နည်းပြဘဝပထမဆုံးဆုဖလားရပြီး နှစ်ရက်အကြာမှာ ကိုဗစ်တွေ့ခဲ့တဲ့ ပိုချက်တီနို

မော်ရီစီယိုပိုချက်တီနိုဟာပီအက်စ်ဂျီနည်းပြအဖြစ်ခန့်အပ်ခံခဲ့ရပြီးနှစ်ပတ်မပြည့်ခင်မှာဘဲကိုဗစ်ပေါ့စတစ်တွေ့ရှိမှု ကြောင့်ယနေ့ညတွင်အင်ဂါးနှင့်ကစားရမယ့်လီဂူး၁ပွဲစဉ်ကိုကြီးကြပ်နိုင်တော့မှာမဟုတ်ပါဘူး။

စပါးစ်နည်းပြဟောင်းဟာကိုဗစ်ပေါ့စတစ်တွေ့ရှိမှုနဲ့အတူကွာရန်တင်းဝင်နေရပြီးအင်ဂါးနှင့်အဝေးကွင်းပွဲစဉ်အား လက်ထောက်နည်းပြများဖြစ်ကြတဲ့ဂျီးဆပ်စ်ပီရက်ဇ်၊မီဂွယ်ဒီအေဂပ်စ်တီနိုတို့ကကြီးကြပ်သွားကြပါမယ်။

ပိုချက်တီနိုဟာပီအက်စ်ဂျီကိုသုံးပွဲတည်းသာကိုင်တွယ်ရသေးပေမယ့်ပြင်သစ်စူပါဖလားမှာပြိုင်ဘက်မာဆေးလ်ကို အနိုင်ရရှိကာဆုဖလားဆွတ်ခူးပေးထားနိုင်ပါတယ်။ယင်းဆုဖလားကပိုချက်တီနိုရဲ့နည်းပြဘဝမှာပထမဆုံးဆွတ် ခူးထားနိုင်တဲ့ဆုဖလားလည်းဖြစ်ပါတယ်။

ဆုဖလားဆွတ်ခူးနိုင်ပြီးနောက်အသက်၄၈နှစ်ရှိပိုချက်တီနိုနှင့်ပီအက်စ်ဂျီအသင်းသားတို့ဟာအဝတ်အစားလဲခန်း အတွင်းမှာအကြီးအကျယ်အောင်ပွဲခံခဲ့ပါတယ်။

ဒါပေမယ့်ယင်းသို့အောင်ပွဲခံပြီးနှစ်ရက်အကြာမှာဘဲပိုချက်တီနိုဟာကိုဗစ်တွေ့ရှိခဲ့တာဖြစ်ပါတယ်။ပီအက်စ်ဂျီမှကို ဗစ်ကူးစက်ခံထားရတဲ့ကောလင်းဒက်ဘာ၊သီလိုခါရီယာ၊ရာဖင်ဟာတို့မှာလည်းအင်ဂါးပွဲကိုလွဲချော်ပါမယ်။

ZawGyi

နည္းျပဘဝပထမဆုံးဆုဖလားရၿပီး ႏွစ္ရက္အၾကာမွာ ကိုဗစ္ေတြ႕ခဲ့တဲ့ ပိုခ်က္တီႏို

ေမာ္ရီစီယိုပိုခ်က္တီႏိုဟာပီအက္စ္ဂ်ီနည္းျပအျဖစ္ခန႔္အပ္ခံခဲ့ရၿပီးႏွစ္ပတ္မျပည့္ခင္မွာဘဲကိုဗစ္ေပါ့စတစ္ေတြ႕ရွိမႈ ေၾကာင့္ယေန႔ညတြင္အင္ဂါးႏွင့္ကစားရမယ့္လီဂူး၁ပြဲစဥ္ကိုႀကီးၾကပ္ႏိုင္ေတာ့မွာမဟုတ္ပါဘူး။

စပါးစ္နည္းျပေဟာင္းဟာကိုဗစ္ေပါ့စတစ္ေတြ႕ရွိမႈနဲ႔အတူကြာရန္တင္းဝင္ေနရၿပီးအင္ဂါးႏွင့္အေဝးကြင္းပြဲစဥ္အား လက္ေထာက္နည္းျပမ်ားျဖစ္ၾကတဲ့ဂ်ီးဆပ္စ္ပီရက္ဇ္၊မီဂြယ္ဒီေအဂပ္စ္တီႏိုတို႔ကႀကီးၾကပ္သြားၾကပါမယ္။

ပိုခ်က္တီႏိုဟာပီအက္စ္ဂ်ီကိုသုံးပြဲတည္းသာကိုင္တြယ္ရေသးေပမယ့္ျပင္သစ္စူပါဖလားမွာၿပိဳင္ဘက္မာေဆးလ္ကို အႏိုင္ရရွိကာဆုဖလားဆြတ္ခူးေပးထားႏိုင္ပါတယ္။ယင္းဆုဖလားကပိုခ်က္တီႏိုရဲ႕နည္းျပဘဝမွာပထမဆုံးဆြတ္ ခူးထားႏိုင္တဲ့ဆုဖလားလည္းျဖစ္ပါတယ္။

ဆုဖလားဆြတ္ခူးႏိုင္ၿပီးေနာက္အသက္၄၈ႏွစ္ရွိပိုခ်က္တီႏိုႏွင့္ပီအက္စ္ဂ်ီအသင္းသားတို႔ဟာအဝတ္အစားလဲခန္း အတြင္းမွာအႀကီးအက်ယ္ေအာင္ပြဲခံခဲ့ပါတယ္။

ဒါေပမယ့္ယင္းသို႔ေအာင္ပြဲခံၿပီးႏွစ္ရက္အၾကာမွာဘဲပိုခ်က္တီႏိုဟာကိုဗစ္ေတြ႕ရွိခဲ့တာျဖစ္ပါတယ္။ပီအက္စ္ဂ်ီမွကို ဗစ္ကူးစက္ခံထားရတဲ့ေကာလင္းဒက္ဘာ၊သီလိုခါရီယာ၊ရာဖင္ဟာတို႔မွာလည္းအင္ဂါးပြဲကိုလြဲေခ်ာ္ပါမယ္။