နည်းပြအတွေ့အကြုံတစ်ပြားသားမှမရှိဘဲ ဒါဘီတွင် ရွန်းနီ အရည်မရအဖတ်မရ လုပ်ဆောင်နေ

ဝိန်းရွန်းနီမှာနည်းပြအတွေ့အကြုံအလွန်နည်းပါးကာ ဒါဘီကောင်တီအသင်းတွင်အရည်မရအဖတ်မရလုပ်ဆောင်နေကြောင်း ခရစ္စတယ်ပဲလေ့စ်ပိုင်ရှင်ဟောင်းဆိုင်မွန်ဂျော်ဒန်ကဝေဖန်ပြောကြားလိုက်ပါတယ်။

အသက်၃၅နှစ်ရှိမန်ယူနှင့်အင်္ဂလန်ဂန္ထဝင်ကစားသမားဟောင်းဟာ၂၀၂၀ခုနှစ်တွင်ဒီစီယူနိုက်တက်မှထွက်ခွာကာဒါဘီကောင်တီအသင်းသို့နည်းပြ/ကစားသမားအဖြစ်ရောက်လာခဲ့သူဖြစ်ပါတယ်။

ရွန်းနီဟာပြီးခဲ့တဲ့နှစ်နိုဝင်ဘာလတုန်းကနည်းပြချုပ်ကိုကူးထုတ်ပယ်ခြင်းခံရပြီးနောက်ယာယီနည်းပြအဖြစ်ခန့်အပ်ခြင်းခံခဲ့ရပါတယ်။

သူဟာဒါဘီအသင်းကိုယာယီနည်းပြအဖြစ်ကိုင်တွယ်စဉ်ကရလဒ်ကောင်းရယူနိုင်ခဲ့ပြီးဇန်နဝါရီလတွင်အမြဲတမ်းနည်းပြအဖြစ်ခန့်အပ်ခြင်းခံခဲ့ရပါတယ်။

ဒါပေမယ့်အင်္ဂလန်သမိုင်းတွင်ဂိုးအများဆုံးသွင်းယူသူအဖြစ်ရပ်တည်နေတဲ့ရွန်းနီဟာပြီးခဲ့တဲ့ရာသီတုန်းကနောက်ဆုံးချန်ပီယံရှစ်ပွဲ၁၅ပွဲတွင်နိုင်ပွဲ၁ပွဲတည်းသာရရှိအောင်စွမ်းဆောင်နိုင်ခဲ့ပါတယ်။

ဒါဘီဟာရာသီသိမ်းပွဲတွင်ရှက်ဖီးလ်ဝင်းနက်စ်ဒေးနှင့်၃ဂိုးစီသရေကျကာလိဂ်၁ သို့တန်းဆင်းရမယ့်အရေးမှသီသီလေးလွတ်မြောက်ခဲ့ပါတယ်။

ခရစ္စတယ်ပဲလေ့စ်ဥက္ကဌဟောင်းဆိုင်မွန်ဂျော်ဒန်က “ကျွန်တော့်အတွက်တော့ဒီနည်းပြကဘာမှတန်ဖိုးမရှိပါဘူး။အရှိန်အဟုန်ရှိတဲ့ကစားသမားတစ်ဦးကနည်းပြလောကသို့စဝင်တဲ့အချိန်မှာအဝတ်အစားလဲခန်းထဲမှာဩဇာလွှမ်းမိုးမှုရှိပါတယ်။ဝိန်းရွန်းနီရောက်လာတယ်။သူကပဟေဠိဆန်ဆန်ရောက်လာတယ်။တာထွက်ကောင်းတယ်။ဒါပေမယ့်ရာသီမကုန်ခင်၁၂ပွဲရောက်ရောသူ့အရည်အချင်းတန်းပေါ်ပါတယ်။အဲဒီအချိန်မှာ အတွေ့အကြုံရှိတဲ့နည်းပြဆိုရင်ဘာလုပ်ရမယ်ဆိုတာသိပါတယ်။သူတို့ကတော့ရွန်းနီလက်အောက်မှာအခြေအနေဆိုးရွားသွားခဲ့တယ်။ရွန်းနီအနေနဲ့နည်းပြအလုပ်နဲ့ပတ်သက်ပြီးသင်ကြားရပါဦးမယ်။သူကဒါဘီကိုလမ်းလို့အသုံးချပြီးသူ့နည်းပြဘဝလမ်းအတွက်သွားခဲ့တယ်”လို့ပြောကြားသွားပါတယ်။

လက်ရှိအချိန်တွင်ဒါဘီဟာဘဏ္ဍာရေးပြဿနာများရှိနေမှုနဲ့အတူ နွေရာသီတွင်ကစားသမားခေါ်ယူရေးအခက်တွေ့နေပါတယ်။

ဒါဘီဟာယခုနွေရာသီမှာရာသီကြိုခြေစမ်းပွဲများအဖြစ်မန်ယူ၊ဘက်တစ်တို့နှင့်ရင်ဆိုင်ကစားပါမယ်။၎င်းတို့ဟာဩဂုတ်လ၇ရက်နေ့မှာဟက်ဒါဖီးလ်နှင့်ရာသီအဖွင့်ပွဲကစားရပါမယ်။

