နည်းပြအဖြစ် သူ့ကိုဘယ်တော့မှကြိုဆိုမှာမဟုတ်တဲ့ကလပ်နှစ်ခုကို ဂျွန်တယ်ရီဖွင့်ဟလာ

ချဲလ်ဆီးဂန္ထဝင်ဂျွန်တယ်ရီကသူ့ကိုနည်းပြအဖြစ်ဘယ်တော့မှကြိုဆိုခန့်အပ်သွားမှာမဟုတ်တဲ့ပရီးမီးယားလိဂ်ကလပ်နှစ်ခုကိုဖွင့်ဟပြောကြားလာပါတယ်။

အသက်၄၀နှစ်ရှိအင်္ဂလန်နှင့်ချဲလ်ဆီးအသင်းခေါင်းဆောင်ဟောင်းဟာချဲလ်ဆီးတွင်အောင်မြင်မှုများစွာရယူပြီးတဲ့နောက်၂၀၁၈ခုနှစ်တုန်းကဗီလာတွင်ကစားသမားဘဝမှအနားယူခဲ့သူဖြစ်ပါတယ်။

တယ်ရီဟာကစားသမားဘဝမှအနားယူပြီးနောက်ဗီလာနည်းပြဒိန်းစမစ်ရဲ့လက်ထက်နည်းပြအဖြစ် တာဝန်ထမ်းဆောင်လာခဲ့သူဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းခေါင်းဆောင်က၎င်းမှာကလပ်ကြီးနှစ်ခုရဲ့နည်းပြချုပ်ရာထူးအားကမ်းလှမ်းမှုကိုပယ်ချထားပြီးဖြစ်ကာဗီလာမှထွက်ခွာရန်အစီအစဉ်မရှိသေးကြောင်းဆိုသွားပါတယ်။

တယ်ရီကအနာဂတ်တွင်စတမ်းဖို့ဒ်ဘရစ်ချ်သို့ပြန်ကာချဲလ်ဆီးနည်းပြအဖြစ်တာဝန်ထမ်းဆောင်ရန်မျှော်လင့်နေကြောင်းဝန်ခံသွားပါတယ်။

ဒါပေမယ့်ဂျွန်တယ်ရီက၎င်းကိုချဲလ်ဆီးရဲ့လန်ဒန်မြို့ခံပြိုင်ဘက်ကလပ်များဖြစ်ကြတဲ့စပါးစ်နှင့်ဝက်စ်ဟမ်းတို့ကနည်းပြအဖြစ်ကိုင်တွယ်လိုခြင်းမရှိသလိုယင်းကလပ်များကလည်းသူ့ကိုကြိုဆိုလာမည်မဟုတ်ကြောင်းပြောကြားသွားပါတယ်။

တယ်ရီက “ကျွန်တော့်ရည်မှန်းချက်ကအရမ်းကိုရှင်းရှင်းလေးပါ။နောက်ဆုံးရည်မှန်းချက်ကတော့ချဲလ်ဆီးအသင်းကိုကိုင်တွယ်ဖို့ပါ။ကျွန်တော့်အသင်းကနိုင်ပွဲတွေရယူနိုင်ဖို့မျှော်လင့်တယ်။ပြီးတော့အသင်းကအရမ်းရိုးသားပြီးအရမ်းစုစည်းမှုကောင်းတဲ့အသင်းဖြစ်လာဖို့မျှော်လင့်သလိုပြင်ဆင်မှုအရမ်းကောင်းတဲ့အသင်းလည်းဖြစ်စေချင်တယ်။လမ်းပတ်နဲ့စတီဗင်(ဂျရတ်)တို့ကိုကြည့်ပါတယ်။သူတို့နှစ်ဦးလုံးအောင်မြင်ကြပါတယ်။လမ်းပတ်ကချဲလ်ဆီးပထမဆုံးရာသီဘဲကိုင်တွယ်ခဲ့ရတယ်။ရိန်းဂျားမှာစတီဗင်(ဂျရတ်)ကမယုံနိုင်လောက်စရာကောင်းအောင်လုပ်ပြထားတယ်။ကျွန်တော်ဟာအရင်တုန်းကနည်းပြချုပ်အဖြစ်တာဝန်ယူဖို့တကယ်ဘဲအဆင်သင့်မဖြစ်ခဲ့ပါဘူး။ကမ်းလှမ်းမှုနှစ်ခုတောင်ပယ်ချခဲ့ပြီးဖြစ်ပါတယ်။ဗီလာမှာကျွန်တော့်စာချုပ်တစ်နှစ်သက်တမ်းကျန်ပါသေးတယ်။ကျွန်တော်ကလည်းအရင်မလိုပါဘူး။နံပါတ်တစ်နေရာကိုလိုချင်ပါတယ်။ဒါပေမယ့်တစ်ချိန်ကျမှပါ”လို့ပြောကြားသွားခဲ့ပါတယ်။

