
ဘင်ဝှိုက်ဟာဂါရတ်ဆောက်ဂိတ်ရဲ့လက်ထောက်နည်းပြစတိဗ်ဟော်လန်နှင့်ပြဿနာတက်ကာအင်္ဂလန်အသင်းရဲ့ကမ္ဘာ့ဖလားပြိုင်ပွဲဝင်အသင်းမှနုတ်ထွက်သွားခဲ့ခြင်းဖြစ်ကြောင်းသတင်းထွက်ပေါ်လာပါတယ်။
အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ဟာနိုဝင်ဘာလ၃၀ရက်နေ့တုန်းကအာဆင်နယ်နောက်ခံလူမှာကိုယ်ရေးကိုယ်တာကိစ္စရပ်များကြောင့်ကာတာကမ္ဘာ့ဖလားပြိုင်ပွဲဝင်အင်္ဂလန်အသင်းမှနုတ်ထွက်သွားခဲ့ကြောင်းကြေညာခဲ့ပါတယ်။
အာဆင်နယ်နောက်ခံလူဟာအင်္ဂလန်အသင်းရဲ့ကမ္ဘာ့ဖလားအုပ်စုပွဲသုံးပွဲတွင်တစ်မိနစ်မျှပင်ကစားခွင့်မရခဲ့သူလည်းဖြစ်ပါတယ်။
ဒါပေမဲ့ယနေ့တွင် Daily Star ရဲ့ဖော်ပြလာမှုအရဘင်ဝှိုက်မှာအင်္ဂလန်နည်းပြအဖွဲ့ရဲ့အရေးပါတဲ့သူဖြစ်တဲ့စတိဗ်ဟော်လန်နှင့်ပြဿနာတက်ပြီးနောက် နုတ်ထွက်သွားခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။
စတိဗ်ဟော်လန်ဟာကွင်းပြင်ပတွင်အင်္ဂလန်ကစားဖော်များနှင့်ခင်မင်ရင်းနှီးစွာမနေထိုင်မှုအတွက်ဘင်ဝှိုက်နှင့်အချင်းများခဲ့တာဖြစ်ပါတယ်။စတိဗ်ဟော်လန်ဟာအင်္ဂလန်ကစားဖော်များရှေ့တွင်ပင်ဘင်ဝှိုက်ကိုအော်ဟစ်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ယင်းအဖြစ်အပျက်မှာအမေရိကန်နှင့်ဂိုးမရှိသရေမကျမီအသင်းတွေ့ဆုံဆွေးနွေးပွဲတွင်ဖြစ်ပျက်ခဲ့တာဖြစ်ပါတယ်။
ယင်းဆွေးနွေးပွဲတွင်စတိဗ်ဟော်လန်ကဘင်ဝှိုက်မှာပြိုင်ဘက်အမေရိကန်အသင်းရဲ့အားသာချက်ကိုမသိမှုအတွက်အပြစ်တင်မှုလည်းပြုလုပ်ခဲ့ပါသေးတယ်။
ယင်းနောက်ဘင်ဝှိုက်ဟာကမ္ဘာ့ဖလားပြိုင်ပွဲဝင်အင်္ဂလန်အသင်းမှနုတ်ထွက်ကာလန်ဒန်သို့ပြန်သွားခဲ့ပါတယ်။
ဘင်ဝှိုက်ဟာအင်္ဂလန်ရဲ့ကမ္ဘာ့ဖလားအဖွင့်ပွဲနှစ်ပွဲတွင်အရန်လူစာရင်းတွင်ပါဝင်ခဲ့ပေမဲ့ဝေးလ်ကို၃-ဝဂိုးဖြင့်အနိုင်ရတဲ့ပွဲမှာလူစာရင်းမှာတောင်မပါဝင်ခဲ့ပါဘူး။
ဘင်ဝှိုက်နုတ်ထွက်သွားမှုကြောင့်အင်္ဂလန်နည်းပြဂါရတ်ဆောက်ဂိတ်ဟာစနေနေ့ညပြင်သစ်နှင့်ကမ္ဘာ့ဖလားကွာတားဖိုင်နယ်ပွဲစဉ်ကိုကစားသမား၂၅ဦးတည်းနှင့်ရင်ဆိုင်ရပါမယ်။
ဆောက်ဂိတ်အတွက်ကောင်းမွန်သွားတာကတော့နေအိမ်ဖောက်ထွင်းခံရမှုကြောင့်အင်္ဂလန်သို့ပြန်သွားခဲ့တဲ့စတာလင်းမှာအင်္ဂလန်အသင်းနှင့်ပြန်လည်ပူးပေါင်းနေတာဖြစ်ပါတယ်။
