နည်းပြလောကသို့ ဝင်ရောက်ဖို့ အသင့်ဖြစ်နေပြီဖြစ်တဲ့ အီဗရာ

မန်ယူဂန္ထဝင်နောက်ခံလူပက်ထရစ်အီဗရာဟာယူအီးအက်ဖ်အေနည်းပြလိုင်စင်ရရှိလာမှုနဲ့အတူနည်းပြလောကသို့ဝင်ရောက်ရေးခြေတစ်လှမ်းနီးစပ်လာခဲ့ပြီဖြစ်ပါတယ်။

အသက်၄၀နှစ်ရှိဘယ်နောက်ခံလူဟောင်းဟာမန်ယူရဲ့ကာရင်တန်လေ့ကျင့်ရေးကွင်းတွင် နည်းပြလုပ်ဆောင်လာမှုနဲ့အတူ ယူအီးအက်ဖ်အေနည်းပြလိုင်စင်ဘီနှင့်အေတို့ရရှိလာခဲ့တာလည်းဖြစ်ပါတယ်။

အီဗရာဟာ၂၀၀၆ခုနှစ်၊ဇန်နဝါရီလတွင်မိုနာကိုမှပေါင်၅.၅သန်းဖြင့်ပြောင်းလာပြီးနောက်မန်ယူအတွက်၃၇၉ပွဲကစားခဲ့ကာ၂၀၁၄ခုနှစ်တွင်ဂျူဗင်တပ်သို့ထွက်ခွာခဲ့ပါတယ်။

သူဟာမန်ယူအသင်းနှင့်အတူပရီးမီးယားလိဂ်ဖလားငါးကြိမ်နှင့်ချန်ပီယံလိဂ်ဖလားတစ်ကြိမ်ဆွတ်ခူးနိုင်ခဲ့ပါတယ်။

သူဟာဂျူဗင်တပ်နှင့်အတူစီးရီးအေဖလားနှစ်ကြိမ်ဆွတ်ခူးနိုင်ခဲ့သူလည်းဖြစ်ပါတယ်။

၂၀၁၃ခုနှစ်တွင်ကစားသမားဘဝမှအနားယူခဲ့တဲ့သူဟာမဝေးတော့တဲ့ကာလအတွင်းမှာနည်းပြလောကသို့ဝင်ရောက်လာဖို့ရှိနေပါတယ်။

ZawGyi






