နည်းပြအား ထုတ်ပယ်ရန် စပိန်အမျိုးသမီးလက်ရွေးစင်အသင်းသားများ တောင်းဆိုလာ

စပိန်ဘောလုံးအဖွဲ့ချုပ်က အမျိုးသမီးလက်ရွေးစင်ကစားသမား ၁၅ဦးတို့က နည်းပြဂျော့ဗီလ်ဒါကိုရာထူးမှထုတ်ပယ်ရန်တောင်းဆိုလာကြကြောင်း အတည်ပြုလာပါတယ်။

စပိန်ဘောလုံးအဖွဲ့ချုပ်ရဲ့ထုတ်ပြန်ချက်အရ ကစားသမားများက နည်းပြကြောင့်၎င်းတို့ရဲ့စိတ်ပိုင်းဆိုင်ရာနှင့်ကျန်းမာရေးတို့ကိုထိခိုက်စေလျက်ရှိပြီး ၎င်းကိုသာနည်းပြအဖြစ်ဆက်ထားပါက၎င်းတို့အနေဖြင့်လက်ရွေးစင်အသင်းမှနုတ်ထွက်နိုင်ကြောင်းဆိုထားကြောင်းသိရပါတယ်။

ဒါပေမဲ့စပိန်ဘောလုံးအဖွဲ့ချုပ်ကတော့ လက်ရွေးစင်အသင်းနည်းပြဆက်လက်ခန့်အပ်ထားရေးကို ကစားသမားများဘက်ကမေးခွန်းထုတ်နိုင်ခြင်းမရှိကြောင်းနှင့်တကယ်လို့များလိုအပ်လာပါက ၎င်းတို့၁၅ဦးမကစားလျှင်လည်း လူငယ်ကစားသမားများနှင့်အစားထိုးကာဆက်ကစားသွားမည်ဖြစ်ကြောင်းဆိုထားပါတယ်။

စပိန်ဘောလုံးအဖွဲ့ချုပ်က “သူတို့ရဲ့ပါဝါကဒီလိုဆုံးဖြတ်ချက်တွေမှာအရေးမပါပါဘူး။ဒါမျိုးလုပ်ဆောင်မှုတွေကစံနမူနာယူစရာလည်းမရှိသလိုဘောလုံးနဲ့အားကစားတန်ဖိုးပြင်ပသို့ရောက်နေပါတယ်။တကယ်ပဲအန္တရာယ်ရှိပါတယ်။တကယ်လို့လိုအပ်လာရင်လူငယ်တွေနဲ့ကစားသွားပါမယ်။လက်ရွေးစင်အသင်ဟာစီမံကိန်းကိုထောက်ခံတဲ့၊ကျွန်တော်တို့ရဲ့အရောင်ကိုကာကွယ်တဲ့၊စပိန်အင်္ကျီကိုဝတ်ဆင်ရတာဂုဏ်ယူတဲ့သူတွေကိုပဲလိုအပ်ပါတယ်”လို့ဆိုထားပါတယ်။

စပိန်ဘောလုံးအဖွဲ့ချုပ်ဟာ နည်းပြဗီလ်ဒါကိုရာထူးမှထုတ်ပယ်ရန်တောင်းဆိုတဲ့အမျိုးသမီးလက်ရွေးစင်အသင်းကစားသမား၁၅ဦးရဲ့အမည်ကိုတော့ကြေညာထားခြင်းမရှိပါဘူး။

အသက်၄၁နှစ်ရှိဗီလ်ဒါဟာ၂၀၁၅ခုနှစ်ကတည်းကစပိန်အမျိုးသမီးလက်ရွေးစင်အသင်းကိုကိုင်တွယ်လာခဲ့တာဖြစ်ပြီးယူရို၂၀၂၂ပြိုင်ပွဲတုန်းကကွာတားဖိုင်နယ်တွင်အိမ်ရှင်ချန်ပီယံအင်္ဂလန်ကိုအချိန်ပိုမှာရှုံးနိမ့်ခဲ့ပါတယ်။

