နည်းပြဟောင်းပိုချက်တီနိုအား ခန့်အပ်နိုင်ရန် စပါးစ်နီးစပ်နေပြီ

စပါးစ်ဥက္ကဌဒါနီရယ်လီဗိုင်းဟာနည်းပြဟောင်းမော်ရိုစီယိုပိုချက်တီနိုအားစပါးစ်သို့ပြန်ခေါ်ဆောင်နိုင်လိမ့်မယ်လို့အပြည့်အဝယုံကြည်နေပါတယ်။

ပိုချက်တီနိုဟာယခုအပတ်အတွင်းတွင်စပါးစ်သို့ပြန်ရေးအတွက်ဆွေးနွေးမှုများပြုလုပ်နေခဲ့ပြီးလာမယ့်ရက်များတွင်လည်းဆက်လက်ဆွေးနွေးသွားပါမယ်။

အာဂျင်တီးနားလူမျိုးနည်းပြဟာပဲရစ်တွင်မပျော်မရွှင်ဖြစ်နေပြီးနွေရာသီတွင်ပီအက်စ်ဂျီမှထွက်ခွာလိုနေပါတယ်။၂၀၁၉ခုနှစ်တွင်စပါးစ်မှထုတ်ပယ်ခြင်းခံခဲ့ရတဲ့ပိုချက်တီနိုကစပါးစ်သို့ပြန်ကာယခင်ကမပြီးဆုံးသေးတဲ့တာဝန်ကိုလုပ်ဆောင်လိုနေပါတယ်။

စပါးစ်ဥက္ကဌလီဗိုင်းကပိုချက်တီနိုအားစပါးစ်သို့ပြန်လည်ခေါ်ဆောင်နိုင်ပါကအသင်းခေါင်းဆောင်ဟယ်ရီကိန်းကိုအသင်းတွင်ဆက်လက်ထိန်းထားနိုင်ရေးမျှော်လင့်ချက်မြင့်မားလာမယ်လို့ယုံကြည်နေပါတယ်။

ZawGyi




