
နသန်ဂျုံးစ်ဟာစိန့်မေရီတွင်ဆက်လက်ရှိနေဦးမှာဖြစ်ပေမဲ့လည်းဆောက်သမ်တန်စတားများရဲ့ယုံကြည်မှုဆုံးရှုံးလိုက်ရပြီဖြစ်ကြောင်းသိရပါတယ်။
ဖိအားများနှင့်ကြုံနေရတဲ့နသန်ဂျုံးစ်ဟာအသင်းကိုစတင်ကိုင်တွယ်ကတည်းကရလဒ်ကောင်းရယူရေးရုန်းကန်လာခဲ့ရပေမဲ့လည်း ဆောက်သမ်တန်ဘုတ်အဖွဲ့ရဲ့နည်းပြရာထူးနှင့်ပတ်သက်ပြီးအာမခံချက်ပေးခြင်းခံထားရပါတယ်။
ဆောက်သမ်တန်ဘုတ်အဖွဲ့ဟာပြီးခဲ့တဲ့အပတ်တုန်းကဘရန့်ဖို့ဒ်ကိုရှုံးနိမ့်ပြီးနောက်ဂျုံးစ်ပြောဆိုခဲ့တဲ့စကားများနှင့်ပတ်သက်ပြီးဆွေးနွေးခဲ့ကြပြီး ဆက်လက်ခန့်အပ်ထားရန်ဆုံးဖြတ်ခဲ့ကြပါတယ်။
တဖက်တွင်ဆောက်သမ်တန်ကစားသမားများဟာနည်းပြရဲ့နည်းဗျူဟာနှင့်နည်းစနစ်များအပေါ်တွင်လည်းသံသယဝင်နေကာသူ့အပေါ်ယုံကြည်မှုမရှိတော့ကြောင်းလည်းသိရပါတယ်။
ကစားသမားများကဂျုံးစ်မှာယခင်အသင်းကိုလေးနှစ်တိုင်တိုင်ကိုင်တွယ်ခဲ့တဲ့ရေးဖ်ဟာဆန်ဟက်တယ်ရဲ့အဆင့်မျိုးတွင်မရှိလို့ယုံကြည်နေကြပါတယ်။
ZawGyi
နည်းပြနသန်ဂျုံးစ်အပေါ်တွင် ဆောက်သမ်တန်စတားများအယုံအကြည်မရှိတော့