ္ဟာသူ႔ရဲ႕ကစားသမားဘဝတစ္ခုလုံးနီးပါးကိုလီဗာပူးတြင္က်င္လည္ခဲ့သူျဖစ္ၿပီးခ်န္ပီယံလိဂ္ဖလား၊ယူအီးအက္ဖ္ေအဖလား၊အက္ဖ္ေအဖလား၁ႀကိမ္ႏွင့္လိဂ္ဖလား၃ႀကိမ္ဆြတ္ခူးႏိုင္ခဲ့သူျဖစ္ပါတယ္။

အသက္၄၁ႏွစ္ရွိပရီးမီးယားလိဂ္ဂႏၴဝင္ကစားသမားဟာ၂၀၁၅ခုႏွစ္တြင္လီဗာပူးမွထြက္ခြာၿပီးေနာက္အေမရိကန္ကလပ္ဂလက္ဆီတြင္ကာလတိုကစားၿပီးေနာက္၂၀၁၆ခုႏွစ္တြင္ကစားသမားဘဝမွအနားယူခဲ့ပါတယ္။

ကေလာ့ပ္ဟာ၂၀၁၅ခုႏွစ္တြင္ဘရန္ဒန္ေဂ်ာ္ဂ်ာရဲ႕ေနရာတြင္အစားထိုးခန႔္အပ္ခံခဲ့ရၿပီးစတီဗင္ဂ်ရတ္ထြက္ခြာသြားၿပီးမွေရာက္လာခဲ့ကာနည္းျပခဲ့ရျခင္းမရွိပါဘူး။

ေဘာလုံးသမိုင္းတြင္ နည္ျပလိုတဲ့ကစားသမားတစ္ဦးကိုေ႐ြးခ်ယ္ရမည္ဆိုပါကဘယ္သူ႔ကိုေ႐ြးခ်ယ္မလဲလို႔ေမးျမန္းလာမႈကိုကေလာ့ပ္က “လြယ္ပါတယ္။စတီဗီ(ဂ်ရတ္)ပါ။လြန္ခဲ့တဲ့သုံးေလးႏွစ္တုန္းကဆစ္ဒနီမွာပြဲသြားကစားေတာ့အသင္းမွာေ႐ြးခ်ယ္ဖို႔ကစားသမားအလုံအေလာက္မရွိခဲ့ဘူး။ဒီေတာ့မက္နာမန္၊အက္ဂါ၊ေဂ်မီကာေရဂါနဲ႔စတီဗီတို႔ကိုဖိတ္ေခၚခဲ့ၾကရတယ္။႐ိုးသားစြာေျပာရရင္လီဗာပူးအေၾကာင္းကြၽန္ေတာ္သိပါတယ္။သူကစားတာလည္းျမင္ဖူးပါတယ္။စတီဗီကအနားယူထားေပမယ့္ေတာ္ေတာ္ေကာင္းေကာင္းေလးကစားႏိုင္တုန္းဆိုတာျမင္ခဲ့ရတယ္။လြန္ခဲ့တဲ့ေျခာက္ႏွစ္တုန္းကဆိုရင္ကြဲျပားတဲ့အေျဖေပးခ်င္ေပးမိလိမ့္မယ္။အခုေတာ့သူ႔ကိုကစားသမားတစ္ဦးအေနနဲ႔လူတစ္ဦးအေနနဲ႔ပါသိသြားခြင့္ရတဲ့အခါမွာေတာ့အေျဖကေျဖရတာလြယ္သြားပါတယ္”လို႔ေျပာၾကားသြားပါတယ္။

စတီဗင္ဂ်ရတ္ဟာ၂၀၁၈ခုႏွစ္မွစတင္ကာရိန္းဂ်ားကိုကိုင္တြယ္လာခဲ့သူျဖစ္ၿပီး ကေလာ့ပ္ရဲ႕လီဗာပူးနည္းျပရာထူးကိုဆက္ခံမယ့္သူအျဖစ္သတ္မွတ္ခံထားရပါတယ္။သူဟာနည္းျပဘဝကိုလီဗာပူးလူငယ္အသင္းအားကိုင္တြယ္ကာစတင္ခဲ့သူလည္းျဖစ္ပါတယ္။သူဟာၿပီးခဲ့တဲ့ရာသီတုန္းကရိန္းဂ်ားကိုစေကာ့တလန္အမွတ္ေပးဖလားရရွိေအာင္ဦးေဆာင္ကာနည္းျပဘဝပထမဆုံးဆုဖလားကိုရယူႏိုင္ခဲ့ပါတယ္။