နည်းပြမော်ရင်ဟိုအပေါ်တွင် စပါးစ်ကစားသမားများအကြီးအကျယ်စိတ်ပျက်နေ

စပါးစ်ကစားသမားများဟာနည်းပြဟိုဆေးမော်ရင်ဟိုအပေါ်တွင်အကြီးအကျယ်စိတ်ပျက်လျက်ရှိနေကြောင်းသိရပါတယ်။

စပါးစ်ကစားသမားများရဲ့စိတ်ပျက်မှုခံရခြင်းနှင့်အတူနည်းပြမော်ရင်ဟိုအနေဖြင့်စပါးစ်နည်းပြရာထူး တည်မြဲရေးအတွက်အပြင်းထန်တိုက်ပွဲဝင်ရတော့မှာဖြစ်ပါတယ်။

စပါးစ်ဟာကြားရက်တုန်းကဒိုင်နမိုဇာဂရက်အားနှစ်ကျော့ပေါင်းရလဒ်၃-၂ဖြင့်ရှုံးနိမ့်ကာယူရိုပါလိဂ်၁၆ သင်းအဆင့်မှထွက်ခွာခဲ့ရပါတယ်။

ယင်းပွဲစဉ်အပြီးတွင်မော်ရင်ဟိုကစပါးစ်ကစားသမားအချို့တို့ဟာငွေကြေးအတွက်သာကစားနေပြီးအသင်းအတွက်တိုက်ပွဲဝင်လိုခြင်းမရှိကြောင်းစွပ်စွဲပြောဆိုခဲ့ပါတယ်။

ယင်းသို့မော်ရင်ဟိုရဲ့ပြောကြားခြင်းခံရမှုနဲ့အတူနည်းပြနှင့်စပါးစ်ကစားသမားများအကြားဆက်ဆံရေးမှာ အနည်းငယ်အေးခဲလာခဲ့ကြောင်းသိရပါတယ်။

မော်ရင်ဟိုက “ကျွန်တော့်နည်းပြဘဝရဲ့အဆိုးရွားဆုံးညတွေထဲကတစ်ညဖြစ်ပါတယ်။အဆိုးရွားဆုံးလား ဆိုတာကိုတော့မသိပါဘူး။ဥရောပမှာအလွန်နာကျင်ခဲ့ရတာတွေရှိခဲ့ဖူးပါတယ်။ဒါပေမယ့်ဘောလုံးကြောင့် ဘဲနာကျင်ခဲ့ရတာပါ။ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်နှစ်ကြိမ်ပင်နယ်တီကြောင့်ရှုံးနိမ့်ခဲ့ဖူးတယ်။ဒါကနာကျင်ရ တယ်။အခုအထိနာကျင်နိုင်သေးတယ်။ဒါပေမယ့်ဘောလုံးကိုချစ်မြတ်နိုးတယ်။ကိုယ့်အလုပ်ကိုလေးစားမှု ရှိတယ်။ဒါကြောင့်ဘဲနာကျင်ရတယ်။ဒါပေမယ့်ဒီကနေ့မှာကျွန်တော့်ခံစားချက်ဆိုးရွားပါတယ်။တစ်ချို့က ဘောလုံးအတွက်ကစားတယ်။တစ်ချို့ကဘောလုံးကိုအလုပ်လိုသဘောထားပြီးကစားတယ်။တစ်ချို့က ငွေရဖို့အတွက်ကစားတယ်။ဒီအတွက်နာကျင်ရတယ်”လို့ပြောကြားခဲ့ပါတယ်။

ZawGyi

နည္းျပေမာ္ရင္ဟိုအေပၚတြင္ စပါးစ္ကစားသမားမ်ားအႀကီးအက်ယ္စိတ္ပ်က္ေန

စပါးစ္ကစားသမားမ်ားဟာနည္းျပဟိုေဆးေမာ္ရင္ဟိုအေပၚတြင္အႀကီးအက်ယ္စိတ္ပ်က္လ်က္ရွိေနေၾကာင္းသိရပါတယ္။

စပါးစ္ကစားသမားမ်ားရဲ႕စိတ္ပ်က္မႈခံရျခင္းႏွင့္အတူနည္းျပေမာ္ရင္ဟိုအေနျဖင့္စပါးစ္နည္းျပရာထူး တည္ၿမဲေရးအတြက္အျပင္းထန္တိုက္ပြဲဝင္ရေတာ့မွာျဖစ္ပါတယ္။

စပါးစ္ဟာၾကားရက္တုန္းကဒိုင္နမိုဇာဂရက္အားႏွစ္ေက်ာ့ေပါင္းရလဒ္၃-၂ျဖင့္ရႈံးနိမ့္ကာယူ႐ိုပါလိဂ္၁၆ သင္းအဆင့္မွထြက္ခြာခဲ့ရပါတယ္။

ယင္းပြဲစဥ္အၿပီးတြင္ေမာ္ရင္ဟိုကစပါးစ္ကစားသမားအခ်ိဳ႕တို႔ဟာေငြေၾကးအတြက္သာကစားေနၿပီးအသင္းအတြက္တိုက္ပြဲဝင္လိုျခင္းမရွိေၾကာင္းစြပ္စြဲေျပာဆိုခဲ့ပါတယ္။

ယင္းသို႔ေမာ္ရင္ဟိုရဲ႕ေျပာၾကားျခင္းခံရမႈနဲ႔အတူနည္းျပႏွင့္စပါးစ္ကစားသမားမ်ားအၾကားဆက္ဆံေရးမွာ အနည္းငယ္ေအးခဲလာခဲ့ေၾကာင္းသိရပါတယ္။

ေမာ္ရင္ဟိုက “ကြၽန္ေတာ့္နည္းျပဘဝရဲ႕အဆိုး႐ြားဆုံးညေတြထဲကတစ္ညျဖစ္ပါတယ္။အဆိုး႐ြားဆုံးလား ဆိုတာကိုေတာ့မသိပါဘူး။ဥေရာပမွာအလြန္နာက်င္ခဲ့ရတာေတြရွိခဲ့ဖူးပါတယ္။ဒါေပမယ့္ေဘာလုံးေၾကာင့္ ဘဲနာက်င္ခဲ့ရတာပါ။ခ်န္ပီယံလိဂ္ဆီမီးဖိုင္နယ္ႏွစ္ႀကိမ္ပင္နယ္တီေၾကာင့္ရႈံးနိမ့္ခဲ့ဖူးတယ္။ဒါကနာက်င္ရ တယ္။အခုအထိနာက်င္ႏိုင္ေသးတယ္။ဒါေပမယ့္ေဘာလုံးကိုခ်စ္ျမတ္ႏိုးတယ္။ကိုယ့္အလုပ္ကိုေလးစားမႈ ရွိတယ္။ဒါေၾကာင့္ဘဲနာက်င္ရတယ္။ဒါေပမယ့္ဒီကေန႔မွာကြၽန္ေတာ့္ခံစားခ်က္ဆိုး႐ြားပါတယ္။တစ္ခ်ိဳ႕က ေဘာလုံးအတြက္ကစားတယ္။တစ္ခ်ိဳ႕ကေဘာလုံးကိုအလုပ္လိုသေဘာထားၿပီးကစားတယ္။တစ္ခ်ိဳ႕က ေငြရဖို႔အတြက္ကစားတယ္။ဒီအတြက္နာက်င္ရတယ္”လို႔ေျပာၾကားခဲ့ပါတယ္။