ZawGyi

နည္းျပအေတြ႕အႀကဳံတစ္ျပားသားမွမရွိဘဲ ဒါဘီတြင္ ႐ြန္းနီ အရည္မရအဖတ္မရ လုပ္ေဆာင္ေန

ဝိန္း႐ြန္းနီမွာနည္းျပအေတြ႕အႀကဳံအလြန္နည္းပါးကာ ဒါဘီေကာင္တီအသင္းတြင္အရည္မရအဖတ္မရလုပ္ေဆာင္ေနေၾကာင္း ခရစၥတယ္ပဲေလ့စ္ပိုင္ရွင္ေဟာင္းဆိုင္မြန္ေဂ်ာ္ဒန္ကေဝဖန္ေျပာၾကားလိုက္ပါတယ္။

အသက္၃၅ႏွစ္ရွိမန္ယူႏွင့္အဂၤလန္ဂႏၴဝင္ကစားသမားေဟာင္းဟာ၂၀၂၀ခုႏွစ္တြင္ဒီစီယူႏိုက္တက္မွထြက္ခြာကာဒါဘီေကာင္တီအသင္းသို႔နည္းျပ/ကစားသမားအျဖစ္ေရာက္လာခဲ့သူျဖစ္ပါတယ္။

႐ြန္းနီဟာၿပီးခဲ့တဲ့ႏွစ္ႏိုဝင္ဘာလတုန္းကနည္းျပခ်ဳပ္ကိုကူးထုတ္ပယ္ျခင္းခံရၿပီးေနာက္ယာယီနည္းျပအျဖစ္ခန႔္အပ္ျခင္းခံခဲ့ရပါတယ္။

သူဟာဒါဘီအသင္းကိုယာယီနည္းျပအျဖစ္ကိုင္တြယ္စဥ္ကရလဒ္ေကာင္းရယူႏိုင္ခဲ့ၿပီးဇန္နဝါရီလတြင္အၿမဲတမ္းနည္းျပအျဖစ္ခန႔္အပ္ျခင္းခံခဲ့ရပါတယ္။

ဒါေပမယ့္အဂၤလန္သမိုင္းတြင္ဂိုးအမ်ားဆုံးသြင္းယူသူအျဖစ္ရပ္တည္ေနတဲ့႐ြန္းနီဟာၿပီးခဲ့တဲ့ရာသီတုန္းကေနာက္ဆုံးခ်န္ပီယံရွစ္ပြဲ၁၅ပြဲတြင္ႏိုင္ပြဲ၁ပြဲတည္းသာရရွိေအာင္စြမ္းေဆာင္ႏိုင္ခဲ့ပါတယ္။

ဒါဘီဟာရာသီသိမ္းပြဲတြင္ရွက္ဖီးလ္ဝင္းနက္စ္ေဒးႏွင့္၃ဂိုးစီသေရက်ကာလိဂ္၁ သို႔တန္းဆင္းရမယ့္အေရးမွသီသီေလးလြတ္ေျမာက္ခဲ့ပါတယ္။

ခရစၥတယ္ပဲေလ့စ္ဥကၠဌေဟာင္းဆိုင္မြန္ေဂ်ာ္ဒန္က “ကြၽန္ေတာ့္အတြက္ေတာ့ဒီနည္းျပကဘာမွတန္ဖိုးမရွိပါဘူး။အရွိန္အဟုန္ရွိတဲ့ကစားသမားတစ္ဦးကနည္းျပေလာကသို႔စဝင္တဲ့အခ်ိန္မွာအဝတ္အစားလဲခန္းထဲမွာဩဇာလႊမ္းမိုးမႈရွိပါတယ္။ဝိန္း႐ြန္းနီေရာက္လာတယ္။သူကပေဟဠိဆန္ဆန္ေရာက္လာတယ္။တာထြက္ေကာင္းတယ္။ဒါေပမယ့္ရာသီမကုန္ခင္၁၂ပြဲေရာက္ေရာသူ႔အရည္အခ်င္းတန္းေပၚပါတယ္။အဲဒီအခ်ိန္မွာ အေတြ႕အႀကဳံရွိတဲ့နည္းျပဆိုရင္ဘာလုပ္ရမယ္ဆိုတာသိပါတယ္။သူတို႔ကေတာ့႐ြန္းနီလက္ေအာက္မွာအေျခအေနဆိုး႐ြားသြားခဲ့တယ္။႐ြန္းနီအေနနဲ႔နည္းျပအလုပ္နဲ႔ပတ္သက္ၿပီးသင္ၾကားရပါဦးမယ္။သူကဒါဘီကိုလမ္းလို႔အသုံးခ်ၿပီးသူ႔နည္းျပဘဝလမ္းအတြက္သြားခဲ့တယ္”လို႔ေျပာၾကားသြားပါတယ္။

လက္ရွိအခ်ိန္တြင္ဒါဘီဟာဘ႑ာေရးျပႆနာမ်ားရွိေနမႈနဲ႔အတူ ေႏြရာသီတြင္ကစားသမားေခၚယူေရးအခက္ေတြ႕ေနပါတယ္။

ဒါဘီဟာယခုေႏြရာသီမွာရာသီႀကိဳေျခစမ္းပြဲမ်ားအျဖစ္မန္ယူ၊ဘက္တစ္တို႔ႏွင့္ရင္ဆိုင္ကစားပါမယ္။၎တို႔ဟာဩဂုတ္လ၇ရက္ေန႔မွာဟက္ဒါဖီးလ္ႏွင့္ရာသီအဖြင့္ပြဲကစားရပါမယ္။