နည်းပြဟောင်းယာကီးနီကို နည်းပြသစ်အဖြစ် ဖီအိုရင်တီးနားပြန်လည်ခန့်အပ်

ဖီအိုရင်တီးနားဟာရာထူးမှနုတ်ထွက်သွားတဲ့ဆီဇာပရန်ဒယ်လီရဲ့နေရာတွင်နည်းပြဟောင်းဂူဆက်ပီယာကီးနီအားပြန်လည်ခန့်အပ်လိုက်ပါတယ်။

ဖီအိုရင်တီးနားဟာရလဒ်ဆိုးရွားမှုကြောင့်၂၀၂၀ခုနှစ်၊နိုဝင်ဘာလတုန်းကယာကီးနီကိုရာထူးမှထုတ် ပယ်ပြီးနည်းပြဟောင်းပရန်ဒယ်လီကိုခန့်အပ်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်ပရန်ဒယ်လီဟာမနေ့တုန်းကကိုယ်ရေးကိုယ်တာအကြောင်းပြချက်များကြောင့်ဖီအိုရင်တီးနားအသင်းနည်းပြရာထူးမှနုတ်ထွက်ခဲ့ပါတယ်။ပရင်ဒယ်လီဟာဖီအိုရင်တီးနားကိုစီးရီးအေပွဲ၁၁ပွဲကိုင်တွယ်ခဲ့ရာတွင်၃ပွဲတည်းသာအနိုင်ရရှိအောင်ဦးဆောင်နိုင်ခဲ့ပါတယ်။

ဖီအိုရင်တီးနားဟာစီးရီးအေပွဲ၂၈ပွဲကစားထားရာမှာနိုင်ပွဲ၇ပွဲတည်းသာရရှိထားပြီးရမှတ်၂၉မှတ်ဖြင့် အမှတ်ပေးဇယားအဆင့်၁၆နေရာတွင်ရပ်တည်နေပါတယ်။

ZawGyi




