နည်းပြအီရန်ဘာရာကလောက်ကို မြောက်အိုင်ယာလန်ထုတ်ပယ်

မြောက်အိုင်ယာလန်ဘောလုံးအဖွဲ့ချုပ်ဟာနည်းပြအီရန်ဘာရာကလောက်ကို ရာထူးမှထုတ်ပယ်လိုက်ပါတယ်။

မြောက်အိုင်ယာလန်ဘောလုံးအဖွဲ့ချုပ်ဘုတ်အဖွဲ့ဝင်များဟာ ဘဲလ်ဖတ်စ်တွင် တွေ့ဆုံဆွေးနွေးမှုပြုလုပ်ပြီးနောက် ဘာရာကလောက်ကိုရာထူးမှထုတ်ပယ်ရန်ဆုံးဖြတ်လိုက်တာလည်းဖြစ်ပါတယ်။

မြောက်အိုင်ယာလန်ဟာဘာရာကလောက်လက်အောက်တွင်ပြိုင်ပွဲ၂၂ပွဲကစားခဲ့ရာမှာ၄ပွဲတည်းသာအနိုင်ရရှိခဲ့ပါတယ်။

ဘာရာကလောက်ဟာလွန်ခဲ့တဲ့၂၈လတုန်းကမိုက်ကယ်အိုနေးလ်နေရာတွင်အစားထိုးခန့်အပ်ခြင်းခံခဲ့ရသူဖြစ်ပါတယ်။

မြောက်အိုင်ယာလန်ဟာစက်တင်ဘာလတုန်းကဂရိကိုရှုံးနိမ့်ခဲ့ပေမဲ့ နေးရှင်းလိဂ်စတုတ္ထတန်းသို့ဆင်းရမယ့်အရေးနှင့်ကြုံခဲ့ရပြီးနောက် ဘာရာကလောက်ကိုထုတ်ပယ်ဖို့ဆုံးဖြတ်လိုက်တာလည်းဖြစ်ပါတယ်။

ZawGyi




မြောက်အိုင်ယာလန်ဟာဘာရာကလောက်လက်အောက်တွင်ပြိုင်ပွဲ၂၂ပွဲကစားခဲ့ရာမှာ၎ပွဲတည်းသာအနိုင်ရရှိခဲ့ပါတယ်။