ဒါ့အပြင်ဗီလာလက်ထောက်နည်းပြကစပါးစ်နှင့်ဝက်စ်ဟမ်းအသင်းကိုဘယ်တော့ကိုင်တွယ်မှာမဟုတ်ကြောင်းလည်းပြောကြားသွားပါတယ်။

တယ်ရီက “ဘယ်တော့မှကိုင်တွယ်မှာမဟုတ်တဲ့ကလပ်ကစပါးစ်ပါ။ဒီကလပ်ကိုတော့ဘယ်တော့မှကိုင်တွယ်မှာမဟုတ်ပါဘူး။ပြီးတော့ကျွန်တော့်ကိုဝက်စ်ဟမ်းကလည်းကြိုဆိုမှာမဟုတ်ပါဘူး”လို့ပြောကြားသွားပါတယ်။

ZawGyi

နည္းျပအျဖစ္ သူ႔ကိုဘယ္ေတာ့မွႀကိဳဆိုမွာမဟုတ္တဲ့ကလပ္ႏွစ္ခုကို ဂြၽန္တယ္ရီဖြင့္ဟလာ

ခ်ဲလ္ဆီးဂႏၴဝင္ဂြၽန္တယ္ရီကသူ႔ကိုနည္းျပအျဖစ္ဘယ္ေတာ့မွႀကိဳဆိုခန႔္အပ္သြားမွာမဟုတ္တဲ့ပရီးမီးယားလိဂ္ကလပ္ႏွစ္ခုကိုဖြင့္ဟေျပာၾကားလာပါတယ္။

အသက္၄၀ႏွစ္ရွိအဂၤလန္ႏွင့္ခ်ဲလ္ဆီးအသင္းေခါင္းေဆာင္ေဟာင္းဟာခ်ဲလ္ဆီးတြင္ေအာင္ျမင္မႈမ်ားစြာရယူၿပီးတဲ့ေနာက္၂၀၁၈ခုႏွစ္တုန္းကဗီလာတြင္ကစားသမားဘဝမွအနားယူခဲ့သူျဖစ္ပါတယ္။

တယ္ရီဟာကစားသမားဘဝမွအနားယူၿပီးေနာက္ဗီလာနည္းျပဒိန္းစမစ္ရဲ႕လက္ထက္နည္းျပအျဖစ္ တာဝန္ထမ္းေဆာင္လာခဲ့သူျဖစ္ပါတယ္။

ခ်ဲလ္ဆီးအသင္းေခါင္းေဆာင္က၎မွာကလပ္ႀကီးႏွစ္ခုရဲ႕နည္းျပခ်ဳပ္ရာထူးအားကမ္းလွမ္းမႈကိုပယ္ခ်ထားၿပီးျဖစ္ကာဗီလာမွထြက္ခြာရန္အစီအစဥ္မရွိေသးေၾကာင္းဆိုသြားပါတယ္။

တယ္ရီကအနာဂတ္တြင္စတမ္းဖို႔ဒ္ဘရစ္ခ်္သို႔ျပန္ကာခ်ဲလ္ဆီးနည္းျပအျဖစ္တာဝန္ထမ္းေဆာင္ရန္ေမွ်ာ္လင့္ေနေၾကာင္းဝန္ခံသြားပါတယ္။

