နည်းပြနှင့်ပြဿနာတက်နေမှုကြောင့် အသင်းဟောင်းဆီ ပြန်လိုနေတဲ့ မက်ဆီ

လီယွန်နယ်မက်ဆီဟာနည်းပြခရစ္စတိုဖီဂယ်တီယာနှင့်အဆင်မပြေဖြစ်နေမှုနှင့်အတူအသင်းဟောင်းဘာစီလိုနာသို့ပြန်လည်ပြောင်းရွှေ့လိုနေကြောင်းသိရပါတယ်။

မက်ဆီဟာ၂၀၂၁ခုနှစ်၊ဩဂုတ်လတုန်းကဘာစီလိုနာမှထွက်ခွာလာပြီးနောက်ပီအက်စ်ဂျီသို့၂နှစ်စာချုပ်ဖြင့်ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ပီအက်စ်ဂျီကိုကလပ်သမိုင်းတစ်လျှောက်ပထမဆုံးအကြိမ်အဖြစ်ချန်ပီယံလိဂ်ဖလားရယူပေးရန်မျှော်လင့်နေခဲ့ပါတယ်။

ဒါပေမဲ့ပီအက်စ်ဂျီဟာပြီးခဲ့တဲ့အပတ်တုန်းကဘိုင်ယန်မြူးနစ်ကိုနှစ်ကျော့စလုံးရှုံးနိမ့်ကာချန်ပီယံလိဂ်၁၆သင်းရှုံးထွက်အဆင့်မှထွက်ခဲ့ရပါတယ်။

Ballon d’Or ဆုကို၇ကြိမ်ဆွတ်ခူးထားတဲ့မက်ဆီဟာယခုရာသီအကုန်တွင်ပီအက်စ်ဂျီနှင့်စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီးသူ့အနာဂတ်နှင့်ပတ်သက်ပြီးသတင်းများစွာထွက်ပေါ်နေပါတယ်။

သူ့ကိုခရစ္စတီယာနိုရော်နယ်ဒိုကစားနေတဲ့ဆော်ဒီစူပါလိဂ်မှကလပ်များကစိတ်ဝင်စားနေသလိုအသင်းဟောင်းဘာစီလိုနာနှင့်အမေရိကန်မေဂျာလိဂ်ကလပ်အင်တာမီယာမီကလည်းစိတ်ဝင်စားနေပါတယ်။

အစောပိုင်းတုန်းကမက်ဆီဟာပီအက်စ်ဂျီနှင့်စာချုပ်သစ်ချုပ်ဆိုလိမ်မယ်လို့ယူဆခြင်းခံလာခဲ့ရတာဖြစ်ပါတယ်။

ဒါပေမဲ့လည်းလက်ရှိထွက်ပေါ်လာတဲ့သတင်းအရမက်ဆီဟာနည်းပြဂယ်တီယာနှင့်ပြဿနာတက်နေကြောင်းသတင်းထွက်နေမှုနှင့်ပဲရစ်မှထွက်ခွာမယ်လို့သတင်းထွက်နေပါတယ်။

RMC ရဲ့ဖော်ပြမှုအရအသက်၃၅နှစ်ရှိမက်ဆီဟာနာည်းပြဂယ်တီယာရဲ့လေ့ကျင့်ခန်းအစီအစဉ်အပေါ်တွင်မပျော်မရွှင်ဖြစ်နေပြီးပြဿနာတက်ခဲ့ပြီးနောက်လေ့ကျင့်ခန်းအစီအစဉ်မှထွက်ခွာသွားခဲ့ကြောင်းသိရပါတယ်။

Foot Mercato ကအာဂျင်တီးနားနှင့်အတူကမ္ဘာ့ဖလားချန်ပီယံဖြစ်ခဲ့တဲ့မက်ဆီဟာအသင်းဟောင်းဘာစီလိုနာသို့ပြန်လိုလျက်ရှိနေကြောင်းသိရပါတယ်။

ဘာစီလိုနာနည်းပြဇာဗီးနှင့်ဥက္ကဌလာပေါ်တာတို့ကလည်းမက်ဆီကိုနူးကမ့်ကကြိုဆိုနေပါတယ်။ဒါပေမဲ့ဘာစီလိုနာဟာကြွေးမြီများစွာရှိနေမှုနှင့်အတူနွေရာသီတွင်ကစားသမားများရောင်းချပြီးမှသာလျှင်ကစားသမားသစ်ခေါ်ယူနိုင်ပါမယ်။