ZawGyi

နည္းျပအား ထုတ္ပယ္ရန္ စပိန္အမ်ိဳးသမီးလက္ေ႐ြးစင္အသင္းသားမ်ား ေတာင္းဆိုလာ

စပိန္ေဘာလုံးအဖြဲ႕ခ်ဳပ္က အမ်ိဳးသမီးလက္ေ႐ြးစင္ကစားသမား ၁၅ဦးတို႔က နည္းျပေဂ်ာ့ဗီလ္ဒါကိုရာထူးမွထုတ္ပယ္ရန္ေတာင္းဆိုလာၾကေၾကာင္း အတည္ျပဳလာပါတယ္။

စပိန္ေဘာလုံးအဖြဲ႕ခ်ဳပ္ရဲ႕ထုတ္ျပန္ခ်က္အရ ကစားသမားမ်ားက နည္းျပေၾကာင့္၎တို႔ရဲ႕စိတ္ပိုင္းဆိုင္ရာႏွင့္က်န္းမာေရးတို႔ကိုထိခိုက္ေစလ်က္ရွိၿပီး ၎ကိုသာနည္းျပအျဖစ္ဆက္ထားပါက၎တို႔အေနျဖင့္လက္ေ႐ြးစင္အသင္းမွႏုတ္ထြက္ႏိုင္ေၾကာင္းဆိုထားေၾကာင္းသိရပါတယ္။

ဒါေပမဲ့စပိန္ေဘာလုံးအဖြဲ႕ခ်ဳပ္ကေတာ့ လက္ေ႐ြးစင္အသင္းနည္းျပဆက္လက္ခန႔္အပ္ထားေရးကို ကစားသမားမ်ားဘက္ကေမးခြန္းထုတ္ႏိုင္ျခင္းမရွိေၾကာင္းႏွင့္တကယ္လို႔မ်ားလိုအပ္လာပါက ၎တို႔၁၅ဦးမကစားလွ်င္လည္း လူငယ္ကစားသမားမ်ားႏွင့္အစားထိုးကာဆက္ကစားသြားမည္ျဖစ္ေၾကာင္းဆိုထားပါတယ္။

စပိန္ေဘာလုံးအဖြဲ႕ခ်ဳပ္က “သူတို႔ရဲ႕ပါဝါကဒီလိုဆုံးျဖတ္ခ်က္ေတြမွာအေရးမပါပါဘူး။ဒါမ်ိဳးလုပ္ေဆာင္မႈေတြကစံနမူနာယူစရာလည္းမရွိသလိုေဘာလုံးနဲ႔အားကစားတန္ဖိုးျပင္ပသို႔ေရာက္ေနပါတယ္။တကယ္ပဲအႏၲရာယ္ရွိပါတယ္။တကယ္လို႔လိုအပ္လာရင္လူငယ္ေတြနဲ႔ကစားသြားပါမယ္။လက္ေ႐ြးစင္အသင္ဟာစီမံကိန္းကိုေထာက္ခံတဲ့၊ကြၽန္ေတာ္တို႔ရဲ႕အေရာင္ကိုကာကြယ္တဲ့၊စပိန္အက်ႌကိုဝတ္ဆင္ရတာဂုဏ္ယူတဲ့သူေတြကိုပဲလိုအပ္ပါတယ္”လို႔ဆိုထားပါတယ္။

စပိန္ေဘာလုံးအဖြဲ႕ခ်ဳပ္ဟာ နည္းျပဗီလ္ဒါကိုရာထူးမွထုတ္ပယ္ရန္ေတာင္းဆိုတဲ့အမ်ိဳးသမီးလက္ေ႐ြးစင္အသင္းကစားသမား၁၅ဦးရဲ႕အမည္ကိုေတာ့ေၾကညာထားျခင္းမရွိပါဘူး။

အသက္၄၁ႏွစ္ရွိဗီလ္ဒါဟာ၂၀၁၅ခုႏွစ္ကတည္းကစပိန္အမ်ိဳးသမီးလက္ေ႐ြးစင္အသင္းကိုကိုင္တြယ္လာခဲ့တာျဖစ္ၿပီးယူ႐ို၂၀၂၂ၿပိဳင္ပြဲတုန္းကကြာတားဖိုင္နယ္တြင္အိမ္ရွင္ခ်န္ပီယံအဂၤလန္ကိုအခ်ိန္ပိုမွာရႈံးနိမ့္ခဲ့ပါတယ္။