နည်းပြနသန်ဂျုံးစ်ကို ဆောက်သမ်တန်နှင့် ဆွေးနွေးခွင့်ပေးလာတဲ့ လူတွန်

လူတွန်တောင်းဟာနည်းပြနသန်ဂျုံးစ်ကိုလစ်လပ်နေတဲ့ဆောက်သမ်တန်နည်းပြရာထူးအတွက်ဆွေးနွေးခွင့်ပေးလာပါတယ်။

ဆောက်သမ်တန်ဟာတနင်္လာနေ့တုန်းကနည်းပြဟတ်ဆန်ဟက်တဲလ်ကိုထုတ်ပယ်မှုပြုလုပ်ခဲ့ပါတယ်။

ဆောက်သမ်တန်ဟာပရီးမီးယားလိဂ်တွင်နိုင်ပွဲတစ်ပွဲတည်းသာရရှိကာတန်းဆင်းဇုန်အတွင်းသို့ကျရောက်နေပြီးနောက်ဩစတြီးယားနည်းပြနှင့်လမ်းခွဲရန်ဆုံးဖြတ်လိုက်တာလည်းဖြစ်ပါတယ်။

လူတွန်ဟာယနေ့ညတွင်စတုတ်စီးတီးနှင့်ရင်ဆိုင်ရမယ့်ချန်ပီယံရှစ်ပွဲစဉ်အပြီးတွင် နသန်ဂျုံးစ်အားဆောက်သမ်တန်နှင့်ဆွေးနွေးခွင့်ပေးလာပါတယ်။

ဆောက်သမ်တန်ဟာဗုဒ္ဓဟူးနေ့ညရှက်ဖီးလ်ဝင်းနက်စ်ဒေးနှင့်ရင်ဆိုင်ရမယ့်ခါရာဘောင်ဖလားပွဲစဉ်ကို ပထမအသင်းနည်းပြရူဘင်ဆဲလ်လက်စ်အား ကြီးကြပ်ခိုင်းထားပါတယ်။

တကယ့်လို့များနသန်ဂျုံးစ်သာဆောက်သမ်တန်နည်းပြအဖြစ်ခန့်အပ်ခံရပါကစနေနေ့တွင်လီဗာပူးနှင့်ရင်ဆိုင်ရမယ့်ပွဲကိုစတင်ကြီးကြပ်သွားပါမယ်။

ZawGyi