ZawGyi

နည္းျပႏွင့္ျပႆနာတက္ေနမႈေၾကာင့္ အသင္းေဟာင္းဆီ ျပန္လိုေနတဲ့ မက္ဆီ

လီယြန္နယ္မက္ဆီဟာနည္းျပခရစၥတိုဖီဂယ္တီယာႏွင့္အဆင္မေျပျဖစ္ေနမႈႏွင့္အတူအသင္းေဟာင္းဘာစီလိုနာသို႔ျပန္လည္ေျပာင္းေ႐ႊ႕လိုေနေၾကာင္းသိရပါတယ္။

မက္ဆီဟာ၂၀၂၁ခုႏွစ္၊ဩဂုတ္လတုန္းကဘာစီလိုနာမွထြက္ခြာလာၿပီးေနာက္ပီအက္စ္ဂ်ီသို႔၂ႏွစ္စာခ်ဳပ္ျဖင့္ေျပာင္းေ႐ႊ႕ခဲ့သူျဖစ္ၿပီး ပီအက္စ္ဂ်ီကိုကလပ္သမိုင္းတစ္ေလွ်ာက္ပထမဆုံးအႀကိမ္အျဖစ္ခ်န္ပီယံလိဂ္ဖလားရယူေပးရန္ေမွ်ာ္လင့္ေနခဲ့ပါတယ္။

ဒါေပမဲ့ပီအက္စ္ဂ်ီဟာၿပီးခဲ့တဲ့အပတ္တုန္းကဘိုင္ယန္ျမဴးနစ္ကိုႏွစ္ေက်ာ့စလုံးရႈံးနိမ့္ကာခ်န္ပီယံလိဂ္၁၆သင္းရႈံးထြက္အဆင့္မွထြက္ခဲ့ရပါတယ္။

Ballon d’Or ဆုကို၇ႀကိမ္ဆြတ္ခူးထားတဲ့မက္ဆီဟာယခုရာသီအကုန္တြင္ပီအက္စ္ဂ်ီႏွင့္စာခ်ဳပ္သက္တမ္းကုန္ဆုံးမွာျဖစ္ၿပီးသူ႔အနာဂတ္ႏွင့္ပတ္သက္ၿပီးသတင္းမ်ားစြာထြက္ေပၚေနပါတယ္။

သူ႔ကိုခရစၥတီယာႏိုေရာ္နယ္ဒိုကစားေနတဲ့ေဆာ္ဒီစူပါလိဂ္မွကလပ္မ်ားကစိတ္ဝင္စားေနသလိုအသင္းေဟာင္းဘာစီလိုနာႏွင့္အေမရိကန္ေမဂ်ာလိဂ္ကလပ္အင္တာမီယာမီကလည္းစိတ္ဝင္စားေနပါတယ္။

အေစာပိုင္းတုန္းကမက္ဆီဟာပီအက္စ္ဂ်ီႏွင့္စာခ်ဳပ္သစ္ခ်ဳပ္ဆိုလိမ္မယ္လို႔ယူဆျခင္းခံလာခဲ့ရတာျဖစ္ပါတယ္။

ဒါေပမဲ့လည္းလက္ရွိထြက္ေပၚလာတဲ့သတင္းအရမက္ဆီဟာနည္းျပဂယ္တီယာႏွင့္ျပႆနာတက္ေနေၾကာင္းသတင္းထြက္ေနမႈႏွင့္ပဲရစ္မွထြက္ခြာမယ္လို႔သတင္းထြက္ေနပါတယ္။

RMC ရဲ႕ေဖာ္ျပမႈအရအသက္၃၅ႏွစ္ရွိမက္ဆီဟာနာည္းျပဂယ္တီယာရဲ႕ေလ့က်င့္ခန္းအစီအစဥ္အေပၚတြင္မေပ်ာ္မ႐ႊင္ျဖစ္ေနၿပီးျပႆနာတက္ခဲ့ၿပီးေနာက္ေလ့က်င့္ခန္းအစီအစဥ္မွထြက္ခြာသြားခဲ့ေၾကာင္းသိရပါတယ္။

Foot Mercato ကအာဂ်င္တီးနားႏွင့္အတူကမာၻ႔ဖလားခ်န္ပီယံျဖစ္ခဲ့တဲ့မက္ဆီဟာအသင္းေဟာင္းဘာစီလိုနာသို႔ျပန္လိုလ်က္ရွိေနေၾကာင္းသိရပါတယ္။

ဘာစီလိုနာနည္းျပဇာဗီးႏွင့္ဥကၠဌလာေပၚတာတို႔ကလည္းမက္ဆီကိုႏူးကမ့္ကႀကိဳဆိုေနပါတယ္။ဒါေပမဲ့ဘာစီလိုနာဟာေႂကြးၿမီမ်ားစြာရွိေနမႈႏွင့္အတူေႏြရာသီတြင္ကစားသမားမ်ားေရာင္းခ်ၿပီးမွသာလွ်င္ကစားသမားသစ္ေခၚယူႏိုင္ပါမယ္။