ဒါေပမယ့္ဂြၽန္တယ္ရီက၎ကိုခ်ဲလ္ဆီးရဲ႕လန္ဒန္ၿမိဳ႕ခံၿပိဳင္ဘက္ကလပ္မ်ားျဖစ္ၾကတဲ့စပါးစ္ႏွင့္ဝက္စ္ဟမ္းတို႔ကနည္းျပအျဖစ္ကိုင္တြယ္လိုျခင္းမရွိသလိုယင္းကလပ္မ်ားကလည္းသူ႔ကိုႀကိဳဆိုလာမည္မဟုတ္ေၾကာင္းေျပာၾကားသြားပါတယ္။

တယ္ရီက “ကြၽန္ေတာ့္ရည္မွန္းခ်က္ကအရမ္းကိုရွင္းရွင္းေလးပါ။ေနာက္ဆုံးရည္မွန္းခ်က္ကေတာ့ခ်ဲလ္ဆီးအသင္းကိုကိုင္တြယ္ဖို႔ပါ။ကြၽန္ေတာ့္အသင္းကႏိုင္ပြဲေတြရယူႏိုင္ဖို႔ေမွ်ာ္လင့္တယ္။ၿပီးေတာ့အသင္းကအရမ္း႐ိုးသားၿပီးအရမ္းစုစည္းမႈေကာင္းတဲ့အသင္းျဖစ္လာဖို႔ေမွ်ာ္လင့္သလိုျပင္ဆင္မႈအရမ္းေကာင္းတဲ့အသင္းလည္းျဖစ္ေစခ်င္တယ္။လမ္းပတ္နဲ႔စတီဗင္(ဂ်ရတ္)တို႔ကိုၾကည့္ပါတယ္။သူတို႔ႏွစ္ဦးလုံးေအာင္ျမင္ၾကပါတယ္။လမ္းပတ္ကခ်ဲလ္ဆီးပထမဆုံးရာသီဘဲကိုင္တြယ္ခဲ့ရတယ္။ရိန္းဂ်ားမွာစတီဗင္(ဂ်ရတ္)ကမယုံႏိုင္ေလာက္စရာေကာင္းေအာင္လုပ္ျပထားတယ္။ကြၽန္ေတာ္ဟာအရင္တုန္းကနည္းျပခ်ဳပ္အျဖစ္တာဝန္ယူဖို႔တကယ္ဘဲအဆင္သင့္မျဖစ္ခဲ့ပါဘူး။ကမ္းလွမ္းမႈႏွစ္ခုေတာင္ပယ္ခ်ခဲ့ၿပီးျဖစ္ပါတယ္။ဗီလာမွာကြၽန္ေတာ့္စာခ်ဳပ္တစ္ႏွစ္သက္တမ္းက်န္ပါေသးတယ္။ကြၽန္ေတာ္ကလည္းအရင္မလိုပါဘူး။နံပါတ္တစ္ေနရာကိုလိုခ်င္ပါတယ္။ဒါေပမယ့္တစ္ခ်ိန္က်မွပါ”လို႔ေျပာၾကားသြားခဲ့ပါတယ္။

ဒါ့အျပင္ဗီလာလက္ေထာက္နည္းျပကစပါးစ္ႏွင့္ဝက္စ္ဟမ္းအသင္းကိုဘယ္ေတာ့ကိုင္တြယ္မွာမဟုတ္ေၾကာင္းလည္းေျပာၾကားသြားပါတယ္။

တယ္ရီက “ဘယ္ေတာ့မွကိုင္တြယ္မွာမဟုတ္တဲ့ကလပ္ကစပါးစ္ပါ။ဒီကလပ္ကိုေတာ့ဘယ္ေတာ့မွကိုင္တြယ္မွာမဟုတ္ပါဘူး။ၿပီးေတာ့ကြၽန္ေတာ့္ကိုဝက္စ္ဟမ္းကလည္းႀကိဳဆိုမွာမဟုတ္ပါဘူး”လို႔ေျပာၾကားသြားပါတယ္။