နည်းပြလောကမှအနားယူပြီး ရုပ်သံမှာ အလုပ်လုပ်တာ ဂျိုအာချင်လောအတွက် အကောင်းဆုံး

အော့မာဟစ်ဇ်ဖဲလ်ကဂျိုအာချင်လောအနေဖြင့်နည်းပြလောကမှအနားယူပြီးရုပ်သံတစ်ခုတွင်ဘောလုံးပွဲသုံးသပ်တင်ဆက်သူအဖြစ်အလုပ်လုပ်ခြင်းသာအကောင်းဆုံးလို့ပြောကြားလာပါတယ်။

ဂျိုအာချင်လောဟာဂျာမနီအသင်းအတွက်နောက်ဆုံးပွဲအဖြစ်အင်္ဂလန်အားယူရို၆သင်းအဆင့်တွင်အင်္ဂလန်အား၂-၀ဂိုးဖြင့်ရှုံးနိမ့်တဲ့ပွဲအားကိုင်တွယ်ခဲ့ပါတယ်။

စတုဂတ်နှင့်ဖီနာဘာချီနည်းပြဟောင်းဟာယူရိုမှထွက်ခွာခဲ့ရမှုနဲ့အတူ၁၅နှစ်ကြာကိုင်တွယ်လာခဲ့တဲ့ဂျာမနီနည်းပြရာထူးမှထွက်ခွာခဲ့ရပါတယ်။

သူဟာကလပ်နည်းပြလောကသို့ဝင်ရောက်မယ်လို့သတင်းများထွက်ပေါ်နေပြီးဥရောပတလွှားရှိကလပ်များရဲ့ကမ်းလှမ်းမှုရရှိထားပါတယ်။

ဒါပေမယ့်ဘိုင်ယန်မြူးနစ်နှင့်ဆွစ်ဇာလန်နည်းပြဟောင်းဟစ်ဇ်ဖဲလ်က “တစ်နှစ်ကိုပွဲ၆၀လောက်ကိုင်တွယ်ပြီးစိတ်ဖိစီးမှုခံရတဲ့ကလပ်နည်းပြအလုပ်လက်ခံဖို့မတိုက်တွန်းချင်ပါဘူး။အရမ်းကိုဖိအားများပြီးစိတ်ဖိစီးပါတယ်။သူ့ကိုရုပ်သံဝေဖန်သုံးသပ်သူအဖြစ်ဘဲအလုပ်လုပ်ဖို့အကြံပြုချင်ပါတယ်”လို့ပြောကြားသွားပါတယ်။

ဂျိုးအာချင်လောကမူဂျာမနီနည်းပြရာထူးမှထွက်ခွာလာခဲ့ရပြီးနောက်နည်းပြလောကသို့ချက်ချင်းဝင်ရန်အသင့်မဖြစ်သေးဘဲအနားယူပြီးမှအနာဂတ်ကိုဆုံးဖြတ်မယ်လို့ဆိုထားပါတယ်။

ZawGyi

နည္းျပေလာကမွအနားယူၿပီး ႐ုပ္သံမွာ အလုပ္လုပ္တာ ဂ်ိဳအာခ်င္ေလာအတြက္ အေကာင္းဆုံး

ေအာ့မာဟစ္ဇ္ဖဲလ္ကဂ်ိဳအာခ်င္ေလာအေနျဖင့္နည္းျပေလာကမွအနားယူၿပီး႐ုပ္သံတစ္ခုတြင္ေဘာလုံးပြဲသုံးသပ္တင္ဆက္သူအျဖစ္အလုပ္လုပ္ျခင္းသာအေကာင္းဆုံးလို႔ေျပာၾကားလာပါတယ္။

ဂ်ိဳအာခ်င္ေလာဟာဂ်ာမနီအသင္းအတြက္ေနာက္ဆုံးပြဲအျဖစ္အဂၤလန္အားယူ႐ို၆သင္းအဆင့္တြင္အဂၤလန္အား၂-၀ဂိုးျဖင့္ရႈံးနိမ့္တဲ့ပြဲအားကိုင္တြယ္ခဲ့ပါတယ္။

စတုဂတ္ႏွင့္ဖီနာဘာခ်ီနည္းျပေဟာင္းဟာယူ႐ိုမွထြက္ခြာခဲ့ရမႈနဲ႔အတူ၁၅ႏွစ္ၾကာကိုင္တြယ္လာခဲ့တဲ့ဂ်ာမနီနည္းျပရာထူးမွထြက္ခြာခဲ့ရပါတယ္။

သူဟာကလပ္နည္းျပေလာကသို႔ဝင္ေရာက္မယ္လို႔သတင္းမ်ားထြက္ေပၚေနၿပီးဥေရာပတလႊားရွိကလပ္မ်ားရဲ႕ကမ္းလွမ္းမႈရရွိထားပါတယ္။

ဒါေပမယ့္ဘိုင္ယန္ျမဴးနစ္ႏွင့္ဆြစ္ဇာလန္နည္းျပေဟာင္းဟစ္ဇ္ဖဲလ္က “တစ္ႏွစ္ကိုပြဲ၆၀ေလာက္ကိုင္တြယ္ၿပီးစိတ္ဖိစီးမႈခံရတဲ့ကလပ္နည္းျပအလုပ္လက္ခံဖို႔မတိုက္တြန္းခ်င္ပါဘူး။အရမ္းကိုဖိအားမ်ားၿပီးစိတ္ဖိစီးပါတယ္။သူ႔ကို႐ုပ္သံေဝဖန္သုံးသပ္သူအျဖစ္ဘဲအလုပ္လုပ္ဖို႔အႀကံျပဳခ်င္ပါတယ္”လို႔ေျပာၾကားသြားပါတယ္။

ဂ်ိဳးအာခ်င္ေလာကမူဂ်ာမနီနည္းျပရာထူးမွထြက္ခြာလာခဲ့ရၿပီးေနာက္နည္းျပေလာကသို႔ခ်က္ခ်င္းဝင္ရန္အသင့္မျဖစ္ေသးဘဲအနားယူၿပီးမွအနာဂတ္ကိုဆုံးျဖတ္မယ္လို႔ဆိုထားပါတယ္။