နည်းပြလောကသို့ နောက်ဆုံးအကြိမ်အဖြစ် ဝင်ရောက်လာနိုင်ကြောင်း ဝင်းဂါးဖွင့်ဟလာ

အာဆင်နယ်နည်းပြဟောင်းအာစင်ဝင်းဂါးကသုံးနှစ်ကြာဝေးကွာနေတဲ့နည်းပြလောကသို့ပြန်လည်ဝင်ရောက်ရန်တံခါးဖွင့်ထားကြောင်းပြောကြားလာပါတယ်။

အသက်၇၁နှစ်ရှိအာဆင်နယ်ဂန္ထဝင်နည်းပြဟာအာဆင်နယ်ကို၂၂နှစ်ကြာကိုင်တွယ်ပြီးနောက်၂၀၁၈ခုနှစ်တုန်းကထွက်ခွာပြီးနောက်ဖီဖာရဲ့ဘောလုံးဖွံ့ဖြိုးတိုးတက်ရေးဌာနအကြီးအကဲအဖြစ်တာဝန်ထမ်းဆောင်နေပါတယ်။

ဝင်းဂါးဟာဇူလိုင်လတုန်းကဆွစ်ဇာလန်နည်းပြရာထူးအတွက်ထိပ်ဆုံးမှသတင်းထွက်ခဲ့သူလည်းဖြစ်ပါတယ်။ဒါပေမယ့်ဆွစ်ဇာလန်ဟာပက်ကိုဗစ်ရဲ့နေရာမှာမူရက်ယာကင်ကို အစားထိုးခန့်အပ်ခဲ့ပါတယ်။

ယနေ့မှာဝင်းဂါးက “ကျွန်တော်တို့ရဲ့နေ့ရက်တွေအဆုံးသတ်ရမယ့်နေ့ရက်တွေရှိလာမယ်လို့ဆိုတာကိုတော့လက်ခံရပါမယ်။ကျွန်တော်ကတော့မလုပ်တော့ဘူးလို့မငြင်းပါဘူး။ဒါပေမယ့်အခုအချိန်မှာဖီဖာအပေါ်မှာဘဲအပြည့်အဝအာရုံစိုက်နေပါတယ်။ကျန်တဲ့အရာတွေနဲ့ပတ်သက်ပြီးသိပ်ဂရုမစိုက်ပါဘူး။တစ်ချို့ကလည်းနည်းပြလုပ်ဖို့အသက်ကြီးနေပြီလို့ပြောပါတယ်။သူတို့ပြောတာလည်းမှန်ချင်မှန်နေပါလိမ့်မယ်”လို့ပြောကြားသွားပါတယ်။

လက်ရှိအချိန်တွင်အာစင်ဝင်းဂါးဟာကမ္ဘာ့ဖလားပြိုင်ပွဲအား၂နှစ်၁ကြိမ်ကျင်းပနိုင်ရေးအတွက်ထိပ်ဆုံးမှကြိုးပမ်းနေပါတယ်။

ဒါ့အပြင်အာစင်ဝင်းဂါးကရမ်ဆေးနှင့်ဂျက်ဝီရှိုင်းယားတို့ဒဏ်ရာပြဿနာများစွာနှင့် ကြုံတွေ့ရမှုမှာသူ့တာဝန်မကင်းကြောင်းလည်းဝန်ခံသွားပါတယ်။

ZawGyi

နည္းျပေလာကသို႔ ေနာက္ဆုံးအႀကိမ္အျဖစ္ ဝင္ေရာက္လာႏိုင္ေၾကာင္း ဝင္းဂါးဖြင့္ဟလာ

အာဆင္နယ္နည္းျပေဟာင္းအာစင္ဝင္းဂါးကသုံးႏွစ္ၾကာေဝးကြာေနတဲ့နည္းျပေလာကသို႔ျပန္လည္ဝင္ေရာက္ရန္တံခါးဖြင့္ထားေၾကာင္းေျပာၾကားလာပါတယ္။

အသက္၇၁ႏွစ္ရွိအာဆင္နယ္ဂႏၴဝင္နည္းျပဟာအာဆင္နယ္ကို၂၂ႏွစ္ၾကာကိုင္တြယ္ၿပီးေနာက္၂၀၁၈ခုႏွစ္တုန္းကထြက္ခြာၿပီးေနာက္ဖီဖာရဲ႕ေဘာလုံးဖြံ႕ၿဖိဳးတိုးတက္ေရးဌာနအႀကီးအကဲအျဖစ္တာဝန္ထမ္းေဆာင္ေနပါတယ္။

ဝင္းဂါးဟာဇူလိုင္လတုန္းကဆြစ္ဇာလန္နည္းျပရာထူးအတြက္ထိပ္ဆုံးမွသတင္းထြက္ခဲ့သူလည္းျဖစ္ပါတယ္။ဒါေပမယ့္ဆြစ္ဇာလန္ဟာပက္ကိုဗစ္ရဲ႕ေနရာမွာမူရက္ယာကင္ကို အစားထိုးခန႔္အပ္ခဲ့ပါတယ္။

ယေန႔မွာဝင္းဂါးက “ကြၽန္ေတာ္တို႔ရဲ႕ေန႔ရက္ေတြအဆုံးသတ္ရမယ့္ေန႔ရက္ေတြရွိလာမယ္လို႔ဆိုတာကိုေတာ့လက္ခံရပါမယ္။ကြၽန္ေတာ္ကေတာ့မလုပ္ေတာ့ဘူးလို႔မျငင္းပါဘူး။ဒါေပမယ့္အခုအခ်ိန္မွာဖီဖာအေပၚမွာဘဲအျပည့္အဝအာ႐ုံစိုက္ေနပါတယ္။က်န္တဲ့အရာေတြနဲ႔ပတ္သက္ၿပီးသိပ္ဂ႐ုမစိုက္ပါဘူး။တစ္ခ်ိဳ႕ကလည္းနည္းျပလုပ္ဖို႔အသက္ႀကီးေနၿပီလို႔ေျပာပါတယ္။သူတို႔ေျပာတာလည္းမွန္ခ်င္မွန္ေနပါလိမ့္မယ္”လို႔ေျပာၾကားသြားပါတယ္။

လက္ရွိအခ်ိန္တြင္အာစင္ဝင္းဂါးဟာကမာၻ႔ဖလားၿပိဳင္ပြဲအား၂ႏွစ္၁ႀကိမ္က်င္းပႏိုင္ေရးအတြက္ထိပ္ဆုံးမွႀကိဳးပမ္းေနပါတယ္။

ဒါ့အျပင္အာစင္ဝင္းဂါးကရမ္ေဆးႏွင့္ဂ်က္ဝီရႈိင္းယားတို႔ဒဏ္ရာျပႆနာမ်ားစြာႏွင့္ ႀကဳံေတြ႕ရမႈမွာသူ႔တာဝန္မကင္းေၾကာင္းလည္းဝန္ခံသြားပါတယ္။