နည်းပြဟောင်းဂရေဟမ်ပေါ်တာကို မနက်ကျရင် အထုတ်ခံရမယ်ဆိုပြီး ဘရိုက်တန်ပရိသတ်များလှောင်ပြောင်

ဘရိုက်တန်ပရိသတ်များဟာ Amex Stadiumတွင်ချဲလ်ဆီးကို၄-၁ဂိုးဖြင့်အနိုင်ရတဲ့ပွဲတွင်နည်းပြဟောင်းဂရေဟမ်ပေါ်တာကိုမနက်ကျရင်အထုတ်ခံရတော့မယ်ဆိုပြီးလှောင်ပြောင်အော်ဟစ်မှုပြုလုပ်ခဲ့ကြပါတယ်။

ပေါ်တာဟာစက်တင်ဘာလတုန်းကဘရိုက်တန်မှထွက်ခွာကာချဲလ်ဆီးနည်းပြရာထူးကိုရယူခဲ့ပါတယ်။

သူဟာမနေ့ညတုန်းက Amex Stadiumသို့သွားရောက်ကာအသင်းဟောင်းကိုပြန်လည်ရင်ဆိုင်ခဲ့ရပါတယ်။

ဒါပေမဲ့ပေါ်တာရဲ့ချဲလ်ဆီးဟာပထမပိုင်းမှာတင်ဘရိုက်တန်ကို၃-၀ဂိုးဖြင့်ရှုံးနိမ့်နေခဲ့ပြီးပွဲအပြီးတွင်၄-၁ဂိုးဖြင့်ရှုံးနိမ့်ခဲ့ပါတယ်။ယင်းရှုံးပွဲကြောင့်ဂရေဟမ်ပေါ်တာဟာလည်းချဲလ်ဆီးနည်းပြဘဝပထမဆုံးရှုံးပွဲကြုံတွေ့ခဲ့ရပါတယ်။

ဘရိုက်တန်ပရိသတ်များဟာပထမပိုင်းမှာချဲလ်ဆီးကိုဂိုးပြတ်အနိုင်ရရှိနေပြီးနောက်နည်းပြဟောင်းဂရေဟမ်ပေါ်တာကို “မနက်ကျရင်အထုတ်ခံရတော့မယ်”လို့ သံပြိုင်အော်ဟစ်လှောင်ပြောင်မှုပြုလုပ်ခဲ့ကြပါတယ်။

မနေ့ညတုန်းကပွဲတွင်ဘရိုက်တန်အတွက်အဖွင့်ဂိုးသွင်းခဲ့တဲ့ဘယ်လ်ဂျီယံစတားထရိုဆတ်ဟာနည်းပြသစ်ဒီဇာဘီအတွက်ပထမဆုံး၅ပွဲဆက်ဂိုးသွင်းနိုင်တဲ့ပထမဆုံးပရီးမီးယားလိဂ်ကစားသမားဖြစ်လာပါတယ်။

ZawGyi

နည္းျပေဟာင္းဂေရဟမ္ေပၚတာကို မနက္က်ရင္ အထုတ္ခံရမယ္ဆိုၿပီး ဘ႐ိုက္တန္ပရိသတ္မ်ားေလွာင္ေျပာင္

ဘ႐ိုက္တန္ပရိသတ္မ်ားဟာ Amex Stadiumတြင္ခ်ဲလ္ဆီးကို၄-၁ဂိုးျဖင့္အႏိုင္ရတဲ့ပြဲတြင္နည္းျပေဟာင္းဂေရဟမ္ေပၚတာကိုမနက္က်ရင္အထုတ္ခံရေတာ့မယ္ဆိုၿပီးေလွာင္ေျပာင္ေအာ္ဟစ္မႈျပဳလုပ္ခဲ့ၾကပါတယ္။

ေပၚတာဟာစက္တင္ဘာလတုန္းကဘ႐ိုက္တန္မွထြက္ခြာကာခ်ဲလ္ဆီးနည္းျပရာထူးကိုရယူခဲ့ပါတယ္။

သူဟာမေန႔ညတုန္းက Amex Stadiumသို႔သြားေရာက္ကာအသင္းေဟာင္းကိုျပန္လည္ရင္ဆိုင္ခဲ့ရပါတယ္။

ဒါေပမဲ့ေပၚတာရဲ႕ခ်ဲလ္ဆီးဟာပထမပိုင္းမွာတင္ဘ႐ိုက္တန္ကို၃-၀ဂိုးျဖင့္ရႈံးနိမ့္ေနခဲ့ၿပီးပြဲအၿပီးတြင္၄-၁ဂိုးျဖင့္ရႈံးနိမ့္ခဲ့ပါတယ္။ယင္းရႈံးပြဲေၾကာင့္ဂေရဟမ္ေပၚတာဟာလည္းခ်ဲလ္ဆီးနည္းျပဘဝပထမဆုံးရႈံးပြဲႀကဳံေတြ႕ခဲ့ရပါတယ္။

ဘ႐ိုက္တန္ပရိသတ္မ်ားဟာပထမပိုင္းမွာခ်ဲလ္ဆီးကိုဂိုးျပတ္အႏိုင္ရရွိေနၿပီးေနာက္နည္းျပေဟာင္းဂေရဟမ္ေပၚတာကို “မနက္က်ရင္အထုတ္ခံရေတာ့မယ္”လို႔ သံၿပိဳင္ေအာ္ဟစ္ေလွာင္ေျပာင္မႈျပဳလုပ္ခဲ့ၾကပါတယ္။

မေန႔ညတုန္းကပြဲတြင္ဘ႐ိုက္တန္အတြက္အဖြင့္ဂိုးသြင္းခဲ့တဲ့ဘယ္လ္ဂ်ီယံစတားထ႐ိုဆတ္ဟာနည္းျပသစ္ဒီဇာဘီအတြက္ပထမဆုံး၅ပြဲဆက္ဂိုးသြင္းႏိုင္တဲ့ပထမဆုံးပရီးမီးယားလိဂ္ကစားသမားျဖစ္လာပါတယ္။