နည်းပြလောကဝင်ရောက်ရေး ခြေလှမ်းသစ်လာပြီဖြစ်တဲ့ အားလုံးရဲ့အချစ်တော်ဖာနန်ဒိုတောရက်စ်

ဖာနန်ဒိုတောရက်စ်ဟာအက်သလက်တီကိုမက်ဒရစ်(ခ)အသင်းနည်းပြအဖြစ်ခန့်အပ်ခြင်းခံရကာ နည်းပြလောကသို့ဝင်ရောက်ရေးခြေလှမ်းသစ်လှမ်းလာကြောင်းသိရပါတယ်။

စပိန်နှင့်အတူကမ္ဘာ့ဖလားဆွတ်ခူးနိုင်ခဲ့တဲ့ဖာနန်ဒိုတောရက်စ်ဟာ၂၀၁၉ခုနှစ်တုန်းကကစားသမားဘဝမှအနားယူခဲ့ သူဖြစ်ပါတယ်။အက်သလက်တီကိုတွင်ကစားသမားဘဝစတင်ခဲ့တဲ့တောရက်စ်ဟာလီဗာပူး၊ချဲလ်ဆီးတို့တွင်ကစားခဲ့ပြီးအသင်းဟောင်းအက်သလက်တီကိုသို့ပြန်ပြောင်းကာဂျပန်ကလပ်ဆာဂန်တိုဆူတွင်ကစားသမားဘဝအဆုံး သတ်ခဲ့ပါတယ်။

အသက်၃၆နှစ်ရှိတောရက်စ်ဟာပြီးခဲ့တဲ့နှစ်စက်တင်ဘာလကတည်းကအက်သလက်တီကိုရောက်လာကာနည်းပြ လောကသို့ဝင်ရောက်ရေးလုပ်ဆောင်လာခဲ့သူဖြစ်ပြီးရစ်ကီအလွန်ဆိုရဲ့နည်းပြအဖွဲ့မှာတာဝန်ထမ်းဆောင်ခဲ့ပါတယ်။ယခုအခါသူဟာအက်သလက်တီကို(ခ)အသင်းရဲ့နည်းပြအဖြစ်ခန့်အပ်ခြင်းခံလိုက်ရပြီဖြစ်ပါတယ်။

အက်သလက်တီကိုလူငယ်ကစားသမားများဟာဂန္ထဝင်ကစားသမားဖာနန်ဒိုတောရက်စ်ရဲ့လေ့ကျင့်လမ်းညွှန်မှုများ အပေါ်တွင်အံ့ဩလျက်ရှိကြကြောင်းလည်းသိရပါတယ်။

တောရက်စ်ဟာအက်သလက်တီကိုမက်ဒရစ်(ခ)အသင်းနည်းပြဘဝပထမဆုံးပွဲစဉ်အဖြစ်ယနေ့ညပိုဘလင့်စ်နှင့်ပွဲ တွင်စတင်ကြီးကြပ်သွားရပါမယ်။

အက်သလက်တီကို(ခ)အသင်းဟာ၁၀သင်းပါဆီဂန်ဒါအုပ်စုမှာ၈ပွဲကစားပြီးချိန်မှာအဆင့်၉နေရာမှာရပ်တည်နေပါတယ်။

တောရက်စ်ဟာကစားသမားဘဝ၁၈နှစ်တာကာလအတွင်းမှာကမ္ဘာ့ထိပ်တန်းနည်းပြများဖြစ်ကြတဲ့ဒယ်ဘော့စ ကေး၊ရာဖေးလ်ဘင်နီတက်ဇ်၊မော်ရင်ဟိုတို့လက်အောက်တွင်ကစားခဲ့ရသူဖြစ်ပါတယ်။

ZawGyi

နည္းျပေလာကဝင္ေရာက္ေရး ေျခလွမ္းသစ္လာၿပီျဖစ္တဲ့ အားလုံးရဲ႕အခ်စ္ေတာ္ဖာနန္ဒိုေတာရက္စ္

ဖာနန္ဒိုေတာရက္စ္ဟာအက္သလက္တီကိုမက္ဒရစ္(ခ)အသင္းနည္းျပအျဖစ္ခန႔္အပ္ျခင္းခံရကာ နည္းျပေလာကသို႔ဝင္ေရာက္ေရးေျခလွမ္းသစ္လွမ္းလာေၾကာင္းသိရပါတယ္။

စပိန္ႏွင့္အတူကမာၻ႔ဖလားဆြတ္ခူးႏိုင္ခဲ့တဲ့ဖာနန္ဒိုေတာရက္စ္ဟာ၂၀၁၉ခုႏွစ္တုန္းကကစားသမားဘဝမွအနားယူခဲ့ သူျဖစ္ပါတယ္။အက္သလက္တီကိုတြင္ကစားသမားဘဝစတင္ခဲ့တဲ့ေတာရက္စ္ဟာလီဗာပူး၊ခ်ဲလ္ဆီးတို႔တြင္ကစားခဲ့ၿပီးအသင္းေဟာင္းအက္သလက္တီကိုသို႔ျပန္ေျပာင္းကာဂ်ပန္ကလပ္ဆာဂန္တိုဆူတြင္ကစားသမားဘဝအဆုံး သတ္ခဲ့ပါတယ္။

အသက္၃၆ႏွစ္ရွိေတာရက္စ္ဟာၿပီးခဲ့တဲ့ႏွစ္စက္တင္ဘာလကတည္းကအက္သလက္တီကိုေရာက္လာကာနည္းျပ ေလာကသို႔ဝင္ေရာက္ေရးလုပ္ေဆာင္လာခဲ့သူျဖစ္ၿပီးရစ္ကီအလြန္ဆိုရဲ႕နည္းျပအဖြဲ႕မွာတာဝန္ထမ္းေဆာင္ခဲ့ပါတယ္။ယခုအခါသူဟာအက္သလက္တီကို(ခ)အသင္းရဲ႕နည္းျပအျဖစ္ခန႔္အပ္ျခင္းခံလိုက္ရၿပီျဖစ္ပါတယ္။

အက္သလက္တီကိုလူငယ္ကစားသမားမ်ားဟာဂႏၴဝင္ကစားသမားဖာနန္ဒိုေတာရက္စ္ရဲ႕ေလ့က်င့္လမ္းၫႊန္မႈမ်ား အေပၚတြင္အံ့ဩလ်က္ရွိၾကေၾကာင္းလည္းသိရပါတယ္။

ေတာရက္စ္ဟာအက္သလက္တီကိုမက္ဒရစ္(ခ)အသင္းနည္းျပဘဝပထမဆုံးပြဲစဥ္အျဖစ္ယေန႔ညပိုဘလင့္စ္ႏွင့္ပြဲ တြင္စတင္ႀကီးၾကပ္သြားရပါမယ္။

အက္သလက္တီကို(ခ)အသင္းဟာ၁၀သင္းပါဆီဂန္ဒါအုပ္စုမွာ၈ပြဲကစားၿပီးခ်ိန္မွာအဆင့္၉ေနရာမွာရပ္တည္ေနပါတယ္။

ေတာရက္စ္ဟာကစားသမားဘဝ၁၈ႏွစ္တာကာလအတြင္းမွာကမာၻ႔ထိပ္တန္းနည္းျပမ်ားျဖစ္ၾကတဲ့ဒယ္ေဘာ့စ ေကး၊ရာေဖးလ္ဘင္နီတက္ဇ္၊ေမာ္ရင္ဟိုတို႔လက္ေအာက္တြင္ကစားခဲ့ရသူျဖစ္ပါတယ္။