ZawGyi
နည္းျပႏွင့္ျပႆနာတက္ကာ အဂၤလန္အသင္းမွ ဘင္ဝႈိက္ႏုတ္ထြက္သြားခဲ့ျခင္းျဖစ္
ဘင္ဝႈိက္ဟာဂါရတ္ေဆာက္ဂိတ္ရဲ႕လက္ေထာက္နည္းျပစတိဗ္ေဟာ္လန္ႏွင့္ျပႆနာတက္ကာအဂၤလန္အသင္းရဲ႕ကမာၻ႔ဖလားၿပိဳင္ပြဲဝင္အသင္းမွႏုတ္ထြက္သြားခဲ့ျခင္းျဖစ္ေၾကာင္းသတင္းထြက္ေပၚလာပါတယ္။
အဂၤလန္ေဘာလုံးအဖြဲ႕ခ်ဳပ္ဟာႏိုဝင္ဘာလ၃၀ရက္ေန႔တုန္းကအာဆင္နယ္ေနာက္ခံလူမွာကိုယ္ေရးကိုယ္တာကိစၥရပ္မ်ားေၾကာင့္ကာတာကမာၻ႔ဖလားၿပိဳင္ပြဲဝင္အဂၤလန္အသင္းမွႏုတ္ထြက္သြားခဲ့ေၾကာင္းေၾကညာခဲ့ပါတယ္။
အာဆင္နယ္ေနာက္ခံလူဟာအဂၤလန္အသင္းရဲ႕ကမာၻ႔ဖလားအုပ္စုပြဲသုံးပြဲတြင္တစ္မိနစ္မွ်ပင္ကစားခြင့္မရခဲ့သူလည္းျဖစ္ပါတယ္။
ဒါေပမဲ့ယေန႔တြင္ Daily Star ရဲ႕ေဖာ္ျပလာမႈအရဘင္ဝႈိက္မွာအဂၤလန္နည္းျပအဖြဲ႕ရဲ႕အေရးပါတဲ့သူျဖစ္တဲ့စတိဗ္ေဟာ္လန္ႏွင့္ျပႆနာတက္ၿပီးေနာက္ ႏုတ္ထြက္သြားခဲ့ျခင္းျဖစ္ေၾကာင္းသိရပါတယ္။
စတိဗ္ေဟာ္လန္ဟာကြင္းျပင္ပတြင္အဂၤလန္ကစားေဖာ္မ်ားႏွင့္ခင္မင္ရင္းႏွီးစြာမေနထိုင္မႈအတြက္ဘင္ဝႈိက္ႏွင့္အခ်င္းမ်ားခဲ့တာျဖစ္ပါတယ္။စတိဗ္ေဟာ္လန္ဟာအဂၤလန္ကစားေဖာ္မ်ားေရွ႕တြင္ပင္ဘင္ဝႈိက္ကိုေအာ္ဟစ္ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။
ယင္းအျဖစ္အပ်က္မွာအေမရိကန္ႏွင့္ဂိုးမရွိသေရမက်မီအသင္းေတြ႕ဆုံေဆြးေႏြးပြဲတြင္ျဖစ္ပ်က္ခဲ့တာျဖစ္ပါတယ္။
ယင္းေဆြးေႏြးပြဲတြင္စတိဗ္ေဟာ္လန္ကဘင္ဝႈိက္မွာၿပိဳင္ဘက္အေမရိကန္အသင္းရဲ႕အားသာခ်က္ကိုမသိမႈအတြက္အျပစ္တင္မႈလည္းျပဳလုပ္ခဲ့ပါေသးတယ္။
ယင္းေနာက္ဘင္ဝႈိက္ဟာကမာၻ႔ဖလားၿပိဳင္ပြဲဝင္အဂၤလန္အသင္းမွႏုတ္ထြက္ကာလန္ဒန္သို႔ျပန္သြားခဲ့ပါတယ္။
ဘင္ဝႈိက္ဟာအဂၤလန္ရဲ႕ကမာၻ႔ဖလားအဖြင့္ပြဲႏွစ္ပြဲတြင္အရန္လူစာရင္းတြင္ပါဝင္ခဲ့ေပမဲ့ေဝးလ္ကို၃-ဝဂိုးျဖင့္အႏိုင္ရတဲ့ပြဲမွာလူစာရင္းမွာေတာင္မပါဝင္ခဲ့ပါဘူး။
ဘင္ဝႈိက္ႏုတ္ထြက္သြားမႈေၾကာင့္အဂၤလန္နည္းျပဂါရတ္ေဆာက္ဂိတ္ဟာစေနေန႔ညျပင္သစ္ႏွင့္ကမာၻ႔ဖလားကြာတားဖိုင္နယ္ပြဲစဥ္ကိုကစားသမား၂၅ဦးတည္းႏွင့္ရင္ဆိုင္ရပါမယ္။
ေဆာက္ဂိတ္အတြက္ေကာင္းမြန္သြားတာကေတာ့ေနအိမ္ေဖာက္ထြင္းခံရမႈေၾကာင့္အဂၤလန္သို႔ျပန္သြားခဲ့တဲ့စတာလင္းမွာအဂၤလန္အသင္းႏွင့္ျပန္လည္ပူးေပါင္းေနတာျဖစ္ပါတယ္။