နည်းပြသစ်ရန်နစ်ခ်သာ စည်းကမ်းသစ်များ ပြဌာန်းလာပါက ပေါင် ၁၇ သန်းတန် စူပါကားများဖြင့် အိမ်မှာထားခဲ့ရတော့မယ့် CR7

ခရစ္စတီယာနိုရော်နယ်ဒိုဟာနည်းပြသစ်ရေးဖ်ရန်နစ်ခ်ရဲ့လက်အောက်တွင်သူ့ရဲ့ပေါင်၁၇သန်းတန်စူပါကားများဖြင့်မန်ချက်စတာယူနိုက်တက်လေ့ကျင့်ရေးကွင်းသို့မောင်းခွင့်ပိတ်ပင်ခြင်းခံလာရဖို့ရှိပါတယ်။

အသက်၆၃နှစ်ရှိဂျာမန်လူမျိုးနည်းပြဟာလိုက်ဇစ်ကိုကိုင်တွယ်တုန်းကလေ့ကျင့်ရေးကွင်းသို့လာရောက်ရာတွင်ကုမ္ပဏီကားများကိုအသုံးပြုရန်စည်းကမ်းတင်းကျပ်ခဲ့ဖူးပါတယ်။

တကယ်လို့များရန်နစ်ခ်သာယူနိုက်တက်တွင်လည်းယင်းစည်းကမ်းကိုကျင့်သုံးလာမည်ဆိုပါကခရစ္စတီယာနိုရော်နယ်ဒိုမှာသူ့ရဲ့ပေါင်၁၇သန်းတန်ဖိုးရှိစူပါကားများကိုကားဂိုထောင်တွင်သာထားထားရတော့မှာဖြစ်ပါတယ်။

အသက်၃၆နှစ်ရှိခရစ္စတီယာနိုရော်နယ်ဒိုဟာတန်ဖိုးကြီးစူပါကားများစုဆောင်းသူအဖြစ်နာမည်ကြီးသူဖြစ်ပြီးမကြာသေးမီတုန်းကလည်းပေါင်၂၅၀၀၀၀တန်ဖိုးရှိ Bentley Flying Spur ကားသစ်ဝယ်ယူခဲ့သူဖြစ်ပါတယ်။

ပေါ်တူဂီစူပါစတားဟာယူနိုက်တက်သို့ရောက်လာပြီးနောက်လေ့ကျင့်ရေးကွင်းသို့လာရောက်ရာတွင်တန်ဖိုးကြီးများအသုံးပြုကာလာရောက်လေ့ရှိသူဖြစ်ပါတယ်။

ယခုအခါခရစ္စတီယာနိုရော်နယ်ဒိုနှင့်ယူနိုက်တက်စတားများဟာနည်းပြသစ်ရန်နစ်ခ်ရောက်လာမှုနဲ့အတူကုမ္ပဏီကားများကိုသာအသုံးပြုကာ လေ့ကျင့်ရေးကွင်းသို့လာရောက်ရဖို့ရှိပါတယ်။

လက်ရှိအချိန်တွင်ယူနိုက်တက်ရဲ့စပွန်ဆာအဖြစ် Chevrolet ကရှိနေဆဲဖြစ်ပါတယ်။၎င်းတို့ဟာယူနိုက်တက်ဂျာစီစပွန်ဆာမဟုတ်တော့ပေမယ့်ယူနိုက်တက်နှင့်ပူးပေါင်းထားတုန်းဖြစ်ပါတယ်။

ZawGyi

နည္းျပသစ္ရန္နစ္ခ္သာ စည္းကမ္းသစ္မ်ား ျပဌာန္းလာပါက ေပါင္ ၁၇ သန္းတန္ စူပါကားမ်ားျဖင့္ အိမ္မွာထားခဲ့ရေတာ့မယ့္ CR7

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာနည္းျပသစ္ေရးဖ္ရန္နစ္ခ္ရဲ႕လက္ေအာက္တြင္သူ႔ရဲ႕ေပါင္၁၇သန္းတန္စူပါကားမ်ားျဖင့္မန္ခ်က္စတာယူႏိုက္တက္ေလ့က်င့္ေရးကြင္းသို႔ေမာင္းခြင့္ပိတ္ပင္ျခင္းခံလာရဖို႔ရွိပါတယ္။

အသက္၆၃ႏွစ္ရွိဂ်ာမန္လူမ်ိဳးနည္းျပဟာလိုက္ဇစ္ကိုကိုင္တြယ္တုန္းကေလ့က်င့္ေရးကြင္းသို႔လာေရာက္ရာတြင္ကုမၸဏီကားမ်ားကိုအသုံးျပဳရန္စည္းကမ္းတင္းက်ပ္ခဲ့ဖူးပါတယ္။

တကယ္လို႔မ်ားရန္နစ္ခ္သာယူႏိုက္တက္တြင္လည္းယင္းစည္းကမ္းကိုက်င့္သုံးလာမည္ဆိုပါကခရစၥတီယာႏိုေရာ္နယ္ဒိုမွာသူ႔ရဲ႕ေပါင္၁၇သန္းတန္ဖိုးရွိစူပါကားမ်ားကိုကားဂိုေထာင္တြင္သာထားထားရေတာ့မွာျဖစ္ပါတယ္။

အသက္၃၆ႏွစ္ရွိခရစၥတီယာႏိုေရာ္နယ္ဒိုဟာတန္ဖိုးႀကီးစူပါကားမ်ားစုေဆာင္းသူအျဖစ္နာမည္ႀကီးသူျဖစ္ၿပီးမၾကာေသးမီတုန္းကလည္းေပါင္၂၅၀၀၀၀တန္ဖိုးရွိ Bentley Flying Spur ကားသစ္ဝယ္ယူခဲ့သူျဖစ္ပါတယ္။

ေပၚတူဂီစူပါစတားဟာယူႏိုက္တက္သို႔ေရာက္လာၿပီးေနာက္ေလ့က်င့္ေရးကြင္းသို႔လာေရာက္ရာတြင္တန္ဖိုးႀကီးမ်ားအသုံးျပဳကာလာေရာက္ေလ့ရွိသူျဖစ္ပါတယ္။

ယခုအခါခရစၥတီယာႏိုေရာ္နယ္ဒိုႏွင့္ယူႏိုက္တက္စတားမ်ားဟာနည္းျပသစ္ရန္နစ္ခ္ေရာက္လာမႈနဲ႔အတူကုမၸဏီကားမ်ားကိုသာအသုံးျပဳကာ ေလ့က်င့္ေရးကြင္းသို႔လာေရာက္ရဖို႔ရွိပါတယ္။

လက္ရွိအခ်ိန္တြင္ယူႏိုက္တက္ရဲ႕စပြန္ဆာအျဖစ္ Chevrolet ကရွိေနဆဲျဖစ္ပါတယ္။၎တို႔ဟာယူႏိုက္တက္ဂ်ာစီစပြန္ဆာမဟုတ္ေတာ့ေပမယ့္ယူႏိုက္တက္ႏွင့္ပူးေပါင္းထားတုန္းျဖစ္ပါတယ္။